70
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ7
(ဆာ​လံ၊ ၄၀:၁၃-၁၇)
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​ကျွန်​တော်​အား​ကူ​မ​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​၍​က​စဥ့်​က​ရဲ​ဖြစ်​ကြ​ပါ​စေ သော။
ကျွန်​တော်​မျိုး​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​အကြောင်း​ပြု​၍
ဝမ်း​မြောက်​ကြ​သူ​တို့​သည်​တပ်​လန်​၍​ကွဲ​ကြ ပါ​စေ​သော။
ကျွန်​တော်​မျိုး​အား​ပြောင်​လှောင်​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​သည့်​အ​တွက်
အ​လွန်​ကြောက်​လန့်​ကြ​ပါ​စေ​သော။
 
ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​သူ
အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ စေ​သော။
ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် အ​တွက်
ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​သူ​အ​ပေါင်း​တို့ သည်
``ဘု​ရား​သ​ခင်​သည်​အ​လွန်​ကြီး​မြတ်​တော်​မူ
ပါ​ပေ​သည်'' ဟု​အ​စဉ်​မ​ပြတ်​ချီး​ကူး ကြ​ပါ​စေ​သော။
 
ကျွန်​တော်​မျိုး​သည်​အား​အင်​ချိ​နဲ့​လျက် ဆင်း​ရဲ​၍​နေ​ပါ​၏။
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​ထံ​သို့​လျင်​မြန်​စွာ​ကြွ​လာ တော်​မူ​ပါ။
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား
ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ကျွန်​တော်​မျိုး​၏ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။
7 70: * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။ ဝမ်း​နည်း​မြည် တမ်း​ခြင်း။