18
ကာလ အင်တန်ကြာ၍ သုံး နှစ် စေ့သောအခါ၊ ဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ် မင်းအား သွား ၍ ကိုယ် ကိုပြလော့။ ငါသည်လည်း မြေ ပေါ် မှာ မိုဃ်း ရွာစေမည်ဟု မိန့် တော်မူသည်အတိုင်း
ဧလိယ သည် အာဟပ် မင်းအား ကိုယ် ကိုပြအံ့သောငှါ သွား ၏။ ထိုအခါ ရှမာရိ မြို့၌ ပြင်းစွာ သော အစာ အာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
အာဟပ် မင်းသည် နန်း တော်အုပ်ဩဗဒိ ကိုခေါ် ၏။ ထိုဩဗဒိ သည် ထာဝရဘုရား ကို အလွန် ရိုသေ သောသူဖြစ် ၏။
ယေဇဗေလ သည် ထာဝရဘုရား ၏ပရောဖက် တို့ကိုပယ်ဖြတ် သောအခါဩဗဒိ သည် ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင်မုန့် နှင့် ရေ ကိုပေး၍ ကျွေး လေ၏။
အာဟပ် ကလည်းတပြည်လုံး သို့လှည့်လည် ၍ စမ်းရေ တွင်းများ၊ ချောင်း များရှိရာအရပ်ရပ် သို့ သွားလော့။ တိရစ္ဆာန် အပေါင်းတို့သည် မ သေမြင်း နှင့် လား တို့သည် အသက် လွတ်မည်အကြောင်း၊ မြက်ပင် ကို တွေ့ ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိ အား ဆို လျက်၊
သူတို့သည် တပြည်လုံး ကို နှံ့ပြား အောင် ဝေဖန် ၍၊ အာဟပ် နှင့် ဩဗဒိ သည် လမ်းတခြားစီ ထွက်သွား ကြ၏။
ဩဗဒိ သည်သွားစဉ်အခါ၊ ဧလိယ သည် ဆီး ၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ ပြပ်ဝပ် လျက်ကိုယ်တော် သည် အကျွန်ုပ် သခင် ဧလိယ မှန်ပါသလောဟု မေး လျှင်၊
ဧလိယက ငါ မှန်၏။ ဧလိယ သည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့် သခင် ထံ သို့သွား ၍ လျှောက် လော့ ဟု ပြော ဆိုသော်
ဩဗဒိကလည်း၊ ကိုယ်တော် ကျွန် ၏ အသက်ကိုသတ် စေခြင်းငှါ အာဟပ် အပ် ရမည်အကြောင်းကိုယ်တော် ကျွန်သည် အဘယ်သို့ ပြစ်မှား ဘိသနည်း။
10  ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် ကို ရှာ စေခြင်းငှါ အကျွန်ုပ် သခင် စေလွှတ် သော တိုင်း နိုင်ငံ တခုမျှ မ ရှိ ပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမ ရှိပါဟု လျှောက် သောအခါ၊ ကိုယ်တော် ကို ရှာ ၍မ တွေ့နိုင်ဟု ထိုတိုင်း နိုင်ငံ သားတို့သည် အကျိန် ကိုခံရကြပါ၏။
11  ယခု မူကားဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံ သို့သွား ၍ လျှောက် လော့ဟု မိန့် တော်မူပါသည်တကား။
12  အကျွန်ုပ် သည် ကိုယ်တော် ထံမှ ထွက်သွား အာဟပ် မင်းထံမှာ လျှောက် စဉ်တွင်၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် အကျွန်ုပ်မ သိ သော အရပ်သို့ ကိုယ်တော် ကို ဆောင် သွားတော်မူလျှင်အာဟပ်မင်းသည် ကိုယ်တော် ကို မ တွေ့ နိုင်သောအခါ အကျွန်ုပ် ကိုသတ် ပါလိမ့်မည်။ ကိုယ်တော် ကျွန် မူကားအသက် ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရား ကို ရိုသေ ပါပြီ။
