17
မိက္ခါ အမည် ရှိသောဧဖရိမ် တောင် သား တယောက်ရှိ ၏။ သူ သည် အမိ အားအိုအမေ၊ ပျောက် သောငွေအကျွန်ုပ် ရှေ့မှာ ကျိန်ဆဲ သောစကားကိုပြော သော ငွေ ဆယ်တပိဿာသည် အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ယူ မိပြီဟု ဆို သော်အမိ က၊ ငါ့ သားထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏။ ထိုငွေ ဆယ်တ ပိဿာကို အမိ အား ပြန် ပေးသောအခါအမိ က၊ ငါ့ သား သည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် စရာဘို့ ဤငွေ ရှိသမျှကို ထာဝရဘုရား အား ငါပူဇော် နှင့်ပြီ။ သို့ဖြစ်၍ငါ့သားအား ယခု ငါပြန် ပေးမည်ဟု ဆို သော်လည်းသားသည် ထိုငွေ ကို အမိ အား ပြန် ပေး၏။ အမိ သည်လည်း နှစ် ပိဿာကိုယူ ပန်းတိမ် သမား၌ အပ် သဖြင့်သူသည် ထုသောရုပ်တု နှင့် သွန်း သော ရုပ်တုကိုလုပ် ရုပ်တုတို့သည် မိက္ခါ အိမ် ရှိ ၏။ ထိုလူမိက္ခါ သည် ဘုရား ကျောင်း ရှိ၍သင်တိုင်း တော်နှင့် တေရပ်ရုပ်တုကို လုပ် ပြီးမှမိမိ သား တယောက် ကို မိမိယဇ်ပုရောဟိတ် အရာ ၌ ခန့် ထားလေ၏။ ထို ကာလ ဣသရေလ ရှင်ဘုရင် ရှိ။ လူ တိုင်း မိမိ စိတ် အလိုရှိသည်အတိုင်း ပြု သတည်း။ ယုဒ အမျိုး နှင့် စပ်ဆိုင်သော ဗက်လင် ယုဒ မြို့သားလေဝိ အမျိုး လုလင် တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို ၍ နေပြီးလျှင် တဖန် ထွက် သွား၍ တည်းခို စရာအရပ် ကို ရှာ လျက် ခရီး သွား သဖြင့်ဧဖရိမ် တောင်မိက္ခါ အိမ် သို့ ရောက် လေ၏။ မိက္ခါ ကလည်းသင်သည် အဘယ် က လာ သနည်းဟုမေး သော်လုလင်က၊ ငါ သည် ယုဒ ခရိုင် ဗက်လင် မြို့သားလေဝိ လူဖြစ်၏။ တည်းခို စရာအရပ် ကို ရှာ ၏ဟု ပြန် ပြောသော် 10  မိက္ခါ က၊ အကျွန်ုပ် နှင့်အတူ နေ ပါ။ အကျွန်ုပ် ၏အဘအကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ် ပါ။ အကျွန်ုပ် သည် တနှစ်တနှစ်လျှင် ငွေ အကျပ်တဆယ် နှင့် အဝတ် စုံ ကို၎င်းစားစရာ ကို၎င်း ပေး ပါမည်ဟု ပင့်ဘိတ် သောအခါ၊ လေဝိ လူသည် ဝင် 11  ထိုသူ နှင့်အတူ နေ ခြင်းငှါ အလို ရှိသဖြင့် သား ကဲ့သို့ ဖြစ် လေ၏။ 12  မိက္ခါ သည်လည်းထိုလေဝိ လုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသည်အတိုင်း၊ လုလင် သည် ယဇ်ပုရောဟိတ် လုပ် မိက္ခါ အိမ် နေ ၏။ 13  မိက္ခါ ကလည်းယခု မှာ လေဝိ လူသည် ငါ ၏ယဇ်ပုရောဟိတ် ဖြစ် သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူး ပြုတော်မူမည်ကို ငါသိ သည်ဟု ဆို ၏။