3
မောရှေထက်သခင်ယေရှုကြီးမြတ်တော်မူခြင်း
1 ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
2 မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။-
3 အိမ်တစ်ဆောင်ကိုတည်ဆောက်သူသည် အိမ်ထက် ပို၍ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံထိုက်သကဲ့သို့ သခင်ယေရှုသည်လည်း မောရှေထက်ပို၍ချီး မြှင့်ခြင်းကိုခံထိုက်ပေသည်။-
4 အိမ်မည်သည်ကားတည်ဆောက်သူတစ်ဦးရှိ မြဲပင်ဖြစ်၏။ အရာခပ်သိမ်းကိုတည်ဆောက် သူကားဘုရားသခင်ပေတည်း။-
5 မောရှေသည်အစေခံအနေဖြင့်ဘုရား သခင်၏အိမ်တော်တွင်သစ္စာစောင့်လျက် အနာ ဂတ်ကာလ၌ကိုယ်တော်မိန့်ကြားတော်မူ မည့်အရာများကိုပြောကြားပေသည်။-
6 ခရစ်တော်မူကားဘုရားသခင်၏အိမ်တော် ကိုအစိုးရသောသားတော်အနေဖြင့် သစ္စာ စောင့်တော်မူသတည်း။ ငါတို့သည်ရဲစွမ်း သတ္တိရှိ၍မိမိတို့မျှော်လင့်သည့်အရာကို ယုံကြည်စိတ်ချမှုရှိပါလျှင်ငါတို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ဘုရားသခင်၏လူစုတော်အတွက် ငြိမ်ဝပ်ရာချမ်းသာ
7 သို့ဖြစ်၍သန့်ရှင်းသောဝိညာဉ်တော်က အောက်ပါအတိုင်းမိန့်တော်မူသည်။
``ဘုရားသခင်၏အသံတော်ကိုယနေ့ကြား လျှင်
8 ခေါင်းမမာကြနှင့်။ သင်တို့ဘိုးဘေးများသည် ကိုယ်တော်အားပုန်ကန်၍
တောကန္တာရတွင်ကိုယ်တော်ကိုအကဲစမ်းကြ၏။
သူတို့ခေါင်းမာကြသကဲ့သို့သင်တို့ခေါင်း မမာကြနှင့်။
9 သင်တို့ဘိုးဘေးများသည်အနှစ်လေးဆယ်တိုင် တိုင်
ငါပြုတော်မူသောအမှုကိုတွေ့မြင်ခဲ့သော်လည်း ငါ့ကိုဆန့်ကျင်၍အကဲစမ်းကြ၏။
10 သို့ဖြစ်၍ငါသည်သူတို့အားအမျက်ထွက် သြဖင့် `သူတို့သည်အစဉ်သစ္စာဖောက်ကြ၏။
ငါ၏အမိန့်တော်များကိုမလိုက်နာကြ' ဟု ငါဆို၏။
11 ငါသည်အမျက်ထွက်သဖြင့်`သူတို့သည် အဘယ်အခါ၌မျှ
ငြိမ်ဝပ်ရာချမ်းသာကိုခံစားရန်၊ြုပည်တော်သို့ ဝင်ကြရလိမ့်မည်မဟုတ်'
ဟုငါကျိန်ဆိုခဲ့၏။''
12 ယုံကြည်သူညီအစ်ကိုတို့၊ အသက်ရှင်တော် မူသောဘုရားသခင်ကိုကျောခိုင်းသွားသည် တိုင်အောင် ဆိုးညစ်ယုံမှားတတ်သူတစ်စုံတစ် ယောက်မျှသင်တို့တွင်မရှိစေရန်သတိပြု ကြလော့။-
13 သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကို ခံရကာခေါင်းမမာကြစေရန် ကျမ်းစာတွင် ဖော်ပြသည့်`ယနေ့' ဟူသောစကားရပ်သည် ငါတို့နှင့်ဆိုင်သမျှကာလပတ်လုံးနေ့စဉ် နေ့တိုင်း အချင်းချင်းတစ်ယောက်ကိုတစ် ယောက်ကူညီမစရမည်။-
14 ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
15 ကျမ်းစာတော်က၊
``သင်တို့သည်ယနေ့ဘုရားသခင်အသံတော်ကို ကြားရလျှင်
ဘုရားသခင်အား၊သင်တို့၏ဘိုးဘေးများ
ပုန်ကန်စဉ်အခါကခေါင်းမာကြသကဲ့သို့ ခေါင်းမမာကြနှင့်''
ဟုဖော်ပြပေသည်။-
16 ဘုရားသခင်၏အသံတော်ကိုကြားကြပြီး မှ ကိုယ်တော်ကိုပုန်ကန်ကြသူများကားအဘယ် သူတို့နည်း။ ထိုသူတို့ကားအီဂျစ်ပြည်မှ မောရှေ ထုတ်ဆောင်လာသောသူအပေါင်းတို့ဖြစ်ပေ သည်။-
17 နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဘုရားသခင်၏ အမျက်တော်ရှခြင်းကိုခံရသူတို့ကား အဘယ်သူများနည်း။ ဒုစရိုက်အပြစ်ပြု သဖြင့် တောကန္တာရတွင်လဲ၍သေဆုံးသူ များဖြစ်၏။-
18 ``သူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိရန် ပြည်တော်သို့ဝင်ခွင့်ကို အဘယ်အခါ၌မျှ ငါပေးလိမ့်မည်မဟုတ်'' ဟုအဘယ်သူတို့ ကိုရည်ညွှန်း၍ဘုရားသခင်ကျိန်ဆိုတော် မူပါသနည်း။ ကိုယ်တော်၏စကားကိုနား မထောင်သူများကိုရည်ညွှန်းခြင်းပင် မဟုတ်လော။-
19 သို့ဖြစ်၍သူတို့သည်မယုံကြည်သော ကြောင့် ပြည်တော်သို့မဝင်နိုင်သည်ကိုငါ တို့သိကြ၏။