5
ထိုအခါ ယောက်ျားမိန်းမ များတို့သည် အမျိုးသား ချင်း ယုဒ လူတို့ကို အလွန် အပြစ်တင်၍ မြည်တမ်း ကြ၏။ အချို့ကလည်းငါ တို့နှင့် သား သမီး များ စွာရှိ ကြ၏။ သူတို့ အသက် မွေးလောက်အောင် စား စရာဆန် စပါးကို အဘယ်မှာရ နိုင်မည်နည်းဟုဆို ကြ၏။ အချို့ကလည်းငါ တို့သည် လယ်ယာဥယျာဉ်အိမ် တို့ကို ပေါင် ထားပြီ။ အစာခေါင်းပါး သောကာလဆန် စပါးကို အဘယ်မှာရ နိုင်ပါမည်နည်းဟု ဆို ကြ၏။ အချို့ကလည်းငါတို့သည် အခွန် တော်ကိုပေး စရာရှိခြင်းငှါ လယ်ယာ ဥယျာဉ် အတွက် ငွေ ကို ချေးယူ ပြီ။ ယခု မှာ ငါ တို့ ကိုယ် ခန္ဓါသည် အမျိုးသား ချင်း တို့၏ ကိုယ် ခန္ဓါကဲ့သို့ ဖြစ်၏။ ငါ တို့သား သမီးသည် သူ တို့ သား သမီးကဲ့သို့ ဖြစ်ကြ၏။ ငါ တို့ သား သမီး ကိုရောင်း၍ ကျွန် ခံစေရမည်လော။ ကျွန် ခံပြီးသော သမီး တို့ကိုလည်း ရွေးခြင်းငှါမ တတ်နိုင်။ ပိုင်ရင်းလယ်ယာ နှင့် ဥယျာဉ် တို့ သည် သူတပါး လက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။ ထိုသို့ အပြစ်တင်မြည်တမ်း သောစကား ကို ငါသည် ကြား သောအခါအလွန် ညှိုးငယ် သောစိတ်ရှိ၍ ၊ ကိုယ်အလိုအလျောက်ဆင်ခြင်ပြီးမှ၊ မှူးမတ် နှင့် မင်း အရာရှိတို့ကိုခေါ် သင် တို့သည် အမျိုးသား ချင်းတို့၌ အတိုး စားတတ်ကြသည် တကားဟု ဆုံးမ သဖြင့်သူ တို့တစ်ဘက် ၌ လူအများ တို့ကို စုဝေး စေလျက်၊ တပါးအမျိုးသား တို့လက်၌ ကျွန် ခံသောငါ တို့ ညီအစ်ကို ယုဒ လူတို့ကို၊ ငါ တို့သည် တတ်နိုင် သမျှအတိုင်း ရွေးနှုတ် ပြီးမှ၊ သင် တို့သည် ညီအစ်ကို တို့ကို တဖန် ရောင်း ဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်း ခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမ ရှိတိတ်ဆိတ် စွာနေကြ၏။ ငါကလည်းသင် တို့ပြု သော အမှု ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။ 10  ငါ နှင့်ငါ့ ညီငါ့ ကျွန် တို့သည်လည်းလူများတို့၌ ငွေ နှင့် ဆန် စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုး စား သော အမှုကို ပယ် ဖြတ်ကြပါလော့။ 11  ယနေ့ ပင်သူ တို့လယ်ယာစပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ် ရာကို၎င်းသူ တို့၌ ခွဲယူ ပြီးသော ငွေဆန် စပါး၊ စပျစ်ရည်ဆီ အချို့ကို၎င်း ပြန် ပေးကြပါလော့ ဟု ဆိုသော်၊ 12  သူတို့က ပြန် ပေးပါမည်။ ဘာမျှမ တောင်း မယူ ပါ။ ကိုယ်တော် မိန့် တော်မူသည်အတိုင်း ပြု ပါမည်ဟု ဝန်ခံ ကြ၏။ ထိုသို့ ယဇ် ပုရောဟိတ်တို့သည် ဂတိ ထား သည်အတိုင်း ပြု ရမည်အကြောင်းငါသည် သူ တို့ကို ခေါ် ၍ ကျိန်ဆို စေပြီးမှ 13  ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။ 14  ထို မှတပါး ယုဒ မြို့ဝန် အရာကို ငါခံသောအချိန်၊ အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်မှစ၍ သုံး ဆယ်နှစ် နှစ် တိုင်အောင်တဆယ် နှစ် နှစ် ပတ်လုံးငါ နှင့် ငါ့ ညီ တို့သည် မြို့ဝန် ရိက္ခါ ကိုမ စား 15  အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့်အရင်မြို့ဝန်ကဲ့သို့မ ပြု 16  ထို မှတပါး၊ ငါသည် မြို့ရိုး ကိုအမြဲလုပ် ၍နေ၏။ ငါနှင့် ငါ့ ကျွန် တို့ သည်လယ်ယာ ကို မ ဝယ်မြို့ရိုးတည်ခြင်း အမှု ကိုသာ ဝိုင်းညီ ၍ ကြိုးစား ကြ၏။ 17  ထိုမှတပါး၊ ပတ်ဝန်းကျင် ၌နေ၍ ငါ တို့ထံ သို့လာ သောတပါးအမျိုးသား ကို မဆိုဘဲ၊ ယုဒ အမျိုးသားတို့ နှင့် မင်း အရာရှိ တရာ ငါး ကျိပ်တို့သည် ငါ့ စားပွဲ စားသောက်မြဲရှိကြ၏။ 18  နေ့တိုင်း ငါ့စားပွဲကို နွား တကောင်ရွေး သော သိုး ခြောက် ကောင်၊ ကြက် များကို စီရင် ရ၏။ ဆယ် ရက် တခါများ စွာသော စပျစ်ရည် အမျိုးမျိုး ကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူ များတို့သည် ပင်ပန်း စွာ အမှု စောင့်ရသောကြောင့်မြို့ဝန် ၌ ရိက္ခာ ကို ငါမ တောင်း 19  အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။