12
မောရှေနှိမ်နင်းခဲ့သောမင်းများ
1 ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-
2 သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-
3 ထို့အပြင်မြောက်ဘက်ဂါလိလဲအိုင်မှ ပင်လယ်သေအရှေ့ဘက်ရှိ ဗက်ယေရှိမုတ် မြို့တိုင်အောင်တည်ရှိသောယော်ဒန်မြစ်ဝှမ်း၊ ထိုမှတစ်ဖန်ပိသဂါတောင်ခြေအထိ ကျယ်ပြန့်သောနယ်မြေလည်းပါဝင်သည်။
4 အာရှတရုတ်မြို့နှင့်ဧဒြိမြို့များတွင် စိုးစံ၍ နောက်ဆုံးကျန်ရှိသေးသောရိဖိမ် အမျိုးသားတို့အနက် တစ်ဦးဖြစ်သူ ဗာရှန်မင်းသြဃကိုလည်းဣသရေလ အမျိုးသားတို့သည်နှိမ်နင်းခဲ့၏။-
5 သူ၏နိုင်ငံတွင်ဟေရမုန်တောင်၊ သာလက ပြည်၊ ဂေရှုရိပြည်နှင့်မာခါပြည်နယ်စပ် အထိကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည် လုံးသည်လည်းကောင်း၊ ဟေရှဘုန်မင်းရှိဟုန် ပိုင်သောပြည်နယ်နိမိတ်အထိကျယ်ပြန့် သည့်ဂိလဒ်ပြည်တစ်ဝက်သည်လည်းကောင်း ပါဝင်သည်။-
6 ဤမင်းများကိုမောရှေနှင့်ဣသရေလ အမျိုးသားတို့နှိမ်နင်းခဲ့လေသည်။ ထာဝရ ဘုရား၏အစေခံမောရှေသည်ထိုမင်းတို့ ၏နယ်မြေများကိုရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား အပိုင်ပေးခဲ့လေသည်။
ယောရှုနှိမ်နင်းခဲ့သောမင်းများ
7 ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-
8 ဤဒေသများတွင်တောင်ကုန်းဒေသ၊ အနောက် ဘက်တောင်ခြေဒေသ၊ ယော်ဒန်မြစ်ဝှမ်းနှင့်အနီး ရှိတောင်ခြေဒေသ၊ အနောက်ဘက်တောင်စောင်း ဒေသနှင့်တောင်ဘက်ခြောက်သွေ့သောသဲကန္တာရ ဒေသများပါဝင်သည်။ ထိုဒေသများတွင်နေ ထိုင်သောလူမျိုးများမှာဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသားနှင့် ယေဗုသိအမျိုးသားတို့ဖြစ်ကြသည်။-
9 ဣသရေလအမျိုးသားတို့သည်သုံးဆယ့် တစ်မြို့တို့၏မင်းများကိုနှိမ်နင်းခဲ့သည်။ ယင်းမြို့တို့မှာယေရိခေါမြို့၊ (ဗေသလ မြို့အနီးရှိ) အာဣမြို့၊-
10-21 ယေရုရှလင်မြို့၊ ဟေဗြုန်မြို့၊- ယာမုတ်မြို့၊ လာခိရှမြို့၊- ဧဂလုန်မြို့၊ ဂေဇာမြို့၊- ဒေဗိ ရမြို့၊ ဂေဒါမြို့၊- ဟောမာမြို့၊ အာရဒ်မြို့၊- လိဗန မြို့၊ အဒုလံမြို့၊- မက္ကဒါမြို့၊ ဗေသလမြို့၊- တာပွာမြို့၊ ဟေဖာမြို့၊- အာဖက်မြို့၊ လာရှရုန်မြို့၊- မာဒုန်မြို့၊ ဟာဇော်မြို့၊- ရှိမရုန်မြို့၊ အာခရှပ်မြို့၊- တာနက်မြို့၊ မေဂိဒ္ဒေါမြို့၊-
22 ကေဒေရှမြို့၊(ကရမေလတောင်ပေါ်ရှိ) ယောကနမ်မြို့၊(ပင်လယ်ကမ်းခြေရှိ)-
23 ဒေါရမြို့၊ (ဂါလိလဲပြည်ရှိ) ဂေါအိမ်မြို့နှင့်၊-
24 တိရဇမြို့တို့ဖြစ်သတည်း။