8
ထို နေ့ခြင်းတွင်ရှင်ဘုရင် အာရွှေရု သည် ယုဒ အမျိုး၏ ရန်သူ ဟာမန် အိမ် ကို မိဖုရား ဧသတာ အား ပေး တော်မူ၏။ ဧသတာ သည် မော်ဒကဲ နှင့် အဘယ်သို့ ပေါက်ဘော်တော်သည်ကို ဧသတာလျှောက် သဖြင့်မော်ဒကဲ သည် ရှင်ဘုရင် ထံ တော်သို့ ဝင် ရ၏။ ရှင် ဘုရင်သည်လည်းဟာမန် လက်မှ နှုတ် သော လက်စွပ် တော်ကို တဖန်ချွတ် မော်ဒကဲ အား ပေး တော်မူ ၏။ ဧသတာ သည်လည်းဟာမန် အိမ် ကို မော်ဒကဲ အပ် လေ၏။ တဖန် ဧသတာ သည် ရှင်ဘုရင် ခြေ တော်ရင်း၌ ပြပ်ဝပ် အာဂတ် အမျိုး ဟာမန် ပြုသောအပြစ်ယုဒ အမျိုးတစ်ဘက် ၌ ကြံစည်သော အကြံ အစည်ကို ပယ် တော်မူ မည်အကြောင်းမျက်ရည် ကျလျက် တောင်းပန် လေ၏။ ရှင် ဘုရင်သည် ရွှေ ရာဇ လှံတံကို ဧသတာ သို့ ကမ်း တော်မူသဖြင့်ဧသတာ သည် ထ ရှင်ဘုရင် ရှေ့ တော်၌ ရပ် လျက်၊ အရှင်မင်းကြီး အလို တော်ရှိ၍ကျွန်တော်မကို စိတ် နှင့်တွေ့တော်မူလျှင် ၎င်း၊ ကျွန်တော်မအမှု သည် ရှေ့ တော်၌ လျောက်ပတ် ကိုယ်တော် သည် ကျွန်တော် မ ကိုလည်း ချစ် တော်မူလျှင် ၎င်း၊ နိုင်ငံတော်အတိုင်း တိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါအာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် စီရင် သောစာ ကို ပယ်မည်အကြောင်းထပ်၍စာရေး စေတော်မူပါ။ ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။ ရှင်ဘုရင် အာရွှေရု ကလည်းဟာမန်သည် ယုဒ လူတို့ကို ထိခိုက် သောကြောင့်သူ ၏အိမ် ကို ဖိဖုရား ဧသတာ အား ငါပေး ပြီ။ ထိုသူ ကိုလည်း လည်ဆွဲ ချတိုင်၌ ကွပ်မျက် စေပြီ။ သို့ရာတွင် ရှင်ဘုရင် လက်စွပ် နှင့် တံဆိပ် ခတ် သော ရှင်ဘုရင် အမိန့် တော်စာကို အဘယ်သူမျှမ ပယ် ရသည် ဖြစ်၍၊ စိတ် ရှိသည်အတိုင်း ယုဒ လူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး လက်စွပ် တော်နှင့် တံဆိပ် ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။ ထိုအခါ သိဝန် အမည်ရှိသောတတိယ နှစ်ဆယ် သုံး ရက်နေ့တွင်စာရေး တော်ကြီးတို့ကိုခေါ် အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန်မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊ 10  ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ရှင်ဘုရင် လက်စွပ် တော်နှင့် တံဆိပ် ခတ်ပြီးမှမြင်း၊ လား ကုလားအုပ်မြည်း စီး သော စာပို့ လုလင်တို့ဖြင့် ပေး လိုက် လေ၏။ 11  အမိန့်တော်စာချက်ဟူမူကား၊ အာဒါ အမည် ရှိသောဒွါဒသမ တဆယ် သုံး ရက် တ နေ့ ခြင်းတွင်နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမြို့မြို့၌ရှိသောယုဒ လူတို့သည် စုဝေး ၍၊ 12  မိမိ တို့အသက် ကို စောင့် ရသောအခွင့်၊ တိုက်လာ သောပြည်သူစစ်သူရဲ အပေါင်း တို့ကို မိန်းမ သူငယ် နှင့်တကွ သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍၊ သူ တို့ဥစ္စာ ကိုလုယူ သိမ်းရုံးရသောအခွင့်ကိုရှင်ဘုရင် ပေး တော်မူ၏။ 13  ဤရွေ့ကား၊ ယုဒ လူတို့သည် ထို နေ့ ရက်တွင် ရန်သူ တို့ကို ရန်တုံ့ ပြုစေခြင်းငှါအတိုင်း တိုင်း အပြည် ပြည်၌ နေသောလူမျိုး အပေါင်း တို့အား ကျော် ရသောအမိန့် တော်စာချက်ဖြစ် သတည်း။ 14  ထိုအမိန့်တော်စာ ကို ရှုရှန် နန်းတော် ကြော်ပြီးမှ၊ ရှင်ဘုရင် ကျပ်တည်း စွာ စီရင် သည်အတိုင်းစာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ 15  မော်ဒကဲ သည်လည်းမင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊ 16  ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။ 17  ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်အမြို့မြို့၌ယုဒ လူတို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ပွဲ ခံခြင်း၊ မင်္ဂလာ နေ့ စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သားအများတို့သည် ယုဒ လူတို့ကို ကြောက်ရွံ သောကြောင့် ယုဒ ဘာသာကို ဝင်ကြ၏။