14
အဘိယ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။ ထိုမင်း လက်ထက်ပြည် တော်သည် ဆယ် နှစ် ပတ်လုံးငြိမ်းချမ်း သာယာ၏။ အာသ မင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သော အမှုတို့ကို ပြု လေ၏။ တပါး အမျိုးသားဘုရား၏ ယဇ် ပလ္လင်တို့ကို၎င်း၊ မြင့် သောအရပ်တို့ကို၎င်း ပယ်ရှား ၏။ ရုပ်တု ဆင်းတုတို့ကို ဖြိုဖျက် အာရှရ ပင်တို့ကို ခုတ်လှဲ ၏။ ယုဒ လူတို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ရှာ ပညတ် တရား ကို စောင့်ရှောက် မည်အကြောင်း မိန့် တော်မူ၏။ ယုဒ မြို့ ရွာ အရပ်ရပ် တို့၌ ရှိသောကုန်း နှင့် ရုပ်တု ဆင်းတုတို့ကို ပယ်ရှား နိုင်ငံ တော်ရေး သာယာ လျက် ရှိ၏။ ထို ကာလ ငြိမ်သက် သောအခွင့်ကို ထာဝရဘုရား ပေးတော်မူသဖြင့်ယုဒ ပြည်သည် ငြိမ် စစ်မှု နှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။ ငါတို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ ထိုဘုရားသည် အရပ်ရပ် ငြိမ်သက် သောအခွင့်ကိုပေး တော်မူသောကြောင့်တပြည်လုံး ကို အစိုးရစဉ်အခါ၊ ဤ မည်သော မြို့ တို့ကို ပြုစု မြို့ရိုးပြအိုးတံခါးကန့်လန့်ကျင် တို့ကို လုပ် ကြကုန်အံ့ဟု ယုဒ လူတို့အား မိန့် တော်မူ၏။ အာသ မင်း၌ ကိဒုန်နှင့်လှံ ကိုကိုင် သော ယုဒ အမျိုး သူရဲ သုံး သိန်းဒိုင်း လွှားနှင့် လေး ကိုကိုင် သော ဗင်္ယာမိန် အမျိုးသူရဲနှစ် သိန်းရှစ်သောင်းရှိ၍ထို သူ အပေါင်း တို့သည် ခွန်အားကြီး သော စစ်သူရဲ ဖြစ်ကြ၏။ တဖန် ကုရှ ရှင်ဘုရင် ဇေရ သည်စစ်သူရဲ တသန်းရထား သုံး ရာ နှင့်တကွ ချီ လာ၍မရေရှ မြို့သို့ ရောက် သောအခါ 10  အာသ သည်ဆီးကြို မရေရှ မြို့အနား မှာ ဇေဖသ ချိုင့်၌ စစ် ပြိုင် ကြ၏။ 11  အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် အိုထာဝရဘုရားကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရားကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက်ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊ 12  ထာဝရဘုရား သည် ကုရှ လူတို့ကိုအာသ နှင့် ယုဒ လူတို့ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့်သူတို့သည်ပြေး ကြ၏။ 13  အာသ နှင့် သူ ၏လူ တို့သည် ဂေရာ မြို့တိုင်အောင် လိုက် သဖြင့်ကုရှ လူတို့သည် ပြန် ၍မ တိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရား နှင့် ဗိုလ်ခြေ တော်ရှေ့ မှာ ဖျက်ဆီး ခြင်းကိုခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။ 14  ဂေရာ မြို့ပတ်ဝန်းကျင် မြို့ သားတို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ ရှိသမျှ တို့ကို လုပ်ကြံ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာ အများ တို့ကို သိမ်းယူ ကြ၏။ 15  တိရစ္ဆာန် တင်းကုပ် များကိုလည်း တိုက်ဖျက် လျက်သိုး နှင့် ကုလားအုပ် အများတို့ကို သိမ်းယူ ။ယေရုရှလင် မြို့သို့ ပြန် သွားကြ၏။