82
ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ဘုရားသခင်
1 ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။
ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
2 ``သင်တို့သည်မတရားသဖြင့်စီရင်ဆုံးဖြတ် မှုကို မပြုကြတော့နှင့်။
သူယုတ်မာတို့၏မျက်နှာကိုထောက်၍
တရားစီရင်မှုကိုမကျင့်သုံးကြတော့နှင့်။
3 ဆင်းရဲသူနှင့်မိဘမဲ့သူတို့၏ရပိုင်ခွင့် များကို ကွယ်ကာစောင့်ရှောက်ရကြမည်။
ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့သူတို့အတွက် တရားမျှတစွာတရားစီရင်ရကြမည်။
4 သူတို့အားမတရားသောသူတို့၏လက်မှ ကယ်ဆယ်ရကြမည်။
5 ``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။
သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။
တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
6 သင်တို့သည်ဘုရားများဖြစ်ကြောင်း၊
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
7 သို့ရာတွင်သင်တို့သည်လူသာမန်များနည်းတူ သေရကြမည်။
မင်းသားတို့နည်းတူအသက်ကုန်ဆုံးရကြမည်။''
8 အို ဘုရားသခင်၊
ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။
လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။