18
ယောရှဖတ် မင်းသည် ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ အာဟပ် မင်းနှင့် အမျိုး ဆက်လေ၏။ နောက်တဖန် ရှမာရိ မြို့၊ အာဟပ် မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလ ရှင်ဘုရင် အာဟပ် သည် ယုဒ ရှင်ဘုရင် ယောရှဖတ် နှင့်သူ၏လူ တို့အဘို့ များစွာ သော သိုး နွား တို့ကိုစီရင်၍၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ လိုက် စေခြင်းငှါ ဂိလဒ် ပြည်ရာမုတ်မြို့သို့ ငါ နှင့်အတူ လိုက် မည် လော ဟုမေး လျှင်၊ ယောရှဖတ်က၊ ငါ သည် မင်းကြီး ကဲ့သို့ ၎င်းငါ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်းဖြစ်လျက်၊ မင်းကြီး နှင့် ဝိုင်း၍ စစ်တိုက် မည်ဟု ပြန်ပြော ၏။ တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊ ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင်ငါသည်ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး သော်သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ပရောဖက် တစုံတပါးမျှမရှိသလောဟု မေးသော်၊ ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက်ဣမလ သား မိက္ခါ ရှိသေး၏။ သို့ရာတွင်။ထိုသူ ကိုငါ မုန်း ၏။ ငါ မင်္ဂလာ စကားကိုမ ဟောအမင်္ဂလာ စကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင်ယောရှဖတ် က၊ ထိုသို့မင်းကြီး ပြော ပါနှင့်ဟု ပြန်ဆို ၏။
ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကို ခေါ် ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟု မိန့် တော်မူ၏။ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက်ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သောအရပ်၌ ရာဇ ပလ္လင် တို့အပေါ် မှာ ထိုင် ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။ 10  ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ထာဝရဘုရား မိန့် တော်မူသည်ကားကိုယ်တော်သည် ရှုရိ ပြည်ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
11  ပရောဖက် အပေါင်း တို့ကလည်းဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ အောင် တော်မူပါ၊ ထာဝရဘုရား သည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူ မည်ဟု ပရောဖက် ပြု၍ ဟောကြ၏။
12  မိက္ခါ ကို ခေါ် သောတမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟော ကြ၏။ ကိုယ်တော် လည်း သူ တို့ဟော ကြသည်နည်းတူမင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆိုလျှင်၊ 13  မိက္ခါ က၊ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ ငါ ၏ဘုရားသခင် မိန့် တော်မူသော စကားကိုသာ ငါပြန်ပြော ရမည်ဟုဆို ၏။ 14  ရှင်ဘုရင် ထံသို့ ရောက် သောအခါရှင် ဘုရင်က၊ အချင်းမိက္ခါငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး လျှင်မိက္ခါကစစ်ချီ အောင် တော်မူပါ။ ရန်သူတို့ကို လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
15  ရှင်ဘုရင် ကလည်းမှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့် နှင့် သင်သည် ငါ့ အား ဟော မည်အကြောင်းငါ သည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊ 16  မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း ရှိသော သိုး ကဲ့သို့ တောင် များအပေါ် မှာ အရပ်ရပ်ကွဲပြား လျက်ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း သူအပေါင်းတို့သည် အရှင် ရှိသောကြောင့်၊ အသီးအသီး ကိုယ် နေရာ သို့ ပြန် ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
17  ဣသရေလ ရှင်ဘုရင် ကလည်းသူသည်ငါ မင်္ဂလာ စကားကိုမ ဟောအမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟုမင်းကြီး အား ငါမ ပြော သလော ဟု ယောရှဖတ် အား ဆို ၏။
18  မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက် ၌ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။ 19  ထာဝရဘုရား ကလည်းအာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ဆုံး စေခြင်းငှါအဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီပြန်လျှောက် ကြ၏။
20  တဖန် ဝိညာဉ် တပါးသည်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက်အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင် 21  ထာဝရဘုရား က၊ အဘယ်သို့ သွေးဆောင်မည်နည်း ဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ထိုမင်းကြီး ၏ပရောဖက် အပေါင်း တို့အထဲ မှာ၊ မုသာစကား ကို ပြော တတ်သောစိတ်ဝိညာဉ် ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည်သွေးဆောင် နိုင် လိမ့်မည်။ ထိုသို့ သွား ပြု လော့ဟု မိန့် တော်မူ၏။ 22  သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ်ဝိညာဉ် ကို မင်းကြီး ၏ပရောဖက် အပေါင်းတို့၌ သွင်း တော်မူပြီ။ မင်းကြီး ၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟော လေ၏။
23  ထိုအခါ ခေနာနာ သား ဇေဒကိ သည် ချဉ်းလာ ၍ မိက္ခါ ၏ပါး ကို ပုတ် လျက်ထာဝရဘုရား ၏ ဝိညာဉ် တော် သည် သင် နှင့်နှုတ်ဆက် ခြင်းငှါအဘယ် လမ်း ဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
24  မိက္ခါ က၊ သင်သည်ပုန်းရှောင် ၍နေခြင်းငှါအတွင်း ခန်း ထဲသို့ ဝင် သော နေ့ သင် မြင် လိမ့်မည်ဟု ဆို ၏။
25  ဣသရေလ ရှင်ဘုရင် က၊ မိက္ခါ ကို မြို့ ဝန်မင်း အာမုန် ထံသား တော်ယောရှ ထံသို့ ယူသွား ၍၊ 26  သူကို ထောင် ထဲမှာလှောင်ထား ကြ။ ငါ သည် ငြိမ်ဝပ် စွာပြန် ၍ မ လာမှီတိုင်အောင်၊ ဆင်းရဲ စွာ စားသောက် စေဟုအမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ ဟု စီရင် ၏။
27  မိက္ခါ ကလည်းမင်းကြီးသည် ငြိမ်ဝပ် စွာ ပြန်လာ ရလျှင်ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။ 28  ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။ 29  ဣသရေလ ရှင်ဘုရင် က၊ ငါသည် ခြားနားသော အယောင် ကို ဆောင်၍စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကားမင်းမြောက်တန်ဆာ ကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကိုဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။ 30  ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါးအခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထား စီး သူရဲ အုပ်ဗိုလ်မင်းတို့ကိုမှာ ထားနှင့် သောကြောင့် 31  ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟုဆို လျက်သူ့ ကို တိုက် အံ့သောငှါ ဝိုင်းလာကြ ၍၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။ ထာဝရဘုရား လည်း မစ သူတို့ကိုလွှဲ သွားစေခြင်းငှါဘုရားသခင် သွေးဆောင် တော်မူ၏။ 32  ဣသရေလ ရှင်ဘုရင် ဟုတ် ကြောင်း ကို၊ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါမလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။ 33  လူ တယောက်သည် မ ရွယ်ဘဲလေး နှင့်ပစ် ၍၊ ဣသရေလ ရှင်ဘုရင် ကို၊ သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော်၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ထုတ် ဆောင် လော့။ ငါနာ သည်ဟု မိမိရထား တော်ထိန်းကို ဆို ၏။ 34  ထို နေ့ တိုး တိုက် ကြ၏။ ဣသရေလ ရှင်ဘုရင် သည် ညဦးယံ တိုင်အောင်ရှုရိ လူတဘက် တချက်၌ ရထား တော်ထဲမှာ လူကိုမှီ ၍ထိုင်နေ၏။ နေဝင် ချိန် နီး သောအခါ အသက် တော်ကုန်၏။