5
ယခု မူကား၊ အိုဗိုလ်ခြေ သတို့သမီး ၊ စည်းဝေး ၍ ခင်းကျင်း လော့။ ငါ တို့ကို ဝိုင်း ထားကြပြီ။ ဣသရေလ မင်း ၏ ပါး ကို ကြိမ်လုံး နှင့် ရိုက် ကြပြီတကား။ အိုဗက်လင် ဧဖရတ် မြို့၊ အစိုးရသောယုဒ မြို့တို့ တွင် သင် သည် မြို့ငယ် မြို့ယုတ်ဖြစ် သော်လည်း ၊ ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင်သည် ငါ့ အဘို့ သင် ၏ အထဲ မှာ ပေါ်ထွန်း လတံ့။ ထိုသခင်သည် ရှေး ကပ် ကမ္ဘာ မှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏။ သို့ဖြစ်၍ ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမသည် မ ဘွား မှီတိုင်အောင်၎င်း ၊ ဣသရေလ အမျိုးသား တို့ နှင့်တကွ ကျန် ကြွင်းသော ညီအစ်ကို တို့သည် မပြောင်းလဲ မှီ တိုင်အောင်၎င်း ၊ သူ တို့ကို စွန့်ပစ် တော်မူလိမ့်မည်။ ထိုသခင်သည် ရပ် ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။ အာရှုရိ လူသည် ငါ တို့ပြည် သို့ လာ ၊ ငါ တို့ ဘုံ ဗိမာန်များကို နင်း သောအခါ ၊ သိုးထိန်း ခုနစ် ပါးနှင့် လူကြီး ရှစ် ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း ထား လက်နက်ဖြင့် အာရှုရိ ပြည် ကို၎င်း၊ မြို့ တံခါးဝ အတွင်း ၌ နိမ်ရောဓ နိုင်ငံ ကို၎င်းသုတ်သင် ပယ်ရှင်း သောအားဖြင့်၊ ငါ တို့ပြည် သို့ လာ ၊ ငါ တို့နယ် အတွင်း တွင် နင်း သော အာရှုရိ လူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။ ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်း ကဲ့သို့ ၎င်း ၊ လူ ကို ငံ့လင့် ၊ လူသား တို့ ၏ အလို သို့မ လိုက်သော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။ ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ တော သားရဲ တို့တွင် ခြင်္သေ့ ကဲ့သို့ ၎င်း ၊ သိုး စု တို့တွင် ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။ ခြင်္သေ့ဝင် သောအခါ အဘယ်သူ မျှမကယ်နှုတ် နိုင်အောင် နင်း ကိုက်စား တတ်၏။ သင် ၏ရန်ဘက် ၌ နေသောသူတို့ကို သင် တိုက် ၊ ရန်သူ အပေါင်း တို့သည် ဆုံးရှုံး ကြလိမ့်မည်။ 10  ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ သင် ၏မြင်း တို့ကို သင့် အလယ် က ငါပယ်ရှင်း ၊ သင် ၏ ရထား တို့ကိုလည်း ဖျက်ဆီး မည်။ 11  သင် ၏ပြည် ၌ မြို့ရိုး တို့ကို ငါပယ်ရှင်း ၊ သင် ၏ ရဲတိုက် ရှိသမျှ တို့ကို ဖြိုဖျက် မည်။ 12  သင် ၏နယ် စုန်း လုပ်သောသူတို့ကို ငါပယ်ရှင်း ၊ သင် ဗေဒင် ဟောသောသူမ ရှိ ရ။ 13  ထုလုပ် သော ရုပ်တု ဆင်းတုတို့ကို သင့် အလယ် က ငါပယ်ရှင်း ၊ ကိုယ် လက် နှင့်လုပ် သော အရာကို နောက် တဖန်သင်မ ကိုးကွယ် ရ။ 14  အာရှရ ပင်တို့ကိုလည်း သင့် အလယ် ငါနှုတ် ၊ သင် ၏မြို့ တို့ကိုလည်း ငါဖျက်ဆီး မည်။ 15  ငါ့စကားကို နား ထောင်သော တပါးအမျိုးသား တို့ကို ပြင်းစွာအမျက် ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။