19
လေ​ဝိ​အ​မျိုး​သား​နှင့်​မ​ယား​ငယ်
ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ရှင်​ဘု​ရင်​မ​ပေါ်​မ​ရှိ သေး​မီ​ကာ​လ​၌ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ အ​စွန်​အ​ဖျား​တွင်​နေ​ထိုင်​သော​လေ​ဝိ​အ​မျိုး သား​တစ်​ယောက်​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သူ​တစ်​ယောက်​ကို​အ​ပျော်​မ​ယား​အ​ဖြစ် သိမ်း​ယူ​၏။- သို့​ရာ​တွင်​ထို​သူ​ငယ်​မ​သည်​ခင်​ပွန်း​နှင့် စိတ်​ဆိုး​သ​ဖြင့် ဗက်​လင်​မြို့​ရှိ​သူ့​ဖခင်​၏ အိမ်​သို့​ပြန်​ပြီး​လျှင်​ထို​အိမ်​တွင်​လေး​လ မျှ​နေ​လေ​သည်။- ထို​အ​ခါ​လင်​ဖြစ်​သူ​သည်​သူ့​အား​ချော့​မော့​၍ မိ​မိ​ထံ​ပြန်​လာ​ရန်​ကြိုး​စား​မည်​ဟု​ဆုံး​ဖြတ် ကာ မိ​မိ​နှင့်​အ​တူ​မြည်း​နှစ်​ကောင်​နှင့်​အ​စေ​ခံ ကို​ပါ​ခေါ်​၍​သွား​၏။ သူ​ငယ်​မ​သည်​လေဝိ အ​မျိုး​သား​အား​အိမ်​ထဲ​သို့​ဝင်​ရန်​ဖိတ်​ခေါ် လိုက်​ရာ​ဖ​ခင်​ဖြစ်​သူ​သည် သူ့​ကို​မြင်​လျှင် ဝမ်း​မြောက်​စွာ​ကြို​ဆို​လက်​ခံ​လေ​သည်။- သူ့​အား​လည်း​ဆက်​လက်​နေ​ထိုင်​ရန်​တိုက် တွန်း​၏။ ထို့​ကြောင့်​သူ​သည်​ယောက္ခ​မ​အိမ်​တွင် သုံး​ရက်​မျှ​နေ​ထိုင်​လေ​သည်။ သ​မက်​သည် ထို​အိမ်​၌​စား​သောက်​တည်း​ခို​ပြီး​နောက်၊- စ​တုတ္ထ​နေ့​နံ​နက်​၌​စော​စော​ထ​၍​ခ​ရီး​ထွက် ရန်​ပြင်​ဆင်​သော​အ​ခါ ယောက္ခ​မ​က``စား​စ​ရာ ကို​ဦး​စွာ​သုံး​ဆောင်​၍​အား​ဖြည့်​ပြီး​မှ​ခ​ရီး ထွက်​ပါ'' ဟု​ပြော​၏။
သို့​ဖြစ်​၍​ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ ထိုင်​၍​စား​သောက်​ကြ​၏။ ထို​နောက်​ယောက္ခ​မ က``ယ​နေ့​လည်း​အိပ်​ပါ​ဦး​ပျော်​မွေ့​စွာ​နေ ပါ​ဦး'' ဟု​ဆို​၏။
လေ​ဝိ​အ​မျိုး​သား​သည်​ထ​၍​ခ​ရီး​သွား​ရန် ပြင်​ဆင်​သော်​လည်း ယောက္ခ​မ​ဖြစ်​သူ​က​ဆက် လက်​နေ​ထိုင်​ရန်​တိုက်​တွန်း​သ​ဖြင့် ထို​ည​တွင် လည်း​ထို​အိမ်​၌​အိပ်​လေ​သည်။- ငါး​ရက်​မြောက်​သော​နေ့​နံနက်​စော​စော​၌​သူ သည် ခ​ရီး​သွား​ရန်​ထ​သော​အ​ခါ​ယောက္ခ​မ က``ကျေး​ဇူး​ပြု​၍​အ​စာ​စား​ပါ​ဦး။ နေ​မြင့် သည်​တိုင်​အောင်​စောင့်​ပါ​ဦး'' ဟု​ဆို​သ​ဖြင့် ယောက္ခ​မ​နှင့်​သမက်​တို့​သည်​အ​တူ​တ​ကွ စား​ကြ​၏။
သူ​သည်​မိ​မိ​၏​မယား​ငယ်​နှင့်​အ​စေ​ခံ​ကို ခေါ်​၍ ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​ယောက္ခ​မ က``ကြည့်​ပါ​ည​နေ​ချမ်း​အ​ချိန်​သို့​ရောက် လေ​ပြီ။ မ​ကြာ​မီ​ပင်​မှောင်​လာ​တော့​အံ့။ ဤ အ​ရပ်​၌​ပင်​တစ်​ည​အိပ်​၍​ပျော်​မွေ့​စွာ​နေ ပါ​လော့။ နက်​ဖြန်​နံ​နက်​စော​စော​ထ​၍​ပြန် ပါ​လော့'' ဟု​ဆို​လေ​သည်။
10-11 သို့​ရာ​တွင်​လေဝိ​အ​မျိုး​သား​သည်​နောက်​တစ် ည​မ​နေ​လို​တော့​သ​ဖြင့် ကုန်း​နှီး​တင်​ထား သည့်​မြည်း​နှစ်​စီး​ပါ​လျက် မိ​မိ​မ​ယား​ငယ် နှင့်​အ​တူ​စ​တင်​ခ​ရီး​ထွက်​လေ​၏။ သူ​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော​ယေ​ဗုတ် မြို့​သို့​ရောက်​သော​အ​ခါ နေ့​အ​ချိန်​ကုန်​လွန် ခါ​နီး​လေ​ပြီ။ ထို့​ကြောင့်​အ​စေ​ခံ​က​မိ​မိ ၏​သ​ခင်​အား``ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​မြို့​၌​ပင်​အ​ကျွန်ုပ်​တို့​အိပ်​ကြ ရ​အောင်'' ဟု​ပြော​၏။
12-13 သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။- 14 သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ဗုတ်​မြို့​ကို​ကျော် ဖြတ်​၍​ဆက်​လက်​ခ​ရီး​ပြု​ရာ ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့​၏​နယ်​မြေ​ရှိ​ဂိဗာ​မြို့​သို့​ရောက်​ကြ​၏။ ထို​အ​ခါ​၌​နေ​ဝင်​လျက်​နေ​လေ​ပြီ။- 15 ထို့​ကြောင့်​သူ​တို့​သည်​ထို​မြို့​တွင်​အိပ်​စက် နား​နေ​ရန်​မြို့​ထဲ​သို့​ဝင်​ပြီး​လျှင် မြို့​တံ​ခါး အ​နီး​ရှိ​ကွက်​လပ်​၌​ထိုင်​နေ​ကြ​၏။ သို့​သော် လည်း​မည်​သူ​မျှ​မိ​မိ​အိမ်​တွင်​တည်း​ခို​ရန် သူ​တို့​အား​ခေါ်​ဖိတ်​ခြင်း​မ​ပြု​ကြ​ချေ။
16 ယင်း​သို့​သူ​တို့​ထိုင်​နေ​ကြ​စဉ်​အ​ဖိုး​အို တစ်​ယောက်​သည် ညဥ့်​ဦး​ယံ​၌​လယ်​လုပ်​ရာ​မှ ပြန်​လာ​လေ​သည်။ သူ​သည်​ယ​ခု​အ​ခါ​၌ ဂိ​ဗာ​မြို့​တွင်​နေ​ထိုင်​လျက်​ရှိ​သော်​လည်း အ​စ​က​မူ​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​ခဲ့​သူ​ဖြစ်​၏။ (ထို​မြို့​ရှိ​အ​ခြား သူ​တို့​မှာ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ် သ​တည်း။-) 17 အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။
