5
1 ယော်ဒန်မြစ်အနောက်ဘက်တွင်စိုးစံသောအာ မောရိဘုရင်များနှင့် မြေထဲပင်လယ်ကမ်းခြေ တစ်လျှောက်စိုးစံသောခါနာန်ဘုရင်အပေါင်း တို့သည် ဣသရေလအမျိုးသားတို့ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးသည်အထိ မြစ်ရေကို ထာဝရဘုရားခန်းခြောက်စေတော်မူကြောင်း ကြားသိရကြ၏။ ထိုကြောင့်သူတို့သည် ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့ ၍စိတ်ပျက်အားလျော့ကြကုန်၏။
ဂိလဂါလအရပ်တွင်အရေဖျားလှီးခြင်း မင်္ဂလာခံယူခြင်း
2 ထာဝရဘုရားသည်ယောရှုအား``ကျောက် စောင်းဋ္ဌားများကိုပြုလုပ်၍ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးခြင်း မင်္ဂလာကိုစီရင်ပေးလော့''ဟုမိန့်တော်မူ၏။-
3 သို့ဖြစ်၍ယောရှုသည်``အရေဖျားလှီးခြင်း တောင်ကုန်း'' ဟုနာမည်တွင်သည့်အရပ်တွင် ဣသရေလအမျိုးသားတို့အား အရေဖျား လှီးခြင်းမင်္ဂလာကိုစီရင်ပေးလေ၏။-
4-6 အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။-
7 သူတို့၏သားများသည်အရေဖျားလှီး ခြင်းမင်္ဂလာကိုမခံခဲ့ရသဖြင့် ယောရှု သည်ထိုသားများအတွက်အရေဖျားလှီး ခြင်းမင်္ဂလာကိုစီရင်ပေးခြင်းဖြစ်သည်။
8 အရေဖျားလှီးခြင်းမင်္ဂလာကိုစီရင်ပြီးနောက် ဣသရေလအမျိုးသားအပေါင်းတို့သည်အနာ ကျက်သည့်တိုင်အောင်စခန်းထဲတွင်နေထိုင် ကြလေသည်။-
9 ထိုနောက်ထာဝရဘုရားသည်ယောရှုအား``အီဂျစ် ပြည်တွင်သင်တို့ကျွန်ခံရသောအရှက်ကိုငါ သည်ယနေ့ဖယ်ရှားပြီ'' ဟုမိန့်တော်မူ၏။ ထို့ ကြောင့်ထိုအရပ်သည်ယနေ့တိုင်အောင်ဂိလ ဂါလ ဟုနာမည်တွင်လေသည်။
10 ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-
11 နောက်တစ်နေ့၌သူတို့သည်ပထမဦးဆုံးအကြိမ် အနေဖြင့် ခါနာန်ပြည်ထွက်စပါးနှင့်ပြုလုပ် သောပေါက်ပေါက်နှင့်တဆေးမပါသောမုန့်ကို စားရကြသည်။-
12 ထိုနေ့မှစ၍မန္နမုန့်ကောင်းကင်မှမကျသဖြင့် ဣသရေလအမျိုးသားတို့သည်မန္နမုန့်ကို မစားရတော့ချေ။ ထိုအချိန်မှစ၍သူတို့ သည်ခါနာန်ပြည်ထွက်အသီးအနှံများကို စားရကြသည်။
ယောရှုနှင့်ဋ္ဌားလွတ်ကိုင်သူ
13 ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။
14 ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။
ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။
15 ထာဝရဘုရား၏တပ်မှူးက``သင်၏ဖိနပ်ကို ချွတ်လော့။ သင်နင်းသောမြေသည်သန့်ရှင်းမြင့် မြတ်သောမြေဖြစ်၏'' ဟုဆိုလေ၏။ ထိုသူ အမိန့်ပေးသည်အတိုင်းယောရှုလိုက်နာ၏။