ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ
နိ​ဒါန်း
ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ​သည်​ဥ​ရော​ပ​တိုက်​တွင် ရှင်​ပေါ​လု​အ​ဦး​ဆုံး​တည်​ထောင်​ခဲ့​သည့်​ဖိ​လိပ္ပိ မြို့​အ​သင်း​တော်​သို့ ရှင်​ပေါ​လု​အ​ကျဉ်း​ခံ​နေ စဉ်​အ​ခါ​ရေး​သား​သည့်​စာ​ဖြစ်​သည်။ ဖိ​လိပ္ပိ မြို့​မှာ​ရော​မ​နိုင်​ငံ​လက်​အောက်​ခံ​မာ​ကေ​ဒေါ​နိ ပြည်​တွင်​တည်​ရှိ​သည်။ အ​ခြား​ခ​ရစ်​ယာန်​အ​မှု တော်​ဆောင်​များ​က ရှင်​ပေါ​လု​အား​အ​တိုက် အ​ခံ​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဖိ​လိပ္ပိ အ​သင်း​တော်​တွင်​မှား​ယွင်း​သည့်​အ​ယူ​ဝါ​ဒ များ​ပေါ်​ပေါက်​လျက်​နေ​သော​ကြောင့်​လည်း ကောင်း ဤ​စာ​ကို​ရေး​လိုက်​ခြင်း​ဖြစ်​၏။ သို့ ရာ​တွင်​ဤ​စာ​သည်​တ​မန်​တော်​ကြီး​ရွှင်​လန်း ဝမ်း​မြောက်​၍ ယုံ​ကြည်​စိတ်​ချ​သည့်​စိတ်​ထား ပေါ်​လွင်​လျက်​ရှိ​ပေ​သည်။ ထို​သို့​သော​စိတ်​ထား မျိုး​ရှိ​နိုင်​ခြင်း​မှာ ရှင်​ပေါ​လု​၌​ယေ​ရှု​ခ​ရစ် ကို​ကြီး​မား​သော​ယုံ​ကြည်​ကိုး​စား​မှု​ရှိ သော​ကြောင့်​ပင်​ဖြစ်​သည်။
ဤ​စာ​ကို​ရေး​သား​ရန်​လတ်​တ​လော​ပေါ်​ပေါက် လာ​သည့်​အ​ကြောင်း​မှာ မိ​မိ​ငွေ​လို​နေ​ချိန်​၌ ဖိ​လိပ္ပိ​ခ​ရစ်​ယာန်​တို့​ထောက်​ပံ့​မှု​ပေး​ပို့​၍ လက်​ခံ​ရ​ရှိ​သ​ဖြင့်​ကျေး​ဇူး​တင်​စ​ကား​ပြော ကြား​ရန်​ပင်​ဖြစ်​ပေ​သည်။ မိ​မိ​ကိုယ်​တိုင်​နှင့်​ဖိ​လိပ္ပိ အ​သင်း​တော်​ဝင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် နေ​သော်​လည်း စိတ်​ပျက်​အား​လျော့​မှု​မ​ရှိ​ဘဲ ရဲ​ရင့်​တည်​ကြည်​ကြ​ရ​မည်​ဖြစ်​ကြောင်း​တစ် ဆက်​တည်း​မှာ​ပင်​အား​ပေး​စ​ကား​ပြော​ကြား ၏။ လော​ဘ​နှင့်​မာန်​မာ​န​ကို​ပယ်​ရှား​၍​သ​ခင် ယေ​ရှု​ကဲ့​သို့ စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​ရန်​ထို​သူ တို့​ကို​မေတ္တာ​ရပ်​ခံ​သည်။ သူ​တို့​သည်​သ​ခင် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ပြီး​ဘ​ဝ သစ်​ကို​ခံ​ယူ​ရ​ရှိ​ခြင်း​သည် ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​သက်​သက်​ကြောင့်​ပင်​ဖြစ် ကြောင်း၊ ထို​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သည် မှာ​လည်း ပ​ညတ်​တ​ရား​ကို​မိ​မိ​တို့​လိုက် လျှောက်​ကျင့်​သုံး​မှု​ကြောင့်​မ​ဟုတ်​ဘဲ ခ​ရစ် တော်​ကို​ယုံ​ကြည်​ခြင်း​ကြောင့်​သာ​ဖြစ်​ကြောင်း သ​တိ​ရ​စေ​သည်။ ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​အား​ဝမ်း​မြောက်​ခြင်း နှင့်​ငြိမ်​သက်​ခြင်း​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​ကြောင်း​ကို​ရေး​သား​သည်။
ခ​ရစ်​ယာန်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​နေ့​စဉ် အ​သက်​ရှင်​ခြင်း​၌​ဝမ်း​မြောက်​ခြင်း၊ ယုံ​ကြည် စိတ်​ချ​ခြင်း၊ စည်း​လုံး​ညီ​ညွတ်​ခြင်း​နှင့်​ဇွဲ သတ္တိ​ရှိ​ရ​မည်​ဖြစ်​ကြောင်း​အ​လေး​ပေး​၍ ရေး​သား​သည့်​စာ​ဖြစ်​ပေ​သည်။ ဖိ​လိပ္ပိ​အ​သင်း တော်​အ​ပေါ်​၌​ရှင်​ပေါ​လု​ထား​ရှိ​သော​မေတ္တာ သည် လွန်​စွာ​ကြီး​မား​ပုံ​ကို​ဤ​သြ​ဝါ​ဒ​စာ က​ထင်​ရှား​စွာ​သက်​သေ​ထူ​လျက်​ရှိ​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၁၁
