8
1 ``ထိုအချိန်ကာလ၌လူတို့သည် ယုဒ ဘုရင်များနှင့်မှူးမတ်များ၊ ယဇ်ပုရောဟိတ် များ၊ ပရောဖက်များနှင့်အခြားယေရုရှလင် မြို့သားများ၏အရိုးတို့ကို သက်ဆိုင်ရာ သင်္ချိုင်းတွင်းများမှတူးဖော်ကြလိမ့်မည်။-
2 သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
3 ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
အပြစ်နှင့်တရားစီရင်ခြင်း
4 လူတို့အားဆင့်ဆိုရန် ထာဝရဘုရားမိန့် တော်မူသည်မှာ``အဘယ်သူသည်လဲကျပြီး နောက်ပြန်မထဘဲနေသနည်း။ အဘယ်သူ သည်လမ်းမှားသွားပြီးနောက်ပြန်မလှည့် ဘဲနေသနည်း။-
5 ယေရုရှလင်မြို့၊ သင်တို့သည်အဘယ်ကြောင့် ငါ့ထံမှထွက်ခွာသွား၍ အဘယ်ကြောင့်ပြန် လှည့်မလာကြသနည်း။ သင်တို့သည်လှည့် ဖြားမှုများကိုစွဲလန်းလျက်နေသဖြင့် ငါ့ ထံသို့ပြန်လာရန်ငြင်းဆန်ကြသည်။-
6 ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
7 မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-
8 ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
9 သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
10 သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
11 သူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေ ချိန်၌အစစအရာရာအဆင်ပြေပါ သည်' ဟုဆိုကြ၏။-
12 ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
13 ``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
14 ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
15 ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
16 ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
17 ထာဝရဘုရားက``သတိဝိရိယနှင့်နေ ကြလော့။ ငါသည်သင်တို့အထဲသို့မြွေများ၊ အလမ္ပာယ်ဆရာမနိုင်သည့်မြွေဆိုးများကို စေလွှတ်မည်။ ထိုမြွေတို့သည်သင်တို့ကို ကိုက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မိမိ၏အမျိုးသားများအတွက် ယေရမိဝမ်းနည်းခြင်း
18 ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။
ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
19 နားထောင်ကြလော့။ အလွန်ဝေးသော
တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။
``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။
ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော''
သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊
ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
20 လူတို့ကလည်း``နွေရာသီကုန်ဆုံး၍အသီး အနှံ ရိတ်သိမ်းချိန်ကုန်လွန်ပြီဖြစ်သော်လည်း၊
ငါတို့သည်ကယ်တင်ခြင်းမခံရကြသေးပါ'' ဟုဟစ်အော်ကြ၏။
21 ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။
ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
22 ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။
အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။