12
- ဒါဝိဒ် သည် ကိရှ ၏သား ရှောလု ကိုရှောင် ၍ ဇိကလတ် မြို့၌ နေစဉ်၊ သူ့ဘက်သို့ ဝင်စား သောသူ၊ လေး လက်နက် ကိုဆောင်၍ လက်ျာ လက် လက်ဝဲ လက်မရွေး၊ ကျောက် နှင့် မြှား ကိုပစ်တတ်သောစစ်သူရဲကြီးရှောလု ပေါက်ဘော် ဗင်္ယာမိန် အမျိုးသားဟူမူကား၊ အကြီးအကဲ အဟေဇာသူ့နောက်ယောရှဂိဗာ မြို့သားရှေမာအာဇမာဝက် သား ယေဇေလ နှင့် ပေလက်ဗေရာခအန္တောသိ အမျိုး ယေဟု ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲ လုပ်သော ဂိဗောင် မြို့သားဣရှမာယယေရမိယဟာဇေလယောဟနန်ဂေဒရသိ အမျိုးယောဇဗဒ် ဧလုဇဲယေရိမုတ်ဗာလျာရှေမရိဟရုဖိ အမျိုးရှေဖတိ ဧလကာနယေရှာအာဇရေလယောဇာကောရသိ အမျိုး ယာရှောဗ ဂေဒေါ် မြို့နေ၊ ယေရောဟံ သား ယောလာ နှင့် ဇေဗဒိ တည်း။ ထိုမှတပါးဒါဝိဒ် ရှိရာ တော ရဲတိုက် သို့ ထွက်သွား သောသူ၊ ခွန်အား ကြီး၍ ဒိုင်း လွှားဆောင် လျက် စစ်တိုက် ခြင်းငှါ တတ်စွမ်း နိုင်သောသူ၊ ခြင်္သေ့ ကဲ့သို့မျက်နှာ ရဲ၍ တောင် ပေါ် မှာ ဒရယ် ကဲ့သို့ လျင်မြန် သော သူဂဒ် အမျိုးသားဟူမူကား၊ ဧဇာ တပါး၊ ဩဗဒိ တပါး၊ ဧလျာဘ တပါး၊ 10  မိရှမန္န တပါး၊ ယေရမိ တပါး၊ 11  အတ္တဲ တပါး၊ ဧလျေလ တပါး၊ 12  ယောဟနန် တပါး၊ ဧလဇာဗဒ် တပါး၊ 13  ယေရမိ တပါး၊ မာခဗာနဲ တပါး၊ ပေါင်းတကျိပ် တပါးတည်း။ 14  သူတို့သည် ဂဒ် အမျိုးသား တွင် ဗိုလ် လုပ်၍၊ အငယ် ကား လူတရာ အကြီး ကားလူတထောင် ကို အုပ်သောသူဖြစ်ကြ၏။ 15  ယော်ဒန် မြစ်ရေသည် ကမ်း တရှောက်လုံး ကို လွှမ်းမိုး သော ကာလပဌမ တွင်သူတို့သည် ကူး ၍ မြေညီရာအရပ်အရှေ့ အနောက် နေသောသူအပေါင်း တို့ကို ပြေး စေကြ၏။ 16  ဗင်္ယာမိန် အမျိုးသား နှင့် ယုဒ အမျိုးသားအချို့တို့ သည် ဒါဝိဒ် ရှိရာ ရဲတိုက် သို့ လာ သောအခါ 17  ဒါဝိဒ် သည် ကြိုဆိုခြင်းငှါထွက်သွား ငါ့ ကို မစ ခြင်းငှါ မေတ္တာ စိတ်နှင့် လာ လျှင် ငါသဘော တူ ၏။ သို့မဟုတ် ငါ့ ကိုရန်သူ လက် သို့ အပ်ခြင်းငှါ လာလျှင် ငါ အပြစ် ရှိသောကြောင့်ဘိုးဘေး တို့၏ ဘုရားသခင် သည် ကြည့်ရှု ဆုံးမ တော်မူပါစေသောဟုဆိုသော်၊ 18  ဝိညာဉ် တော်သည် ဗိုလ်ချုပ် အာမသဲ အပေါ်မှာ သက်ရောက် ၍၊ အိုဒါဝိဒ်ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ ၏သား တော်၊ ကိုယ်တော် ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာ ရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော် ကိုမစ သောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော် ၏ဘုရားသခင် သည် ကိုယ်တော် ကို မစ တော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူ တို့ကို လက်ခံ ဗိုလ် အရာ၌ ခန့်ထား လေ၏။ 19  ထိုမှတပါးဒါဝိဒ်သည် ရှောလု ကို စစ်တိုက် သွား သော ဖိလိတ္တိ လူတို့နှင့် လိုက် သောအခါဖိလိတ္တိ မင်း တို့က၊ ဤသူသည် ငါ တို့ကိုအပ်၍ မိမိ သခင် ရှောလု ဘက်သို့ ဝင်စားမည်ဟု တိုင်ပင် ပြီးမှ ပြန် စေသောကြောင့်ဒါဝိဒ် သည် စစ်မ ကူ ဘဲ ဇိကလတ် မြို့သို့ သွား သောကာလသူ့ဘက် သို့ ဝင်စားသော မနာရှေ အမျိုးသားဟူမူကား၊ 20  မိမိအမျိုးသားတို့တွင် လူတထောင် ကို အုပ် သော ဗိုလ်အာဒနယောဇဗဒ်ယေဒယေလမိက္ခေလယောဇဗဒ်ဧလိဟုဇိလသဲ တည်း။ 21  ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသော စစ်သူရဲ ဗိုလ်ကြီး ဖြစ် ထားပြ လုပ်သောသူတို့ တဘက် ၌ ဒါဝိဒ် ကို မစ ကြ၏။ 22  ထိုကာလ ဘုရားသခင် ၏ ဗိုလ်ခြေ ကဲ့သို့ ကြီးစွာ သော ဗိုလ်ခြေ ဖြစ်သည်တိုင်အောင် တနေ့ ထက် တနေ့ဒါဝိဒ် ကို ကူညီ ၍ဝင်စား ကြ၏။ 23  ထာဝရဘုရား ၏ အမိန့် တော်အတိုင်းရှောလု ၏ နိုင်ငံ ကို ဒါဝိဒ်လက်သို့လွှဲ ခြင်းငှါ ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့သို့ လာ သောသူ၊ စစ်တိုက် လက်နက် စုံနှင့်ပြည့်စုံသော တပ်သားစာရင်း ဟူမူကား 24  ဒိုင်း နှင့် လှံ ကိုဆောင် ၍ စစ်တိုက် လက်နက်စုံ နှင့်ပြည့်စုံသော ယုဒ အမျိုးသား ခြောက် ထောင် ရှစ် ရာ 25  ခွန်အား ကြီးသော စစ်သူရဲရှိမောင် အမျိုးသား ခုနစ် ထောင် တရာ 26  လေဝိ အမျိုးသား လေး ထောင် ခြောက် ရာ 27  အာရုန် အမျိုးအုပ်ယောယဒ နှင့်အတူ ပါသော အာရုန်အမျိုးသားသုံး ထောင် ခုနစ် ရာ 28  ခွန်အား ကြီးသောသူရဲလူပျို ဇာဒုတ် နှင့် သူ ၏ အဆွေအမျိုး တပ်မှူး နှစ်ကျိပ် နှစ် ပါး၊ 29  ရှောလု ပေါက်ဘော် ဖြစ်သော ဗင်္ယာမိန် အမျိုးသား သုံး ထောင်ထိုအမျိုးသားအများ တို့သည် ရှောလု ဘက်မှာစောင့် နေကြ၏။ 30  ခွန်အား ကြီး၍ အဆွေအမျိုး တို့တွင် ထင်ရှားသော ဧဖရိမ် အမျိုးသား နှစ် သောင်းရှစ် ရာ 31  ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်း ဝင်သော မနာရှေ အမျိုး ဝက် ထဲက လူတသောင်း ရှစ်ထောင်၊ 32  ကာလ အချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ ပြု သင့်သည်ကို သိ တတ်သော ဣသခါ အမျိုးသား သူကြီး နှစ် ရာ၊ သူ တို့အမျိုးသား ချင်း အပေါင်း တို့သည် အသင့်ရှိကြ၏။ 33  စိတ် နှစ်ခွမ ရှိ၊ တပ် အခင်းအကျင်း မပျက်၊ စစ်တိုက် လက်နက်စုံ နှင့် ပြည့်စုံလျက် စစ်ချီ ၍ တိုက်တတ် သော ဇာဗုလုန် အမျိုးသားငါး သောင်း၊ 34  နဿလိ အမျိုးသားဗိုလ် တထောင်ဒိုင်း နှင့် လှံ ကို ဆောင်သော သူသုံးသောင်း ခုနစ်ထောင်၊ 35  ဒန် အမျိုးထဲက စစ်မှူး စစ်ရေး၌ လေ့ကျက် သော သူနှစ်သောင်း ရှစ်ထောင်ခြောက် ရာ 36  အာရှာ အမျိုးထဲက ထိုအတူ လေ့ကျက် ၍ စစ် ချီ တတ်သောသူ လေးသောင်း 37  ယော်ဒန် မြစ်တဘက် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ထဲက စစ်တိုက် လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်း နှစ်သောင်းတည်း၊ 38  စစ်အခင်းအကျင်းမပျက်၊ တိုက် တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူ အပေါင်း တို့သည် ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသောစိတ် အားကြီး၍ ဟေဗြုန် မြို့သို့ လာ ကြ၏။ ကျန်ကြွင်း သော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ချင်သောစိတ် သဘောတညီတညွတ် တည်းရှိကြ၏။ 39  ထိုသူအပေါင်းတို့သည် သုံး ရက် ပတ်လုံးအထံ တော်၌ စား သောက် လျက် နေ ကြ၏။ အမျိုးသား ချင်းတို့ သည် ပြင်ဆင် နှင့်ကြပြီ။ 40  အနီးအပါး ၌ နေသောသူတို့သည်လည်းသိုး နွား နှင့်တကွအမဲသား၊ မုန့်ညက်သင်္ဘော သဖန်းသီး၊ စပျစ်သီးစပျစ်ရည်ဆီ တည်းဟူသောရိက္ခါ များကို မြည်းကုလားအုပ်လားနွား အပေါ် မှာတင်လျက် ဣသခါ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်မှ ပင့်ဆောင် ခဲ့၍ ဣသရေလ အမျိုးသားတို့သည် ပျော်မွေ့ ကြ၏။