12
ဧဖရိမ် အမျိုးသား တို့သည် စည်းဝေး မြောက် သို့ ချီ သွားလျှင်ယေဖသ အား သင်သည် ငါ တို့ကို မ ခေါ် ဘဲ၊ အမ္မုန် အမျိုးသား တို့ကို အဘယ်ကြောင့် တိုက် ခြင်းငှါ သွား သနည်း။ သင့် အိမ် ကို သင့် အပေါ် မှာ မီးရှို့ မည်ဟု ဆို ကြသော်၊ ယေဖသ က၊ ငါ နှင့် ငါ ၏လူ တို့သည် အမ္မုန် အမျိုးသား တို့နှင့် ကြီး သောအမှု ရှိ စဉ်အခါ၊ သင် တို့ကို ငါခေါ် သော်လည်းသင်တို့သည် အမ္မုန် လူတို့လက် မှ ငါ့ ကို ကယ် မနှုတ်ဘဲ နေကြ၏။ ကယ် မနှုတ်ကြောင်း ကို ငါသည် သိမြင် သောအခါကိုယ် အသက် ကို စွန့်စား လျက် အမ္မုန် အမျိုးသား တို့ကို တိုက်ခြင်းငှါသွား ထာဝရဘုရား သည် သူ တို့ကို ငါ့ လက် အပ် တော်မူ၏။ သင်တို့သည် ငါ့ ကို တိုက် ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာ ကြသနည်းဟု ပြောဆို ပြီးလျှင် ဂိလဒ် ပြည်သား အပေါင်း တို့ကို စုဝေး စေ၍ ဧဖရိမ် အမျိုးကို တိုက် ကြ၏။ ဧဖရိမ် လူတို့က၊ သင် တို့သည် ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူဖြစ်သည်ဟု ဂိလဒ် ပြည်သားတို့ကို ကဲ့ရဲ့ ဘူးသောကြောင့်ဧဖရိမ် လူတို့ကို လုပ်ကြံ ကြ၏။ ဂိလဒ် လူတို့သည် ဧဖရိမ် လူတို့ရှေ့မှာ ယော်ဒန် မြစ်ကူး ရာအရပ်တို့ကို ဆီးတား ပြေးလွတ် သော ဧဖရိမ် လူက၊ ကူး ပါရစေဟု အခွင့်တောင်း သောအခါဂိလဒ် လူ တို့က၊ သင် သည် ဧဖရိမ် အမျိုးသားဖြစ်သလော ဟုမေး စစ်သော်သူက မဟုတ် ပါဟု ဆို လျှင်၊ သူတို့က၊ ရှိဗောလက် ဟူသောစကားကို ပြော တော့ဟုဆို သော်ဧဖရိမ်လူသည် ထိုစကားကို ပြီ အောင် မ ပြော တတ် ဘဲ သိဗောလက် ဟု ပြော ၏။ ထိုသို့ပြောသောသူ ကို ဘမ်းဆီး ယော်ဒန် မြစ်ကူး ရာအရပ်၌ သတ် ကြ၏။ ထိုအခါ ဧဖရိမ် အမျိုးသားလေးသောင်း နှစ်ထောင်သေ ကြ၏။ ဂိလဒ် ပြည်သားယေဖသ သည် ဣသရေလ အမျိုးကို ခြောက် နှစ် အုပ်စိုး ပြီးမှ သေ ဂိလဒ် မြို့တမြို့ သင်္ဂြိုဟ် လေ၏။ ယေဖသ နောက်မှ ဗက်လင် မြို့သားဣဗဇန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။ ထိုမင်း သည် သား သုံးဆယ်သမီး သုံးဆယ် ရှိ ၏။ သမီးများကို အခြား တပါးသို့ စေလွှတ် ချွေးမ သုံးဆယ် ကို သိမ်း ထား၏။ 10  ဣဗဇန် သည် ဣသရေလ အမျိုးကို ခုနစ် နှစ် အုပ်စိုး ပြီးမှ သေ ဗက်လင် မြို့၌ သင်္ဂြိုဟ် လေ၏။ 11  ဣဗဇန် နောက်မှ ဇာဗုလုန် အမျိုးသားဧလုန် သည်၊ ဣသရေလ အမျိုးကို ဆယ် နှစ် အုပ်စိုး ၏။ 12  ထိုမင်း သေ ဇာဗုလုန် ခရိုင်အာဇလုန် မြို့၌ သင်္ဂြိုဟ် လေ၏။ 13  ဧလုန် နောက်မှ ပိရသုန် မြို့နေ ဟိလေလ ၏သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို အုပ်စိုး ၏။ 14  ထိုမင်း သည် သား လေးဆယ်မြေး သုံးဆယ် ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ် သော မြည်း သငယ်တို့ကို စီး ကြ၏။ 15  ပိရသုန် မြို့နေဟိလေလ သား အာဗဒုန် သည်၊ ဣသရေလ အမျိုးကို ရှစ် နှစ် အုပ်စိုး ပြီးမှ သေ ဧဖရိမ် ခရိုင်ပိရသုန် မြို့၊ အာမလက် တောင် ပေါ် မှာ သင်္ဂြိုဟ် လေ၏။