13  ယေဇဗေလ သည် ထာဝရဘုရား ၏ ပရောဖက် တို့ကိုသတ် သောအခါအကျွန်ုပ်ပြု သော အမှုတည်းဟူသောထာဝရဘုရား ၏ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင်မုန့် နှင့် ရေ ကိုပေး၍ ကျွေး ကြောင်းကို အကျွန်ုပ် သခင် ကြား တော်မ မူသလော။
14  ယခု မူကားဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံသို့ သွား ၍ လျှောက် လော့ဟု ကိုယ်တော် မိန့် တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည်ဟု ပြန်ဆို၏။
15  ဧလိယ ကလည်းငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက် ရှင် တော်မူသည် အတိုင်း၊ ငါသည် ယနေ့ အာဟပ် မင်းအား ကိုယ် ကိုအမှန် ပြမည်ဟု ဆို ပြန်သော်၊
16  ဩဗဒိ သည် အာဟပ် မင်းထံ သို့သွား လျှောက် သဖြင့်အာဟပ် သည် ဧလိယ ကို ကြိုဆို အံ့သောငှါ သွား
17  တွေ့မြင် သောအခါသင် သည် ဣသရေလ အမျိုးကို နှောင့်ရှက် သောသူမှန်သလောဟုမေး လျှင်
18  ဧလိယက၊ ငါသည်ဣသရေလ အမျိုးကို မ နှောင့်ရှက်သင် နှင့် သင့်အဆွေအမျိုး တို့သည် ထာဝရဘုရား ၏ ပညတ် တရားကိုစွန့် ဗာလ ဘုရားတို့ကိုဆည်းကပ် သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။
19  သို့ရာတွင် လူကို ယခု စေလွှတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို၎င်းဗာလ ပရောဖက် လေး ရာ ငါး ဆယ်ကို၎င်း၊ ယေဇဗေလ စားပွဲ ၌ စား သောအာရှရ ပရောဖက် လေး ရာ ကို၎င်း၊ ကရမေလ တောင်ငါ့ ထံသို့ စုဝေး စေလော့ဟုဆို သည်အတိုင်း
20  အာဟပ် သည် ဣသရေလ အမျိုးသား အပေါင်း တို့ရှိရာသို့ လူကိုစေလွှတ် ပရောဖက် တို့ကို ကရမေလ တောင် ပေါ် မှာ စုဝေး စေ၏။
21  ဧလိယ သည် လူ များရှိရာသို့ လာ သင် တို့သည် ဘာသာ နှစ် ပါးစပ်ကြား မှာ အဘယ်မျှ ကာလ ပတ်လုံးယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရား သည် ဘုရားသခင် မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့။ ဗာလ သည် ဘုရားသခင်မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့ဟုဆိုလျှင်၊ လူ များတို့ သည် တိတ်ဆိတ် စွာ နေကြ၏။
22  တဖန် ဧလိယ က၊ ထာဝရဘုရား ပရောဖက် ကား ငါ တယောက် တည်း ကျန်ရစ် ၏။ ဗာလ ၏ပရောဖက် ကား လေး ရာ ငါး ဆယ်ရှိကြ၏။
23  နွား နှစ် ကောင်ကိုပေး ကြလော့။ သူ တို့သည် တကောင် ကိုရွေး အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်း ပေါ် မှာ တင် ပါလေစေ။ မီး ထည့် စေနှင့်။ ငါ လည်း နွား တကောင် ကို လုပ် ထင်း ပေါ် မှာ တင် မည်။ မီး ကိုမ ထည့်
