25
တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ထိုမိန်းမ သည် ဇိမရံ ယုတ်ရှန်မေဒန်မိဒျန်ဣရှဗက်ရှုအာ တို့ကို ဘွားမြင် လေ၏။ ယုတ်ရှန် သား ကားရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကားအာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။ မိဒျိန် သား ကားဧဖါဧဖေရဟာနုတ်အဘိဒဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။ အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။ မယားငယ် တို့၌ ရသောသား တို့အား လည်းမိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။ ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွအသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊ အသက်ချုပ် အနိစ္စ ဖြစ်သဖြင့်မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။ သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင်မပ္ပေလ မြေတွင်း အဘကို သင်္ဂြိုဟ် ကြ၏။ 10  ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။ 11  အာဗြဟံ သေ သောနောက်သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။ 12  စာရာ ၏ကျွန်မအဲဂုတ္တုအမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊ 13  မိမိ အမျိုးအနွယ် အလိုက်ဣရှမေလ သား များအမည် ဟူမူကားသား အကြီး နဗာယုတ်ထိုနောက် ကေဒါအာဒဗေလမိဗသံ 14  မိရှမဒုမာမာစ 15  ဟာဒဒ်တေမယေတုရနာဖိရှကေဒမာ တည်းဟူသော၊ 16  ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့မိမိ ရဲတိုက် အလိုက်အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။ 17  ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့်မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။ 18  သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ကျ သတည်း။ 19  အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကားအာဗြဟံ သား ကား ဣဇာက် တည်း။ 20  ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီးရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။ 21  ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့်ထာဝရဘုရား ကို တောင်းပန် ထာဝရဘုရား နားထောင် တော်မူသဖြင့်သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။ 22  ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့်ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။ 23  ထာဝရဘုရား ကလည်းသင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။ 24  ဘွား ချိန် စေ့ သောအခါသူ ၏ဝမ်း သား အမွှာ ရှိ သဖြင့် 25  အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။ 26  ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။ 27  သူငယ် တို့သည် ကြီးပွား ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။ 28  ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။ 29  တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင်ဧသော သည် တော မှ လာ မော သောကြောင့်၊ 30  ယာကုပ် အားထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။ 31  ယာကုပ် ကလည်းယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင် 32  ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။ 33  ယာကုပ် ကလည်းယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော်သူသည်ကျိန်ဆို သဖြင့်ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။ 34  ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။