11
ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါဣသရေလ အမျိုးကို စစ်တိုက် နိုင်ငံ တော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒ အမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။ သို့ရာတွင် ဘုရားသခင် ၏နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊ သင်သည် ရှောလမုန် သား ယုဒ ရှင်ဘုရင် ရောဗောင် နှင့်ယုဒ ခရိုင်၊ ဗင်္ယာမိန် ခရိုင်၌ ရှိသောဣသရေလ လူအပေါင်း တို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင် တို့ညီအစ်ကို တို့ကို စစ်တိုက် ခြင်းငှါချီ၍ မ သွား ကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု ကိုငါ စီရင် ပြီဟု မိန့် တော်မူသောထာဝရဘုရား ၏စကား တော်ကိုနားထောင် ယေရောဗောင် ကို စစ် မချီ၊ ပြန် သွားကြ၏။ ရောဗောင် သည် ယေရုရှလင် မြို့၌ နေ ယုဒ ပြည် ၌ ခိုင်ခံ့ သောမြို့ တို့ကိုပြုစု ရာတွင်၊ ဗက်လင် မြို့၊ ဧတံ မြို့၊ တေကော မြို့၊ ဗက်ဇုရ မြို့၊ ရှောကော မြို့၊ အဒုလံ မြို့၊ ဂါသ မြို့၊ မရေရှ မြို့၊ ဇိဖ မြို့၊ အဒေါရိမ် မြို့၊ လာခိရှ မြို့၊ အဇေကာ မြို့၊ 10  ဇောရာ မြို့၊ အာဇလုန် မြို့၊ ဟေဗြုန် မြို့တည်းဟူသော ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင်တွင် ခိုင်ခံ့ သောမြို့ တို့ကို ပြုစု လေ၏။ 11  ရဲတိုက် များကိုလည်း ခိုင်ခံ့ စေ၍အကြီးအကဲ နှင့်တကွ ဆီစပျစ်ရည် များ၊ ရိက္ခါ များကို သိုထား လေ၏။ 12  ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသည် အမှုတော်ကို ထမ်းရွက်သောကြောင့်၊ မြို့ အသီးအသီး တို့၌ ဒိုင်း လွှား လှံ လက်နက်များကို ထား၍ အလွန် ခိုင်ခံ့ စေ၏။ 13  ဣသရေလ ပြည် အရပ်ရပ် ရှိသောယဇ် ပုရောဟိတ် လေဝိ သားတို့သည်၊ မိမိ တို့နေရာ မှ အထံ တော်သို့ လာ ကြ၏။ 14  လေဝိ သားတို့သည်၊ မိမိ တို့နေရာ ဖြစ်သော ပိုင် ထိုက်ရာအရပ်ကို စွန့် ယုဒ ပြည်ယေရုရှလင် မြို့သို့ ရောက် လာသောအကြောင်းဟူမူကား၊ ယေရောဗောင် နှင့် သူ ၏သား တို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ 15  မြင့် သောအရပ်၊ နတ်ဆိုးမိမိလုပ် သော နွားသငယ် တို့အဘို့ယဇ် ပုရောဟိတ်တို့ကို ခန့်ထား သတည်း။ 16  ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါသဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါလေဝိ သားတို့နောက် သို့လိုက်၍ယေရုရှလင် မြို့သို့ ရောက် လာကြ၏။ 17  ထိုသို့သူတို့သည် ယုဒ နိုင်ငံ ကို အားပေး ရှောလမုန် သား ရောဗောင် ကို သုံး နှစ် ပတ်လုံးခိုင်ခံ့ စေကြ၏။ သုံး နှစ် ပတ်လုံးဒါဝိဒ် လမ်း၊ ရှောလမုန် လမ်း သို့ လိုက် ကြ၏။ 18  ရောဗောင် သည်လည်း ဒါဝိဒ် သား ယေရိမုတ် သမီး မဟာလတ်ယေရှဲ သား ဧလျာဘ သမီး အဘိဟဲလ နှင့်စုံဘက် 19  ယုရှရှမာရိဇာဟံသား သုံးယောက်တို့ကို မြင် ရ၏။ 20  ထိုနောက်အဗရှလုံ သမီး မာခါ နှင့်စုံဘက် အဘိယအတ္တဲဇိဇရှေလောမိတ် တို့ကို မြင် ရ၏။ 21  ရောဗောင် သည် ခင်ပွန်း တဆယ် ရှစ် ယောက်၊ မောင်းမမိဿံ ခြောက်ဆယ် တို့ကို သိမ်းယူ သား နှစ်ဆယ် ရှစ် ယောက်၊ သမီး ခြောက်ဆယ် တို့ကို ရ သည်တွင်အဗရှလုံ သမီး မာခါ ကို အခြားသောခင်ပွန်း မောင်းမမိဿံ အပေါင်း တို့ထက် သာ၍ချစ် သောကြောင့် 22  မာခါ ၏သား အဘိယ ကို ရှင် ဘုရင်အရာ ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကို တို့တွင်အကြီးဆုံး ဖြစ်စေ ခြင်းငှါ ချီးမြှောက် လေ၏။ 23  ပညာ သတိနှင့်စီရင်၍ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင် အရပ်ရပ် တို့တွင်ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌မိမိ သား တို့ကို အနှံ့အပြား နေရာချ၍များစွာ သောရိက္ခါ ကို သိုထား၏။ မယား အများ တို့ကို အလို ရှိ၏။