24  သင်တို့သည် သင် တို့ဘုရား များ၏ နာမ ကို ဟစ်ခေါ် ကြလော့။ ငါ လည်း ထာဝရဘုရား ၏ နာမ တော်ကို ဟစ်ခေါ် မည်။ မီး ဖြင့် ထူး တော်မူသော ဘုရားသည် ဘုရားသခင် မှန် ပါစေဟု လူ များတို့အား ပြောဆို လျှင်၊ လူ အပေါင်း တို့က၊ ဧလိယ၏စကား သည် လျောက်ပတ် ပေသည်ဟု ဆို ကြ၏။
25  တဖန် ဧလိယ က၊ သင် တို့သည် များ သောကြောင့် နွား တကောင် ကို အရင် ရွေး လုပ် ကြလော့။ မီး ထည့် ဘဲ သင် တို့ဘုရား များ၏နာမ ကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊
26  သူတို့သည် လူများပေး သော နွား ကိုယူ လုပ် ပြီးလျှင်အိုဗာလ ဘုရား၊ အကျွန်ုပ် တို့အား ထူး တော်မူပါဟု နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ဗာလ ၏ နာမ ကို ဟစ်ခေါ် ကြ၏။ သို့ရာတွင် ဗျာဒိတ် သံမ ရှိ။ ထူး သောသူလည်း ရှိ။ သူတို့သည် ကိုယ်တည် သော ယဇ် ပလ္လင်ရှေ့ မှာ ကခုန် ကြ၏။
27  မွန်းတည့် အချိန်၌ ဧလိယ က၊ ကျယ် သောအသံ နှင့် ဟစ် ကြလော့။ ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင် လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက် ၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွား တော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုး ရမည်ဟု ပြက်ယယ် ပြု၍ဆို၏။
28  သူတို့သည်လည်း ကျယ် သောအသံ နှင့် ဟစ် ထုံးစံ ရှိသည်အတိုင်းကိုယ်အသွေး နှင့် ကိုယ်ကိုလူးခြင်းငှါထားသံစူး နှင့် ကိုယ် ကိုရှစေကြ၏။
29  မွန်းလွှဲ ညဦးယံယဇ် ပူဇော် ချိန်တိုင်အောင် ပရောဖက် ပြုကြသော်လည်းဗျာဒိတ် သံမ ရှိ။ ထူး သောသူ၊ အမှု ထားသောသူလည်း ရှိသောအခါ
30  ဧလိယ က၊ ငါ့ အနီးသို့ လာ ကြလော့ဟု လူ များတို့ကိုခေါ် သည်အတိုင်းလူ အပေါင်း တို့သည် အနီးသို့ လာ ကြ၏။ ထိုအခါ ဧလိယသည် ပြိုပျက် သော ထာဝရဘုရား ၏ယဇ် ပလ္လင်ကို ရှင်းလင်း ပြီးမှ၊
31  သင် ၏အမည် ကား ဣသရေလ ဖြစ် ရမည်ဟူသောထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ယာကုပ် သား အမျိုးအနွယ် အရေအတွက် အတိုင်းကျောက် တဆယ် နှစ် လုံးကိုယူ
32  ထာဝရဘုရား ၏ နာမ တော်အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှမျိုးစေ့ နှစ်တင်းလောက်ဝင်နိုင်သော ကျုံး ကို ယဇ် ပလ္လင်ပတ်လည် ၌ တူး လေ၏။
33  ထင်း ကိုစီ နွား ကိုလည်း အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်း ပေါ် မှာ တင် လေ၏။
34  အိုး လေး လုံးကိုရေ နှင့် အပြည့် ထည့်၍မီး ရှို့စရာ ယဇ်နှင့် ထင်း ပေါ် မှာလောင်း ကြလော့ဟု ဆို သည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန် လောင်းကြဦးလော့ဟု ဆို သည်အတိုင်း သူတို့သည်လောင်းပြီးမှသုံး ကြိမ်တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံး ကြိမ်တိုင်အောင်လောင်းကြ၏။
