31
ထာဝရဘုရားစံတော်မူရာတဲတော်အတွက် အတတ်ပညာရှင်များ
(ထွ၊ ၃၅:၃၀-၃၆:၁)
1-2 ထာဝရဘုရားကမောရှေအား``ငါသည်ယုဒ အနွယ်မှဟုရ၏မြေး၊ ဥရိ၏သားဖြစ်သူ ဗေဇလေလကိုရွေးချယ်ထားပြီ။-
3-5 သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
6 သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊-
7 သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
8 စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
9 မီးရှို့ရာယဇ်ပူဇော်ရာပလ္လင်နှင့်သက်ဆိုင် ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေခံ၊-
10 အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အမှုကိုဆောင်ရွက်ရာ၌ ဝတ်ဆင်ရန်၊ ထည် ဝါသောယဇ်ပုရောဟိတ်ဝတ်စုံများ၊-
11 ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။
ဥပုသ်နေ့
12-13 တစ်ဖန်ထာဝရဘုရားကမောရှေအား``ဣသ ရေလအမျိုးသားတို့အားဤသို့ဆင့်ဆို လော့။ ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ဥပုသ် နေ့သည်ငါထာဝရဘုရားက သင်တို့အား ငါ၏လူမျိုးတော်အဖြစ်ရွေးချယ်ထား ကြောင်းကို သားစဉ်မြေးဆက်သတိရစေ သောအထိမ်းအမှတ်ဖြစ်သတည်း။-
14 ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
15 သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
16 ဣသရေလအမျိုးသားတို့သည်ဥပုသ်နေ့ ကို ပဋိညာဉ်၏အထိမ်းအမှတ်အဖြစ်စောင့် ထိန်းရမည်။ ငါထာဝရဘုရားသည်ခြောက် ရက်တွင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း ၍၊ သတ္တမနေ့၌အလုပ်မှနားတော်မူသည် ဖြစ်သောကြောင့်၊-
17 ဥပုသ်နေ့သည်ငါနှင့်ဣသရေလအမျိုး သားတို့ပြုသောပဋိညာဉ်၏ထာဝရ အထိမ်းအမှတ်ဖြစ်သတည်း'' ဟုမိန့် တော်မူ၏။
18 ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။