18 လေ​ဝိ​အ​မျိုး​သား​က​လည်း``ကျွန်ုပ်​တို့​သည် ယု​ဒ​ပြည်​ဗက်​လင်​မြို့​သို့​သွား​ရောက်​ခဲ့​ပြီး နောက် ကျွန်ုပ်​တို့​၏​နေ​အိမ်​ရှိ​ရာ​ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​အ​စွန်း​အ​ဖျား​သို့​ပြန် ရန်​ခ​ရီး​သွား​နေ​ကြ​ပါ​၏။ ကျွန်ုပ်​တို့​အား ဤ​ည​အ​တွက်​တည်း​ခို​ရန်​ဖိတ်​ခေါ်​သူ မ​ရှိ​ပါ။- 19 ကျွန်ုပ်​တို့​တွင်​မိ​မိ​တို့​မြည်း​များ​အ​တွက် ကောက်​ရိုး၊ ကျွန်ုပ်​နှင့်​ကျွန်ုပ်​၏​မ​ယား​နှင့် အ​စေ​ခံ​အ​တွက် အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ရှိ​ပါ​၏။ အ​ကျွန်ုပ်​တို့​မှာ​တစ်​စုံ​တစ်​ခု မျှ​မ​လို​ပါ'' ဟု​ပြန်​ပြော​လေ​သည်။
20 အ​ဖိုး​အို​က``သင်​သည်​ငါ​၏​အိမ်​တွင်​တည်း ခို​နိုင်​ပါ​သည်။ သင့်​အား​ငါ​ကြည့်​ရှု​ပြု​စု အံ့။ ဤ​ည​၌​ကွက်​လပ်​တွင်​သင်​တို့​အိပ် စက်​ရန်​မ​လို​ပါ'' ဟု​ဆို​၏။- 21 သို့​ဖြစ်​၍​သူ​သည်​ထို​သူ​တို့​ကို​မိ​မိ​၏​အိမ် သို့​ခေါ်​ဆောင်​ပြီး​လျှင် သူ​တို့​၏​မြည်း​များ ကို​အ​စာ​ကျွေး​၏။ သူ​၏​ဧည့်​သည်​တို့​သည် လည်း​ခြေ​ဆေး​ပြီး​လျှင်​အ​စား​အ​စာ​သုံး ဆောင်​ကြ​လေ​သည်။
22 ယင်း​သို့​သူ​တို့​ပျော်​မွေ့​လျက်​နေ​ကြ​စဉ် ထို မြို့​က​အ​ဋ္ဌမ္မ​သား​အ​ချို့​တို့​သည်​အိမ်​ကို ဝိုင်း​ရံ​ထား​ပြီး​နောက်​တံ​ခါး​ကို​ထု​ရိုက် ကြ​၏။ အ​ဖိုး​အို​အား​လည်း``သင်​နှင့်​အ​တူ လိုက်​လာ​သူ​ကို​ခေါ်​ထုတ်​ပေး​ပါ။ ငါ​တို့ သူ​နှင့်​ကာ​မ​ရာ​ဂ​ဆက်​ဆံ​လို​ပါ​သည်'' ဟု​ဆို​ကြ​၏။
23 သို့​ရာ​တွင်​အ​ဖိုး​အို​သည်​အိမ်​ပြင်​သို့​ထွက် ၍``မိတ်​ဆွေ​တို့၊ ကျေး​ဇူး​ပြု​၍​ဤ​သို့​ဆိုး​ညစ် ဟော့​ရမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်။ ဤ သူ​သည်​ငါ​၏​ဧည့်​သည်​ဖြစ်​ပါ​သည်။- 24 ဤ​မှာ​သူ​၏​မယား​ငယ်​နှင့်​ငါ့​ကိုယ်​ပိုင်​သ​မီး အ​ပျို​စင်​ရှိ​ပါ​၏။ သူ​တို့​အား​ယ​ခု​ငါ​ထုတ် ပေး​ပါ​မည်။ သင်​တို့​အ​လို​ရှိ​သ​လို​ပြု​ကျင့် ကြ​ပါ။ သို့​ရာ​တွင်​ငါ​၏​ဧည့်​သည်​ကို​မူ​ဤ မျှ​ဆိုး​သွမ်း​သည့်​အ​မှု​ကို​မ​ပြု​ကြ​ပါ​နှင့်'' ဟု​တောင်း​ပန်​၏။- 25 သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ​၏​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့် လေ​ဝိ​အ​မျိုး​သား သည်​မိ​မိ​၏​မ​ယား​ငယ်​ကို​ထုတ်​၍ သူ​တို့ အား​အပ်​လိုက်​သ​ဖြင့်​သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား တစ်​ည​လုံး​ရက်​စက်​ကြမ်း​ကြုတ် စွာ​ပြု​ပြီး​နောက်​မိုး​သောက်​မှ​လွှတ်​လိုက် ကြ​၏။
26 အ​ရုဏ်​တက်​ချိန်​၌​အ​မျိုး​သ​မီး​သည်​လာ​၍ မိ​မိ​၏​ခင်​ပွန်း​ရှိ​ရာ​အ​ဖိုး​အို​၏​အိမ်​တံ​ခါး​ဝ ၌​လဲ​ကျ​သွား​တော့​၏။ သူ​သည်​မိုး​လင်း​ချိန်​၌ လည်း​ထို​နေ​ရာ​တွင်​ပင်​ရှိ​နေ​သေး​၏။- 27 ထို​နေ့​နံ​နက်​၌​သူ​၏​ခင်​ပွန်း​သည်​ခ​ရီး​ပြု​ရန် ထ​၍​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ မိ​မိ​၏ မ​ယား​ငယ်​သည်​တံ​ခါး​ခုံ​ကို​လက်​တင်​၍​အိမ် ရှေ့​တွင်​လဲ​လျက်​နေ​သည်​ကို​တွေ့​ရှိ​ရ​လေ​သည်။- 28 သူ​က``ထ​လော့၊ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​သော် လည်း​မည်​သည့်​အ​ဖြေ​ကို​မျှ​မ​ရ​ချေ။ သို့ ဖြစ်​၍​သူ​သည်​သူ​ငယ်​မ​၏​ရုပ်​အ​လောင်း ကို​မြည်း​ပေါ်​တွင်​တင်​၍​အိမ်​သို့​ပြန်​လေ​၏။- 29 အိမ်​သို့​ရောက်​သော​အ​ခါ​အိမ်​ထဲ​သို့​ဝင်​ပြီး လျှင်​ဋ္ဌား​တစ်​လက်​ကို​ယူ​၍ မ​ယား​ငယ်​၏ ရုပ်​အ​လောင်း​ကို​တစ်​ဆယ့်​နှစ်​ပိုင်း​ဖြတ်​၏။ ထို နောက်​ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ထံ သို့​တစ်​ပိုင်း​စီ​ပေး​ပို့​လိုက်​လေ​သည်။- 30 ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သူ​မှန်​သ​မျှ တို့​က``ဤ​အ​မှု​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ ၌​မျှ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။ အီ​ဂျစ်​ပြည်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထွက်​ခွာ​လာ​ချိန် မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​မ​ဖြစ်​မ​ပျက် ခဲ့​ဘူး​ပါ။ ထို့​ကြောင့်​ငါ​တို့​သည်​ဤ​အ​မှု​နှင့် ပတ်​သက်​၍​တစ်​ခု​ခု​ပြု​ကြ​ရ​မည်။ အ​ဘယ် သို့​ပြု​ကြ​ရ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။
19:24 က၊ ၁၉:၅-၈။ 19:29 ၁ရာ၊ ၁၁:၇။