21
ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သူတို့နှင့်အတူ ဒါဝိဒ် မြို့ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယဟောရံ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏။ ယုဒရှင်ဘုရင် ယောရှဖတ် သားယဟောရံညီဟူမူကားအာဇရိယေယလေဇာခရိအာဇရိမိက္ခေလရှေဖတိ တည်း။ ခမည်းတော် သည်များစွာ သော ရွှေ ငွေ ဥစ္စာ ရတနာနှင့်တကွ ယုဒ ပြည်၌ ခိုင်ခံ့ သောမြို့ တို့ကို သူ တို့ အား ပေး ၏။ နိုင်ငံ ကိုကားသားဦး ယဟောရံ အား ပေး ၏။ ယဟောရံ သည် ခမည်းတော် နိုင်ငံ တည် သောအခါ ကိုယ်ကိုခိုင်ခံ့ စေ၍ညီ တော်အပေါင်း တို့ကို၎င်းဣသရေလ မှူးတော် မတ်တော်တချို့တို့ကို၎င်းထား နှင့် သတ် လေ၏။ ယဟောရံ သည် အသက် သုံးဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ လေ၏။ အာဟပ် သမီး နှင့်စုံဘက် သဖြင့်ဣသရေလ ရှင် ဘုရင်တို့လိုက် ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။ သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစ ရှိသော သား မြေးတို့၏ မီးခွက် ကို အစဉ် ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ် နှင့် ပဋိညာဉ် ဖွဲ့ တော်မူသောကြောင့်သူ၏အမျိုး ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏။ ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍၊ ကိုယ်အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက် ကြ၏။ ယဟောရံ မင်းသည် မှူးမတ် များ၊ ရထား စီးသူရဲများအပေါင်း တို့နှင့်တကွ စစ်ချီ ညဉ့် အခါ ဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ လေ၏။ 10  သို့သော်လည်းဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊ 11  ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့်ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။ 12  ပရောဖက် ဧလိယ ပေးလိုက်သောစာ သည် ထိုမင်း ထံ သို့ရောက် သဖြင့်သင့် အဘ ဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကားသင် သည် ခမည်းတော် ယောရှဖတ် လမ်း နှင့် ယုဒ ရှင်ဘုရင် အာသ လမ်း သို့ လိုက် 13  ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း 14  ထာဝရဘုရား သည် သင် ၏လူ များ၊ သင် ၏သား မယား များ၊ သင် ၏ဥစ္စာ ရှိသမျှ ကို ကြီးစွာ သောဘေး ဖြင့် ဒဏ်ခတ် တော်မူမည်။ 15  သင့် အူ သည် တနေ့ ထက်တနေ့ထွက် အောင်ဝမ်း ထဲ ၌ပြင်းစွာ သောအနာ ရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။ 16  ထိုနောက်မှထာဝရဘုရား သည် ဖိလိတ္တိ လူ၊ ကုရှ ပြည်နှင့်နီးသော အာရပ် လူတို့ကို၊ ယဟောရံ မင်း တစ်ဘက် နှိုးဆော် တော်မူသဖြင့် 17  သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့်အထွေး ဆုံး သောသား အာခဇိမှတပါးတယောက် မျှမကျန်ကြွင်း 18  နောက်တဖန် ပျောက် နိုင်သောဝမ်း နာ ဖြင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူ၏။ 19  ရှင်ဘုရင်သည် တာရှည် စွာနာ နှစ် နှစ်စေ့ သောအခါ၊ အနာ ပြင်းထန် သောကြောင့်အူ ထွက် ၍ အသက် ချုပ်လေ၏။ ပြည်သား တို့ သည်ဘိုး တော် ဘေးတော်တို့အဘို့ မီးရှို့ ခြင်းကိုပြု သကဲ့သို့ထိုမင်း အဘို့ ပြု။ 20  ယဟောရံ သည် အသက်သုံးဆယ် နှစ် နှစ်ရှိ သော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ ပြီးမှအဘယ်သူမျှ မ နှမြော ဘဲသေ သွား၏။ ဒါဝိဒ် မြို့ သင်္ဂြိုဟ် သော်လည်း ရှင် ဘုရင်တို့ သင်္ချိုင်း သင်္ဂြိုဟ်ကြ။