13
အာဗြံ သမီး မောင်နှံတို့သည်လည်းလောတ နှင့်တကွ မိမိ တို့၌ ရှိသမျှ သော ဥစ္စာကိုယူ၍၊ အဲဂုတ္တု ပြည်မှ ထွက်သွား သဖြင့်ခါနာန်ပြည်တောင် ပိုင်းသို့ ရောက်ကြ၏။ ထိုအခါ အာဗြံ သည်၊ သိုး နွားစသည်တို့ကို၎င်း၊ ရွှေ ငွေ ကို ၎င်း အလွန် တတ်၏။ တဖန် တောင် ပိုင်းမှ ခရီး သွား ဗေသလ နယ် အတွင်းဗေသလ မြို့၊ အာဣ မြို့စပ်ကြား အထက် က တဲ ကိုဆောက်၍၊ ယဇ် ပလ္လင်ကိုတည် ခဲ့ဘူးသော အရပ် သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြု၏။ အာဗြံ နှင့်အတူ လိုက် လာသောလောတ သည်လည်း သိုးနွား များနှင့် တဲ အများရှိ သဖြင့် ထိုလူနှစ်ဦးတို့သည် အတူ နေ ခြင်းငှါ ထိုမြေ ဆံ့ နိုင်။ ဥစ္စာ များ လွန်း၍သူ တို့သည် တ ရပ်တည်း မ နေ နိုင် ကြ။ အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် နေ ကြသတည်း။ အာဗြံ ကလည်းငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့်သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် ရှိ ပါစေနှင့်။ မြေ တပြင်လုံး သည် သင့် ရှေ့ မှာရှိသည် မ ဟုတ်လော့။ ငါ နှင့် ခွာ ၍နေပါလော့။ သင်သည် လက်ဝဲ ဘက်သို့ သွားလျှင်ငါသည် လက်ျာ ဘက်သို့သွားမည်။ သင်သည် လက်ျာ ဘက်သို့ သွားလျှင်ငါသည် လက်ဝဲ ဘက်သို့ သွားမည်ဟု ဆို၏။ 10  ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် မြင် လျှင် 11  ယော်ဒန် ချိုင့် တရှောက်လုံး ကို ရွေးချယ် အရှေ့ သို့ ပြောင်း သွားသဖြင့်အချင်းချင်း ဦးနှင့် တဦးကွဲပြား ကြ၏။ 12  အာဗြံ သည် ခါနာန် ပြည် နေ လေ၏။ လောတ မူကားမြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။ 13  သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။ 14  လောတ သည် အာဗြံ နှင့် ခွါ ၍ သွားပြီးမှထာဝရဘုရား သည် အာဗြံကိုခေါ်၍၊ သင် ရှိသော အရပ် က၊ တောင်မြောက်အရှေ့အနောက် သို့ မြော် ကြည့် လော့။ 15  သင် မြင် သော မြေ တပြင်လုံး ကို၊ သင် နှင့် သင် ၏ အမျိုး အနွယ်အားငါသည်ကာလ အစဉ်အမြဲပေး မည်။ 16  သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင်သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။ 17  သင်ထ ၍မြေ ကို အလျား အားဖြင့် ၎င်းအနံ အားဖြင့် ၎င်း ရှောက် သွားလော့။ သင် အား ငါပေး မည်ဟု မိန့် တော်မူ၏။ 18  တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။