35  ရေ သည် ယဇ် ပလ္လင်ပတ်လည် ၌ စီး ကျုံး သည်လည်း ရေ နှင့်ပြည့် လေ၏။
36  ညဦးယံယဇ် ပူဇော် ချိန်ရောက်သောအခါပရောဖက် ဧလိယ သည် ချဉ်းလာ အာဗြဟံဣဇာက်ဣသရေလ တို့၏ဘုရားသခင် ထာဝရဘုရားကိုယ်တော် သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အကျွန်ုပ် သည် ကိုယ်တော် ကျွန် ဖြစ်၍ အမိန့် တော်အတိုင်း အမှု အလုံးစုံ တို့ကို ပြု ကြောင်းကို၎င်း၊ ယနေ့ သိ ကြပါစေသော။
37  အိုထာဝရဘုရားကိုယ်တော် သည် ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း လူ တို့ စိတ် သဘောကို ပြောင်းလဲ စေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိ စေခြင်းငှါ အကျွန်ုပ် စကားကိုနားထောင် တော်မူပါ။ နားထောင် တော်မူပါဟု ဆုတောင်း လေ၏။
38  ထိုအခါ ထာဝရဘုရား ၏မီး သည် ကျ သဖြင့်မီး ရှို့ရာယဇ်အစရှိသော ထင်းကျောက်မြေမှုန့် ကို လောင် ကျုံး ရှိသော ရေ ကိုလည်း ခန်းခြောက် စေ၏။
39  လူ အပေါင်း တို့သည် မြင် လျှင် ပြပ်ဝပ် ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံ ကြ၏။
40  ဧလိယ ကလည်းဗာလ ၏ပရောဖက် တို့ကို ဘမ်းဆီး ကြလော့။ တယောက် ကိုမျှ မ လွတ် စေနှင့်ဟုစီရင် သည်အတိုင်း၊ သူ တို့ကို ဘမ်းဆီး ဧလိယ သည် ကိရှုန် ချောင်း သို့ ယူသွား ပြီးလျှင် ကွပ်မျက် လေ၏။
41  ထိုနောက် မှဧလိယ က၊ မင်းကြီးသည် စား သောက် ခြင်းငှါတက်သွား ပါလော့။ များစွာ သော မိုဃ်း ရွာမည့်အသံ ရှိသည်ဟု အာဟပ် အား ပြောဆို လျှင်၊
42  အာဟပ် သည်စား သောက် ခြင်းငှါ တက်သွား ၏။ ဧလိယ သည် ကရမေလ တောင်ပေါ် သို့ တက် မြေ ပြပ်ဝပ် လျက် မျက်နှာ ကို ဒူး ကြား မှာထား လျက်
43  မိမိ ကျွန် အား သင်တက် ၍ ပင်လယ် သို့ ကြည့်ရှု လော့ဟုဆို သည်အတိုင်းကျွန်သည်တက် ကြည့်ရှု လျှင်အဘယ် အရာမျှ မ ရှိပါဟု ပြောဆို ၏။ ဧလိယက၊ ခုနစ် ကြိမ် တိုင်အောင်သွား ၍ ကြည့်ရှုဦးလော့ဟု ဆို ၏။
44  ခုနစ် ကြိမ်မြောက်သောအခါလူ လက် နှင့် တူသော မိုဃ်းတိမ် ငယ် တခုသည် ပင်လယ် ထဲက တက် ပါ ၏ဟုဆို သော်အာဟပ် မင်းထံသို့ သွား လော့။ မိုဃ်း ရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်မင်းကြီးပြင်ဆင် ပြန် သွားမည်အကြောင်းလျှောက်ထား လော့ ဟု မှာ လိုက်လေ၏။
45  မကြာ မမြင့်မှီမိုဃ်းကောင်းကင် သည် မိုဃ်းသက် မုန်တိုင်းနှင့် မည်း ၍ ပြင်းစွာ မိုဃ်း ရွာ၏။ အာဟပ် သည် ရထားစီး ယေဇရေလ မြို့သို့ သွား ၏။
46  ထာဝရဘုရား ၏လက် တော်သည် ဧလိယ အပေါ် မှာရှိ သူသည် ခါးပန်း ကိုစည်း လျက် အာဟပ် မင်း အရင် ယေဇရေလ မြို့ တံခါးဝသို့ ပြေး လေ၏။