11
သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။ လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။ မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။ လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။ နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။ နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။ အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။ သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။ 10 သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။