12
မောရှေအောင်မြင်သောမင်းများ
ယော်ဒန် မြစ်အရှေ့ နေ ထွက်ရာဘက် အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင်အရှေ့ လွင်ပြင် ရှိသမျှ ပါလျက်၊ ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ သိမ်းယူ သောပြည် ကို အစိုးရသောမင်းကြီး များ ဟူမူကား အာနုန် မြို့အနား မှာ အာရော် မြို့၊ မြစ် တဝက်ဂိလဒ် ပြည်တဝက် မှစ၍ အမ္မုန် ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ် မြစ် တိုင်အောင် ၎င်း၊ အရှေ့ မျက်နှာ၌ လွင်ပြင် မှစ၍ဂင်္နေသရက် အိုင် နှင့် လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် အရှေ့ ဘက် ဗက်ယေရှိမုတ် မြို့သို့ သွားရာလမ်းအာဇုတ် ပိသဂါ မြို့အနား၊ တောင် မျက်နှာမှ လာရာလမ်းတိုင်အောင် ၎င်း အစိုးရ၍ ဟေရှဘုန် မြို့၌ နေ သောအာမောရိ ရှင်ဘုရင် ရှိဟုန် တပါး၊ ဟေရမုန် တောင် နှင့် သာလက ပြည်ကို၎င်းဂေရှုရိ လူ၊ မာခါသိ လူနေသောပြည်စွန်း တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သောနိုင်ငံစွန်း တိုင်အောင် ဂိလဒ် ပြည်တဝက် ကို၎င်း အစိုးရ၍၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ နေ သော အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူဗာရှန် ရှင်ဘုရင် ဩဃ တပါး၊ ထိုရှင်ဘုရင် နှစ်ပါးကို ထာဝရဘုရား ၏ကျွန် မောရှေ နှင့် ဣသရေလ အမျိုးသားတို့သည် လုပ်ကြံ ထာဝရဘုရား ၏ကျွန် မောရှေ သည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တို့အား အပိုင် ပေး လေ၏။
ယောရှုအောင်မြင်သောမင်းများ
ယော်ဒန် မြစ်အနောက် ဘက် မှာ လေဗနုန် ချိုင့် ရှိသောဗာလဂဒ် မြို့မှစ၍စိရ လမ်းတွင်ရှိသောဟာလက် တောင် တိုင်အောင် တောင် ပေါ်အရပ်၊ ချိုင့် ထဲအရပ်၊ လွင်ပြင် အရပ်၊ စမ်းရေတွင်း အရပ်၊ တော အရပ်၊ တောင် မျက်နှာအရပ်၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူနေရာ၊ ယောရှု နှင့် ဣသရေလ အမျိုးသား လုပ်ကြံ ၍၊ ယောရှု သည် ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အားအပိုင် ပေး သော ပြည် ကို အစိုးရသောမင်းကြီး များဟူမူကား ယေရိခေါ မင်းကြီး တပါးဗေသလ မြို့အနား မှာအာဣ မင်းကြီး တပါး 10  ယေရုရှလင် မင်းကြီး တပါးဟေဗြုန် မင်းကြီး တပါး 11  ယာမုတ် မင်းကြီး တပါးလာခိရှ မင်းကြီး တပါး 12  ဧဂလုန် မင်းကြီး တပါးဂေဇာ မင်းကြီး တပါး 13  ဒေဗိရ မင်းကြီး တပါးဂေဒါ မင်းကြီး တပါး 14  ဟောမာ မင်းကြီး တပါးအာရဒ် မင်းကြီး တပါး 15  လိဗန မင်းကြီး တပါးအဒုလံ မင်းကြီး တပါး 16  မက္ကဒါ မင်းကြီး တပါးဗေသလ မင်းကြီး တပါး 17  တာပွါ မင်းကြီး တပါးဟေဖါ မင်းကြီး တပါး 18  အာဖက် မင်းကြီး တပါးလာရှရုန် မင်းကြီး တပါး 19  မာဒုန် မင်းကြီး တပါးဟာဇော် မင်းကြီး တပါး 20  ရှိမရုန် မင်းကြီး တပါးအာခရှပ် မင်းကြီး တပါး 21  တာနက် မင်းကြီး တပါးမေဂိဒ္ဒေါ မင်းကြီး တပါး 22  ကေဒေရှ မင်းကြီး တပါးကရမေလ တောင်ပေါ် မှာ ယောကနမ် မင်းကြီး တပါး 23  ဒေါရ ပြည်နယ် မှာ ဒေါရ မင်းကြီး တပါးဂိလဂါလ ပြည်မှာ ဂေါအိမ် မင်းကြီး တပါး 24  တိရဇ မင်းကြီး တပါးမင်းကြီး ပေါင်း သုံးဆယ် တပါး တည်း။