2
ရှောလမုန် သည် ထာဝရဘုရား ၏ နာမတော် အဘို့ အိမ် ကို၎င်းနန်းတော် ကို၎င်း တည်ဆောက် ခြင်းငှါ အကြံ ရှိ၍၊ ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ်မှာ သစ်ခုတ် သော သူရှစ်သောင်းကြည့်ရှု စီရင်ရသောသူ သုံး ထောင် ခြောက် ရာ တို့ကို ခွဲခန့် ပြီးမှ၊ တုရု မင်းကြီး ဟိရံ ထံသို့ စေလွှတ် ၍၊ မင်းကြီးသည် ငါ့ အဘ ဒါဝိဒ် ၏ နန်းတော် ဆောက် စရာဘို့ အာရဇ် သစ်သားကိုပေး လိုက်သည်နည်းတူ ငါ၌တဖန် ကျေးဇူးပြု ပါလော့။ ဣသရေလ အမျိုးသည် အစဉ် ကျင့်ရသောတရားအတိုင်း ဘုရားရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ခြင်းငှါ၎င်း၊ ရှေ့ တော်မုန့်ကို အစဉ် တင်ခြင်းငှါ၎င်း၊ ညဦး နံနက်ဥပုသ်နေ့လဆန်း နေ့၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲ နေ့တို့၌ မီးရှို့ ရာယဇ်ကိုပူဇော် ခြင်းငှါ ၎င်း၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော် ကို တည်ဆောက် ၍ ပူဇော် ရမည်။ ငါ တည်ဆောက် ရသော အိမ် တော်သည် ကြီး ရမည်။ ငါ တို့ဘုရားသခင် သည် ဘုရား တကာ တို့ထက် ကြီးမြတ် တော်မူ၏။ ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို အဆံ့ ခံနိုင်သည်ဖြစ်၍ကျိန်းဝပ်တော်မူရာ အိမ် ကိုအဘယ်သူ တည်ဆောက် နိုင် မည်နည်း။ ရှေ့ တော်၌ ယဇ် ကို မီးရှို့ရာ အိမ်မှတပါး အခြား သော အိမ် တော်ကို တည်ဆောက် ခြင်းငှါ ငါ သည် အဘယ်သို့သော သူဖြစ်သနည်း။ ယခုမှာ ရွှေငွေကြေးဝါသံမောင်း သော အထည်၊ နီ သောအထည်၊ ပြာ သောအထည်ကို လုပ် တတ် သောအတတ်ငါ့ အဘ ဒါဝိဒ် ပြင်ဆင် ၍ ယေရုရှလင် မြို့၊ ယုဒ ပြည်၌ ငါ့ ထံမှာ ရှိသော ဆရာသမား တို့နှင့် ဝိုင်း၍ ထုလုပ် တတ်သော အတတ်နှင့် ပြည့်စုံ သော သူတယောက် ကို ငါ့ ထံသို့ စေလွှတ် ပါ။ အာရဇ် သစ်သားထင်းရူး သစ်သား၊ အာလဂုံ သစ်သားများကို လေဗနုန် တောင်မှာ ခုတ်၍ပေး လိုက်ပါ။ မင်းကြီး ၏ ကျွန် တို့သည် လေဗနုန် တောင်ပေါ်မှာ သစ် ခုတ် တတ် သည် ကို ငါ သိ ၏။ သစ်သား အများကို ပြင်ဆင် ခြင်းငှါငါ့ ကျွန် တို့ သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍လုပ်ကိုင်ကြလိမ့်မည်။ ငါ တည်ဆောက် ရသော အိမ် တော်သည် အလွန် ကြီး၍ အံ့ဩဘွယ် သော အိမ်ဖြစ်ရမည်။ 10  သစ် ခုတ် သော မင်းကြီး ကျွန် တို့အား ဂျုံဆန် ကောရ နှစ်သောင်းမုယောဆန် နှစ်သောင်းစပျစ်ရည် ဗတ် နှစ်သောင်းဆီ နှစ်သောင်း ကို ငါပေး မည်ဟု မှာ လိုက် လေ၏။ 11  တုရု မင်းကြီး ဟိရံ သည် စာရေး ရှောလမုန် ထံသို့ ပြန်ပေး လိုက်သည်ကား၊ ထာဝရဘုရား သည် မိမိ လူမျိုး ကို ချစ် တော်မူသောကြောင့်ကိုယ်တော် ကို သူ တို့ ရှင်ဘုရင် အရာ၌ ချီးမြှောက် တော်မူပြီ။ 12  ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် ဗိမာန် တော်ကို၎င်းနန်းတော် ကို၎င်း၊ တည်ဆောက် ခြင်းငှါတတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း ပညာသတိ နှင့် ပြည့်စုံသောသား ကို ဒါဝိဒ် မင်းကြီး အား ပေး တော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။ 13  ယခုမှာ ဉာဏ်ကောင်း ၍ လိမ္မာ သောသူ ဟိရံအဘိ ကို ငါစေလွှတ် ပါ၏။ 14  သူ့အမိ ကားဒန် အမျိုးသမီးအဘ ကား တုရု အမျိုးသား ဖြစ်၏။ သူသည် ရွှေငွေကြေးဝါသံကျောက်သစ်သားမောင်း သောအထည်၊ ပြာ သော အထည်။ နီ သောအထည်၊ ပိတ်ချော ကို လုပ် တတ်သော အတတ်အမျိုးမျိုး ထုလုပ် တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော် ၏ ဆရာသမား ခမည်းတော် အရှင် ဒါဝိဒ် ၏ ဆရာသမား တို့နှင့် ဝိုင်းလျက်၊ လိုသမျှ ကို ဉာဏ်ရှာ ၍ လုပ်တတ်သောသူဖြစ် ၏။ 15  သို့ဖြစ်၍ ကိုယ်တော်အမိန့် ရှိသည်အတိုင်းဂျုံဆန်မုယောဆန်စပျစ်ရည်ဆီ ကိုကိုယ်တော် ကျွန် တို့ အား ပေး ပါတော့။ 16  ငါ တို့သည် ကိုယ်တော် လိုချင် သမျှ သောသစ်သား ကို၊ လေဗနုန် တောင်ပေါ်မှာ ခုတ် ပြီးလျှင် ဘောင် လုပ်၍ ပင်လယ် လမ်းဖြင့်ယုပ္ပေ မြို့သို့ ဆောင် ခဲ့ပါမည်။ ကိုယ်တော် သည် ယေရုရှလင် မြို့သို့ သယ်ပို့ ရမည်ဟု ပြန်ပြော ၏။ 17  ခမည်းတော် ဒါဝိဒ် သည် ဣသရေလ နိုင်ငံ နေသော တပါးအမျိုးသား အပေါင်း တို့ကို စာရင်း ယူပြီး သည်နောက်တဖန်ရှောလမုန် သည် စာရင်း ယူပြန်၍၊ တသိန်း ငါးသောင်းသုံး ထောင် ခြောက် ရာ တို့ကို တွေ့ ၏။ 18  ထမ်း သောသူ ခုနစ်သောင်းတောင် ပေါ်မှာ သစ်ခုတ် သောသူရှစ်သောင်းအမှု ကိုကြည့်ရှု စီရင်သောသူ သုံး ထောင် ခြောက် ရာ တို့ကို ခွဲထား တော်မူ၏။