16
ဧဖရိမ်နှင့်မနာရှေအမွေခံရသောမြေ
ယောသပ် အမျိုးသား တို့သည် စာရေးတံ ပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန် မြစ်နားယေရိခေါ မြို့အရှေ့ယေရိခေါ အိုင် မှ ထွက် ၍ တော လမ်းသို့ လိုက် လျက်၊ ဗေသလ တောင် တရှောက်လုံးသွားသဖြင့်၊ ဗေသလ လုဇ မြို့သို့ ၎င်း၊ အာခိ အတရုတ် မြို့ သို့ ၎င်း၊ အနောက် မျက်နှာ၌ ယာဖလေတိ မြို့ သို့ ၎င်း အောက် ဗက်ဟောရုန် မြို့ သို့ ၎င်း၊ ဂေဇာ မြို့သို့ ၎င်း ရောက် ပင်လယ် ဆုံး လေ၏။ ထိုသို့ ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့သည် အမွေ ခံရကြ၏။ ဧဖရိမ် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် နေ သောမြေအပိုင်း အခြားသည်၊ အရှေ့ ဘက်၌ အတရုတ်အဒ္ဒါ မြို့မှ အထက် ဗက်ဟောရုန် မြို့သို့ လိုက်၍၊ မြောက် မျက်နှာ၌ ပင်လယ် နားမိတ်မေသ မြို့သို့ ထွက် ၏။ တဖန် အရှေ့ သို့ မျက်နှာ ပြု၍ တာနတ်ရှိလော မြို့အရှေ့ မှာ ရှောက် လျက် ယနောဟ မြို့သို့ ၎င်း၊ ယနောဟ မြို့မှ အတရုတ် မြို့၊ နာရတ် မြို့၊ ယေရိခေါ မြို့သို့ ၎င်း ရောက် ယော်ဒန် မြစ်၌ ဆုံး လေ၏။ တာပွါ မြို့မှ အနောက် သို့ သွား ၍ ကာန မြစ် သို့ လိုက် လျက် ပင်လယ် ဆုံး လေ၏။ ဤရွေ့ကား၊ မနာရှေ အမျိုးသား တို့ အမွေ ခံရသောမြေ၌ ဧဖရိမ် အမျိုးသား တို့အဘို့ ခွဲ ထားသော မြို့ များနှင့်တကွ ဧဖရိမ် အမျိုးသား အဆွေ အမျိုးအလိုက် အမွေ ခံရသောမြို့ ရွာ များဖြစ်သတည်း။ 10  ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ယနေ့ တိုင်အောင် ဧဖရိမ် အမျိုးသားတို့နှင့်အတူ နေ ၍ အခွန် ပေးရကြ၏။