5
အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်
(၅ရာ၊ ၁:၁-၄)
အာ​ဒံ​၏​သား​စဉ်​မြေး​ဆက်​စာ​ရင်း​ကို​ဖော် ပြ​ပေ​အံ့။ (ဘု​ရား​သ​ခင်​သည်​လူ​ကို​ဖန်​ဆင်း ရာ​၌ မိ​မိ​၏​ပုံ​သဏ္ဌာန်​နှင့်​တူ​စွာ​ဖန်​ဆင်း​တော် မူ​၏။- ကိုယ်​တော်​သည်​လူ​ယောကျာ်း​နှင့်​လူ​မိန်းမ​တို့ ကို​ဖန်​ဆင်း​၍ သူ​တို့​အား​ကောင်း​ချီး​ပေး လျက်​လူ​ဟု​သ​မုတ်​တော်​မူ​၏။-) အာ​ဒံ​သည်​အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သူ​နှင့်​ရုပ်​ချင်း​တူ​သော​သား​ကို​ရ​၍ ရှေ​သ ဟု​နာ​မည်​မှည့်​လေ​၏။- ထို​သား​ကို​ရ​ပြီး​နောက်​အာ​ဒံ​သည် နှစ်​ပေါင်း ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​လျက် သား​သ​မီး များ​ထပ်​ရ​သေး​၏။- သူ​သည်​အ​သက်​ကိုး​ရာ​သုံး​ဆယ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
ရှေ​သ​သည်​အ​သက်​တစ်​ရာ့​ငါး​နှစ်​ရှိ​သော အ​ခါ​သား​ဧ​နုတ်​ကို​ရ​၏။- ထို​နောက်​သူ​သည်​ရှစ်​ရာ​ခု​နစ်​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည်​နေ​ရ​ပြီး​လျှင် သား​သ​မီး များ​ထပ်​၍​ရ​သေး​၏။- သူ​သည်​အ​သက်​ကိုး​ရာ​တစ်​ဆယ့်​နှစ်​နှစ်​ရှိ သော်​ကွယ်​လွန်​လေ​၏။
ဧ​နုတ်​သည်​အ​သက်​ကိုး​ဆယ်​ရှိ​သော​အ​ခါ သား​ကာ​ဣ​နန်​ကို​ရ​ပြီး​နောက်၊- 10 ရှစ်​ရာ​တစ်​ဆယ့်​ငါး​နှစ်​ဆက်​၍ အ​သက်​ရှည်​ရှည် နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍ ရ​သေး​၏။- 11 အ​သက်​ကိုး​ရာ​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​၏။
12 ကာ​ဣ​နန်​သည်​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော​အ​ခါ သား​မဟာ​လေ​လ​ကို​ရ​ပြီး​နောက်၊- 13 နှစ်​ပေါင်း​ရှစ်​ရာ​လေး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။- 14 အ​သက်​ကိုး​ရာ​တစ်​ဆယ်​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။
15 မ​ဟာ​လေ​လ​သည်​အ​သက်​ခြောက်​ဆယ်​နှစ်​ရှိ သော​အ​ခါ သား​ယာ​ရက်​ကို​ရ​ပြီး​နောက်၊- 16 နှစ်​ပေါင်း​ရှစ်​ရာ​သုံး​ဆယ်​ဆက်​၍​အ​သက်​ရှည် ရှည်​နေ​ရ​လေ​၏။ သူ​သည်​သား​သ​မီး​များ​ထပ် ၍​ရ​သေး​၏။- 17 အ​သက်​ရှစ်​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန် လေ​၏။
18 ယာ​ရက်​သည်​အ​သက်​တစ်​ရာ့​ခြောက်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​သား​ဧ​နောက်​ကို​ရ​ပြီး​နောက်၊- 19 နှစ်​ရှစ်​ရာ​ဆက်​၍​အ​သက်​ရှည်​ရှည်​နေ​ရ​၏။ သူ သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။- 20 အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​နှစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
21 ဧ​နောက်​သည်​အ​သက်​ခြောက်​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ သား​မ​သု​ရှ​လ​ကို​ရ​လေ​၏။- 22 ဧ​နောက်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​လျက် နှစ်​ပေါင်း​သုံး​ရာ​ဆက်​၍​အ​သက်​ရှည်​၍ နေ​ထိုင်​စဉ်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။- 23 သူ​သည်​အ​သက်​သုံး​ရာ​ခြောက်​ဆယ့်​ငါး​နှစ် အ​ထိ​အ​သက်​ရှည်​၏။- 24 သူ​သည်​သူ​၏​ဘ​ဝ​တစ်​လျှောက်​လုံး​တွင် ထာ​ဝ​ရ ဘု​ရား​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍ သက်​ရှင်​နေ​ထိုင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​သိမ်း​ယူ တော်​မူ​သ​ဖြင့်​ကွယ်​ပျောက်​သွား​လေ​၏။
25 မ​သု​ရှ​လ​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့် ခု​နစ်​နှစ်​ရှိ​သော​အ​ခါ သား​လာ​မက်​ကို​ရ​ပြီး နောက်၊- 26 ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​ဆက်​၍​အ​သက်​ရှည်​၏။ သူ​သည်​သား​သ​မီး​များ​ထပ်​၍​ရ​သေး​၏။- 27 အ​သက်​ကိုး​ရာ​ခြောက်​ဆယ့်​ကိုး​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​၏။
28 လာ​မက်​သည်​လည်း​အ​သက်​တစ်​ရာ​ရှစ်​ဆယ့်​နှစ် နှစ်​ရှိ​သော​အ​ခါ သား​တစ်​ယောက်​ကို​ရ​လေ​၏။- 29 ``ထာ​ဝ​ရ​ဘု​ရား​က​မြေ​ကို​ကျိန်​စာ​သင့်​စေ သ​ဖြင့် ငါ​တို့​သည်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရာ​မှ ဤ​သား​သည်​သက်​သာ​ရာ​ရ​စေ​မည့်​သူ​ဖြစ် သည်'' ဟု​လာ​မက်​ဆို​၍​ထို​သား​ကို​နော​ဧ​ဟု နာ​မည်​မှည့်​လေ​၏။- 30 သူ​သည်​ငါး​ရာ​ကိုး​ဆယ့်​ငါး​နှစ်​ဆက်​၍​အ​သက် ရှည်​၍​နေ​ထိုင်​စဉ် သား​သ​မီး​များ​ထပ်​၍​ရ​သေး ၏။- 31 အ​သက်​ခု​နစ်​ရာ​ခု​နစ်​ဆယ့်​ခု​နစ်​နှစ်​ရှိ​သော် ကွယ်​လွန်​လေ​သည်။
32 နော​ဧ​သည်​အ​သက်​ငါး​ရာ​ပြည့်​ပြီး​နောက်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​နာ​မည်​ရှိ​သား​သုံး​ယောက်​ကို ရ​လေ​၏။
5:1 က၊ ၁:၂၇-၂၈။ 5:2 မ၊ ၁၉:၄။ မာ၊ ၁၀:၆။ 5:24 ဟေဗြဲ၊ ၁၁:၅။ ယု၊ ၁၄။