ရှင်​ပေါ​လု​ကိုယ်​တိုင်​ကြုံ​တွေ့​ရ​သည့်​အ​ကြောင်း ခြင်း​ရာ​များ ၁:၁၂-၂၆
ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သော​ဘ​ဝ ၁:၂၇-၂:၁၈
တိ​မော​သေ​နှင့်​ဧ​ပ​ဖြော​ဒိတ်​တို့​အ​တွက်​စီ​စဉ် ချက်​များ ၂:၁၉-၃၀
ရန်​သူ​များ​နှင့်​ဘေး​အန္တ​ရာယ်​များ​ရှိ​ကြောင်း​ကြို​တင် သ​တိ​ပေး​ချက်​များ ၃:၁-၄:၉
ရှင်​ပေါ​လု​နှင့်​ဖိလိပ္ပိ​မြို့​ရှိ​မိတ်​ဆွေ​များ ၄:၁၀-၂၀
နိ​ဂုံး ၄:၂၁-၂၃
1
ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​များ​ဖြစ်​သည့် ပေါ​လု​နှင့်​တိ​မော​သေ​တို့​ထံ​မှ ဖိလိပ္ပိ​မြို့​တွင် နေ​ထိုင်​ကြ​ကုန်​သော​သင်း​အုပ်​များ​နှင့်​သင်း ထောက်​လူ​ကြီး​များ​မှ​စ​၍ ခ​ရစ်​တော်​ယေ​ရှု နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​သော​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​သည်။
သင်​တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။
ဖိ​လိ​ပ္ပိ​အ​သင်း​တော်​ဝင်​တို့​အ​တွက် ရှင်​ပေါ​လု​၏​ဆု​တောင်း​ပတ္ထနာ
သင်​တို့​အ​ကြောင်း​ကို​သ​တိ​ရ​သည့်​အ​ခါ​တိုင်း ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​၏။- 4-5 အ​မှု​တော်​ကို​ငါ​စ​တင်​ဆောင်​ရွက်​ချိန်​မှ​ယ​နေ့ တိုင်​အောင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် ငါ နှင့်​အ​တူ​သင်​တို့​ဆောင်​ရွက်​ခဲ့​ကြ​သ​ဖြင့်​ငါ သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​စွာ​ဆု​တောင်း ပါ​၏။- သို့​ဖြစ်​၍​သင်​တို့​တွင်​ဤ​ကောင်း​မြတ်​သည့်​အ​မှု ကို​စ​တင်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ယေ​ရှု​၏​နေ့​ရက်​မ​တိုင်​မီ​ထို​အ​မှု ကို​ပြီး​စီး​သည့်​တိုင်​အောင်​ပြု​တော်​မူ​လိမ့်​မည် ဟု​ငါ​ယုံ​ကြည်​စိတ်​ချ​၏။- သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။- ငါ​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​မေတ္တာ​ဖြင့်​သင်​တို့ အား​လွန်​စွာ​လွမ်း​ဆွတ်​ကြောင်း​ဘု​ရား​သ​ခင် သည်​ငါ့​သက်​သေ​ဖြစ်​တော်​မူ​၏။
9-10 သင်​တို့​သည်​အ​မြတ်​ဆုံး​သော​အ​ရာ​ကို​ရွေး​ယူ နိုင်​အံ့​သော​ငှာ​အ​သိ​ပ​ညာ၊ ပိုင်း​ခြား​ဝေ​ဖန်​တတ် သော​စွမ်း​ရည်​တို့​နှင့်​ပြည့်​စုံ​၍​မေတ္တာ​ပါ​ရ​မီ​တိုး သည်​ထက်​တိုး​လာ​ကြ​စေ​ရန်​သင်​တို့​အ​တွက် ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​သည်။ သို့​မှ​သာ​လျှင် သင်​တို့​သည်​ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော နေ့​ရက်​၌​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​အ​ညစ် အ​ကြေး​နှင့်​ကင်း​စင်​လိမ့်​မည်။- 11 ထို့​အြုပင်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန်​နှင့်​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​စေ​ရန် ယေ​ရှု​ခ​ရစ်​အား​ဖြင့်​သာ​လျှင်​ရ နိုင်​သော​စစ်​မှန်​သည့်​အ​ရည်​အ​သွေး​ကောင်း များ​နှင့်​ပြည့်​စုံ​လိမ့်​မည်။
