15
ယုဒအနွယ်အားခွဲဝေပေးသောနယ်မြေ
1 ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
2-4 တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။
5 အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။
မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
6 ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊-
7 ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
8 ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
9 ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
10 ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
11-12 ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။
ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
ဟေဗြုန်မြို့နှင့်ဒေဗိရမြို့များကို ကာလက်သိမ်းယူခြင်း
(သူကြီး၊ ၁:၁၁-၁၅)
13 ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
14 ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-
15 သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
16 ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊-
17 ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-
18 ထိမ်းမြားမင်္ဂလာနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံမှလယ်တစ် ကွက်တောင်းရန်တိုက်တွန်းလေသည်။ အာခသ သည်မြည်းပေါ်မှဆင်းလိုက်၏။ ထိုအခါ ကာလက်ကသူ၏သမီးအား``မည်သည့် အရာကိုအလိုရှိသနည်း'' ဟုမေးလျှင်-
19 သူက``ကိုယ်တော်လက်ဖွဲ့သောမြေသည်ခြောက် သွေ့သောအရပ်ဖြစ်ပါသည်။ စမ်းရေတွင်းများ ကိုလည်းပေးပါ'' ဟုတောင်း၏။ ထိုကြောင့် ကာလက်သည်သူ၏သမီးအားအထက်စမ်း ရေတွင်းနှင့်အောက်စမ်းရေတွင်းများကိုပေး လေ၏။
ယုဒပြည်နယ်၏မြို့များ
20 ယုဒအနွယ်ဝင်မိသားစုတို့ပိုင်ဆိုင်သော နယ်မြေသည်ကားဤသို့တည်း။-
21 ဧဒုံပြည်နယ်စပ်အနီးနယ်မြေ၏တောင် ဘက်စွန်းတွင် သူတို့ပိုင်သည့်မြို့များမှာကပ် ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊-
22-24 ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊-ကေဒေရှ မြို့။ ဟာဇော်မြို့၊ ဣသနန်မြို့၊-ဇိဖမြို့၊ တေလင် မြို့၊ ဗာလုတ်မြို့၊-
25 ဟာဇော်ဟဒတ္တာမြို့၊ ကဲရိယောဟေဇရုန်မြို့ (သို့မဟုတ်ဟာဇော်မြို့၊-)
26-29 အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊- ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊- ဟာဇာရွှာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊- ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊-
30-31 ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊- ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊-
32 လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့နှင့် ရိမ္မုန်မြို့စသောမြို့ကြီးနှစ်ဆယ့်ကိုးမြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများဖြစ် သည်။
33 တောင်ခြေများရှိမြို့များမှာဧရှတောလ မြို့၊ ဇောရာမြို့၊ အာရှနာမြို့၊-
34-36 ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊- ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေ ကာမြို့၊- ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့နှင့် ဂဒေရောသိမ်မြို့စသောမြို့ကြီးတစ်ဆယ် လေးမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိကျေးရွာ များဖြစ်သည်။
37-40 ထို့အပြင်ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလ ဂဒ်မြို့၊-ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလ မြို့၊- လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊- ကဗ္ဗုန်၊ လာမံမြို့၊ ကိသလိတ်မြို့၊-
41 ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။
42-44 ထို့အပြင်လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊- ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊- ကိလမြို့၊ အောခဇိပ်မြို့နှင့်မရေရှမြို့စသောမြို့ကြီး ကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိကျေးရွာ များလည်းပါဝင်လေသည်။
45 ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊
46 ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။
47 ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
48 တောင်ကုန်းဒေသတွင်တည်ရှိသောရှမိရ မြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊-
49 ဒန္နမြို့၊ ကိရယဿန္နမြို့(သို့မဟုတ်ဒေဗိရမြို့၊-)
50 အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊-
51 ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
52-53 ထို့အပြင်အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊- ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊
54 ဟုန္တမြို့၊ ဟေဗြုန်မြို့နှင့်ဇိအောရမြို့စသော မြို့ကြီးကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိ မြို့ရွာများလည်းပါဝင်လေသည်။
55-56 ထို့အပြင်မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊- ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာ နောမြို့၊-
57 ကာဣနမြို့၊ ဂိဘာမြို့နှင့်တိမနမြို့စ သောမြို့ကြီးဆယ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
58 ထို့အပြင်ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59 မာရပ်မြို့၊ ဗေသနုတ်မြို့နှင့်ဧလတေကုန် မြို့စသောမြို့ကြီးခြောက်မြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ရွာများလည်းပါဝင် လေသည်။
60 ထို့အပြင်ကိရယတ်ဗာလမြို့(သို့မဟုတ် ကိရယတ်ယာရိမ်မြို့) နှင့်ရဗ္ဗာမြို့ဟူ၍မြို့ ကြီးနှစ်မြို့နှင့်တကွပတ်ဝန်းကျင်ရှိမြို့ ရွာများလည်းပါဝင်လေသည်။-
61 တောကန္တာရဒေသတွင်ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊-
62 နိဗရှန်မြို့၊ ဣရမေလက်မြို့နှင့်အင်္ဂေဒိမြို့ ဟူ၍မြို့ကြီးခြောက်မြို့နှင့်တကွပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
63 ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။