8
ဧဖရိမ် လူ တို့က၊ သင်သည် မိဒျန် လူတို့ကို တိုက် သွား သောအခါငါ တို့ကို မ ခေါ် ဘဲ ငါ တို့၌ အဘယ်သို့ ပြု သနည်းဟု ကျပ်ကျပ် အပြစ်တင် ကြ၏။ ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။ ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။ ဂိဒေါင် သည် ယော်ဒန် မြစ်သို့ ရောက် သောအခါသူ ရှိသော သူ သုံး ရာ တို့သည် ပင်ပန်း လျက်နှင့် ကူး လိုက် ကြ၏။ သုကုတ် မြို့သား တို့အား လည်းငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း သုကုတ် မင်း တို့က၊ ငါတို့သည် သင့် အမှုထမ်း တို့အား မုန့် ကိုပေး ရမည်အကြောင်းဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ရှိသလောဟု ပြန်ပြော ကြ၏။ ဂိဒေါင် ကလည်းသို့ဖြစ်၍ ထာဝရဘုရား သည် ဇေဘဟ နှင့် ဇာလမုန္န တို့ကို ငါ့ လက် အပ် တော်မူသောအခါသင် တို့ကျော ကွဲအောင် တော ဆူး ပင်အမျိုးမျိုးနှင့် ငါ ရိုက်မည်ဟုဆို ပြီးလျှင် ထိုအရပ်ကပေနွေလ မြို့သို့ သွား သူ တို့အား ထို နည်းတူ တောင်း သော်လည်းသုကုတ် မြို့သား တို့ ပြန်ပြော သည်နည်းတူပေနွေလ မြို့သား တို့သည် ပြန်ပြော ကြ၏။ ဂိဒေါင်ကလည်းငါ သည် တဖန် ငြိမ်ဝပ် စွာ လာသောအခါ ရဲတိုက် ကို ဖြိုဖျက် မည်ဟု သူ တို့အား ဆို ၏။ 10  ထိုအခါ ထား ကိုင် သော လူ တသိန်း နှစ်သောင်းသေ သောကြောင့်အရှေ့ မျက်နှာအရပ်သား အပေါင်း တို့တွင် ကျန် ကြွင်းသော လူတသောင်း ငါးထောင်ခန့် မျှသာပါ လျက်၊ ဇေဘဟ နှင့် ဇာလမုန္န တို့သည် ကာကော် မြို့၌ ရှိကြ၏။ 11  ဂိဒေါင် သည် နောဗာ မြို့၊ ယုဗ္ဗေဟ မြို့အရှေ့တဲ နေ သူတို့လမ်း ဖြင့် ချီ သွား၍ စိုးရိမ်ဘဲနေ သောမိဒျန်တပ် ကို လုပ်ကြံ သဖြင့် 12  မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ပြေး သောအခါဂိဒေါင်သည် လိုက် တပ် ကို ဖျက် လေ၏။ 13  ယောရှ သား ဂိဒေါင် သည် နေမထွက်မှီ စစ်တိုက် ရာမှ ပြန်လာ 14  သုကုတ် မြို့သား လုလင် တယောက်ကို ဘမ်းမိ မေး စစ်လျှင်ထိုသူသည်သုကုတ် မြို့အရာရှိအသက်ကြီး သူခုနစ်ဆယ် ခုနစ် ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြော လေ၏။ 15  ဂိဒေါင်သည်လည်းသုကုတ် မြို့သား တို့ရှိရာသို့ လာ သင်တို့က၊ ပင်ပန်း သော သင့် အမှုထမ်း တို့အား ငါတို့သည် မုန့် ကိုပေး ရမည်အကြောင်းဇေဘဟ နှင့် ဇာလမုန္န သည် သင့် လက် ရှိသလောဟု ငါ့ ကို ကဲ့ရဲ့ ၍ သင်တို့ပြော သော ဇေဘဟ နှင့် ဇာလမုန္န ကို ကြည့် ကြလော့ဟုဆို လျက်၊ 16  ထိုမြို့ ၌ အသက်ကြီး သူတို့ကို ခေါ် တော ဆူး ပင်အမျိုးမျိုးနှင့် သုကုတ် မြို့သား တို့ကို ဆုံးမ လေ၏။ 17  ပေနွေလ မြို့ ရဲတိုက် ကိုလည်း ဖြိုဖျက် မြို့ သား တို့ကို ကွပ်မျက် လေ၏။ 18  ထိုအခါ ဇေဘဟ နှင့် ဇာလမုန္န တို့အား တာဗော် မြို့မှာ သင်တို့သတ် ခဲ့သောသူ တို့ သည် အဘယ်သို့ သောသူဖြစ်သနည်းဟု မေးမြန်း သော်၊ ထိုသူတို့က၊ ကိုယ်တော် ဖြစ်သကဲ့သို့ သူ တို့ရှိသမျှ သည်ဖြစ်၍၊ ရှင်ဘုရင် သား ၏ အဆင်း အရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြော သော်၊ 19  ဂိဒေါင်က၊ ထိုသူ တို့သည် ငါ့ အမိ ၏သားငါ့ ညီ ဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင်တို့သည် သူ တို့ကို အသက် ချမ်းသာပေးမိလျှင်သင် တို့ကို ငါမ သတ် ဘဲ နေလိမ့်မည်ဟု၊ 20  မိမိ သားဦး ယေသာ အားဤသူ တို့ကို ထ ၍ သတ် လော့ဟုဆို သော်လည်းသား သည် အသက်အရွယ်ငယ် သောကြောင့်ထား ကို မ ဆွဲ မထုတ်ဘဲနေ၏။ 21  ဇေဘဟ နှင့် ဇာလမုန္န တို့ကလည်းကိုယ်တော် တိုင်ထ ငါ တို့ကို လုပ်ကြံ လော့။ လူ ဖြစ်သကဲ့သို့ သူ့ အစွမ်း သတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင် သည် ထ ဇေဘဟ နှင့် ဇာလမုန္န ကို သတ် သဖြင့်သူ တို့ ကုလားအုပ် ၏ လည်ပင်း ဆင်သော တန်ဆာ တို့ကို ချွတ် ယူလေ၏။ 22  ထိုအခါ ဣသရေလ လူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မိဒျန် လူတို့လက် မှ ကယ်နှုတ် သောကြောင့်သားစဉ်မြေးဆက် နှင့်တကွ အကျွန်ုပ် တို့ကို အုပ်စိုး တော်မူပါဟု၊ ဂိဒေါင် အား လျှောက် ဆိုကြသော်၊ 23  ဂိဒေါင် က၊ ငါ သည် သင် တို့ကို မ အုပ်စိုး ရ။ ငါ့ သား လည်း အုပ်စိုး ရ။ ထာဝရဘုရား သည် သင် တို့ကို အုပ်စိုး တော်မူရ၏ဟူ၍၎င်း၊ 24  သို့ရာတွင် သင်တို့ရှိသမျှ သည် လု ယူ၍ ရသောနားတောင်း တို့ကိုပေး ပါမည်အကြောင်းငါတောင်း ချင်သည်ဟူ၍၎င်း ဆို လေ၏။ ရန်သူ တို့သည် ဣရှမေလ အမျိုးဖြစ်၍ ရွှေ နားတောင်း ကို ဆင်တတ်ကြသတည်း။ 25  သူတို့ကလည်း၊ စင်စစ်ပေး ပါမည်ဟုဆို လျက် စောင် ကို ခင်း လူအပေါင်းတို့သည် မိမိ တို့ လု ယူ၍ ရသောနားတောင်း များကို ချ ထားကြ၏။ 26  ဂိဒေါင်တောင်း သော ရွှေ နားတောင်း များ အချိန် ကား၊ အခွက်တဆယ်ခုနစ် ပိဿာရှိ ၏။ ထို မှတပါး၊ မိဒျန် မင်းကြီး ဝတ်ဆင်သော တန်ဆာလည်ဆွဲနီမောင်း သောအဝတ်ကုလားအုပ် လည် ကြိုး များကို ရသေး၏။ 27  ထိုတန်ဆာတို့နှင့် ဂိဒေါင် သည် သင်တိုင်း တော်ကို လုပ် မိမိ နေရာ ဩဖရ မြို့မှာ ထား သဖြင့်ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်း လျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင် နှင့် သူ ၏အမျိုး ပြစ်မှား ရာအကြောင်း ဖြစ် သတည်း။ 28  ထိုသို့ မိဒျန် အမျိုးသည် ဣသရေလ အမျိုးရှေ့ မှာ ရှုံး နောက်တဖန် အစိုး ရဘဲ နေကြ၏။ ဂိဒေါင် လက်ထက် အနှစ် လေးဆယ် တိုင်တိုင်တပြည် လုံးငြိမ်း လေ၏။ 29  ယောရှ သား ယေရုဗ္ဗာလ သည် မိမိ အိမ် သို့ သွား နေ သတည်း။ 30  ဂိဒေါင် သည် မယား များ ကိုယ် သောသား ခုနစ်ဆယ် ရှိ ၏။ 31  ရှေခင် မြို့၌ နေသောမယားငယ် သည် သား ယောက်ျားကို ဘွားမြင် ထိုသားကို အဘိမလက် အမည် ဖြင့် မှည့် လေ၏။ 32  ယောရှ သား ဂိဒေါင် သည် အသက် ကြီးရင့်သော် အနိစ္စရောက် အဗျေဇာ သားနေရာ ဩဖရ မြို့မှာအဘ ယောရှ သင်္ချိုင်း သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။ 33  ဂိဒေါင် သေ သောအခါဣသရေလ အမျိုးသားတို့သည် ဖောက်ပြန် ဗာလ ဘုရားတို့နှင့် မှားယွင်း သဖြင့်ဗာလဗေရိတ် ကို ဘုရား အရာ ၌ ချီးမြှောက် ကြ၏။ 34  ပတ်ဝန်းကျင် ရန်သူ လက် မှ ကယ်နှုတ် တော်မူသောမိမိ တို့ဘုရား သခင်ထာဝရဘုရား ကို မ အောက်မေ့ ဘဲ၊ 35  ဂိဒေါင် တည်းဟူသောယေရုဗ္ဗာလ သည် ဣသရေလ အမျိုး၌ ပြု သမျှ သော ကျေးဇူး နှင့်အညီသူ၏အမျိုး ကျေးဇူး တုံ့ကို ပြန်၍ မ ပြု ဘဲနေကြ၏။