အ​သက်​ရှင်​ခြင်း​ကား​ခ​ရစ်​တော်​ပင်
12 ညီ​အစ်​ကို​တို့၊ ငါ​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက် များ​သည်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရာ​တွင် အ​ကယ်​ပင်​အ​ထောက်​အ​ကူ​ပေး​ကြောင်း​သင် တို့​အား​သိ​စေ​လို​၏။- 13 ငါ​သည်​ခ​ရစ်​တော်​၏​အ​စေ​ခံ​ဖြစ်​သည့်​အ​တွက် ကြောင့်​ငါ​အ​ကျဉ်း​ခံ​ရ​လျက်​နေ​ရ​ကြောင်း​ကို နန်း​တော်​အ​စောင့်​တပ်​တစ်​တပ်​လုံး​နှင့်​အ​ခြား သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​ပေ​သည်။- 14 ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။
15 အ​ချို့​သော​သူ​တို့​သည်​မ​နာ​လို​သော​စိတ်၊ ရန်​တွေ့ လို​သော​စိတ်​နှင့်​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော ပြော​ကြ​၏။ အ​ချို့​သော​သူ​တို့​မူ​ကား​စေတနာ စိတ်​နှင့်​ဟော​ပြော​ကြ​ပေ​သည်။- 16 ဤ​သူ​တို့​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း ကောင်း​ကို​ကာ​ကွယ်​ဟော​ပြော​ရန်​ငါ့​အား​ဘု​ရား သ​ခင်​ခန့်​ထား​တော်​မူ​ကြောင်း​ကို​သိ​သ​ဖြင့် မေတ္တာ​အ​လျောက်​ဟော​ပြော​ကြ​ခြင်း​ဖြစ်​၏။- 17 အ​ခြား​သော​သူ​တို့​သည်​ကား​ခ​ရစ်​တော်​၏ အ​ကြောင်း​ကို​စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​မ​ဟုတ်​ဘဲ ကျော်​ကြား​လို​သော​ဆန္ဒ​ဖြင့်​ဟော​ပြော​ကြ​၏။ သူ​တို့​၏​အ​ကြံ​မှာ​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ့ အား​ပို​၍​စိတ်​ဒုက္ခ​ရောက်​စေ​ရန်​ပင်​ဖြစ်​၏။
18 ဟော​ပြော​သည့်​နည်း​မှာ​အ​ရေး​မ​ကြီး​ပါ။ မှား ယွင်း​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည်​ဖြစ်​စေ၊ မှန်​ကန်​သော​ရည်​ရွယ်​ချက်​ဖြင့်​ဟော​ပြော​သည် ဖြစ်​စေ​ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော ခြင်း​သာ​ဖြစ်​သ​ဖြင့်​ငါ​ဝမ်း​မြောက်​၏။ ဆက်​လက် ၍​ဝမ်း​မြောက်​လျက်​နေ​မည်။- 19 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကြောင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ဝိ​ညာဉ် တော်​၏​ကူ​ညီ​စောင်​မ​မှု​ကြောင့်​လည်း​ကောင်း ငါ​သည်​ဤ​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​မည် ဟု​ငါ​သိ​သော​ကြောင့်​ဖြစ်​၏။- 20 ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​၏​တာ​ဝန် မ​ပျက်​မ​ကွက်​ဘဲ​အ​ခါ​ခပ်​သိမ်း​၌​လည်း ကောင်း၊ အ​ထူး​သ​ဖြင့်​ယခု​အ​ခါ​၌​လည်း​ကောင်း ရဲ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​လျက်​ငါ​သည်​အ​သက်​ရှင် သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ၊ ငါ့​အ​စွမ်း​ရှိ​သ​မျှ နှင့်​ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား လာ​နိုင်​စေ​ရန်​မျှော်​လင့်​တောင့်​တ​၏။- 21 အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။- 22 သို့​ရာ​တွင်​အ​ကယ်​၍​ငါ​သည်​ဆက်​လက်​အ​သက် ရှင်​ခြင်း​အား​ဖြင့်​ပို​မို​အ​ကျိုး​ပြု​နိုင်​မည်​ဆို ပါ​က အ​သက်​ရှင်​ခြင်း​နှင့်​သေ​ခြင်း​တို့​အ​နက် အ​ဘယ်​အ​ရာ​ကို​ရွေး​ချယ်​ရ​ပါ​မည်​နည်း။- 23 ငါ့​မှာ​စိတ်​နှစ်​ခွ​ဖြစ်​လျက်​နေ​တော့​၏။ ငါ​သည်​ဤ ဘ​ဝ​ကို​စွန့်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​နေ​လို​လှ​ပါ သည်။ သို့​ပြု​ရ​လျှင်​ငါ့​အ​ဖို့​ပို​၍​အ​ကျိုး​ရှိ​၏။- 24 သို့​သော်​သင်​တို့​၏​အ​ကျိုး​ကို​ထောက်​၍​ငါ​သည် အ​သက်​ရှင်​လျက်​နေ​ရန်​ပို​၍​အ​ရေး​ကြီး​၏။- 25 ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့်​ငါ​သည်​သင်​တို့ နှင့်​အ​တူ​နေ​မည်။ သင်​တို့​အား​တိုး​တက်​ကြီး ပွား​စေ​ရန်​နှင့်​ယုံ​ကြည်​ခြင်း​၌​ဝမ်း​မြောက် စေ​ရန်​ငါ​သည်​သင်​တို့​နှင့်​အ​တူ​နေ​မည်။- 26 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​တစ်​ဖန်​နေ​ခွင့် ရ​သော​အ​ခါ​၌​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​သင်​တို့​သည်​ငါ့​အ​တွက် ကြောင့်​ပို​၍​ပင်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​လိမ့်​မည်။
27 ယ​ခု​သင်​တို့​အ​ဖို့​အ​ရေး​ကြီး​သည့်​အ​ရာ​မှာ ခ​ရစ်​တော်​၏​တ​ရား​တော်​နှင့်​အ​ညီ​ပြု​မူ​နေ​ထိုင် ကြ​ရန်​ပင်​ဖြစ်​ပေ​သည်။ သင်​တို့​ထံ​သို့​ငါ​ပြန် လာ​သည်​ဖြစ်​စေ၊ မ​လာ​သည်​ဖြစ်​စေ​သာ​သ​နာ တော်​တည်​တံ့​ကြီး​ပွား​ရေး​အ​တွက်​ကြံ့​ခိုင်​စွာ ရပ်​တည်​၍​တစ်​စိတ်​တစ်​သ​ဘော​တည်း၊ ရည်​ရွယ် ချက်​တစ်​ခု​တည်း​ဖြင့်​သ​တင်း​ကောင်း​နှင့်​ဆိုင် သော​ယုံ​ကြည်​ခြင်း​တရား​အ​တွက်​သင်​တို့​တိုက်​ပွဲ ဝင်​လျက်​ရှိ​ကြ​ကြောင်း​ကို​ငါ​ကြား​သိ​လို​၏။- 28 သင်​တို့​သည်​ရန်​သူ​များ​ကို​မ​ကြောက်​ကြ​နှင့်။ အ​ခါ​ခပ်​သိမ်း​ရဲ​ရင့်​ကြ​လော့။ ဤ​သည်​ပင်​လျှင် ရန်​သူ​တို့​ရှုံး​နိမ့်​မည်​ဖြစ်​ကြောင်း​နှင့်​သင်​တို့ အောင်​မြင်​မည်​ဖြစ်​ကြောင်း​ကို​ရန်​သူ​များ​အား သက်​သေ​ပြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ကား ဘု​ရား​သ​ခင်​ပင်​ဖြစ်​တော်​မူ​သော​ကြောင့် တည်း။- 29 သင်​တို့​သည်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား ဖြင့်​သာ​မ​က​ကိုယ်​တော်​၏​အ​တွက်​ဆင်း​ရဲ​ဒုက္ခ ခံ​ခြင်း​အား​ဖြင့်​လည်း ကိုယ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ရန်​အ​ခွင့်​ထူး​ကို​ရ​ရှိ​ကြ​၏။- 30 ယ​ခု​သင်​တို့​သည်​ငါ​နှင့်​အ​တူ​တိုက်​ပွဲ​ကို​ဝင် နိုင်​ကြ​လေ​ပြီ။ ယ​ခင်​အ​ခါ​က​ငါ​တိုက်​ပွဲ​ဝင် ခဲ့​သည်​ကို​သင်​တို့​တွေ့​မြင်​ခဲ့​ကြ​၏။ သင်​တို့ ကြား​သိ​သည့်​အ​တိုင်း​ယ​ခု​လည်း​ငါ​သည် တိုက်​ပွဲ​ကို​ဝင်​လျက်​နေ​သေး​၏။
1:1 တ၊ ၁၆:၁၂။ 1:13 တ၊ ၂၈:၃၀။ 1:30 တ၊ ၁၆:၁၉-၄၀။