26
ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည်၊ အသက် တဆယ် ခြောက် နှစ်ရှိသောသား တော်ဩဇိ ကို ယူ ခမည်းတော် အာမဇိ အရာ ၌ နန်းတင် ကြ၏။ ထိုမင်း သည် ခမည်းတော် သေ သောနောက်ဧလုတ် မြို့ကို ပြုစု ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏။ ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကားယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏။ ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်းထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။ ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။ ထိုမင်းသည် စစ်ချီ ဖိလိတ္တိ လူတို့ကို တိုက် သဖြင့်ဂါသ မြို့ရိုးယာဗနေ မြို့ရိုးအာဇုတ် မြို့ရိုး တို့ကို ဖြိုဖျက် ပြီးမှအာဇုတ် မြို့ပတ်လည်ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့ သစ်တို့ကို တည်ထောင် လေ၏။ ဘုရားသခင် သည် ဖိလိတ္တိ လူ၊ ဂုရဗာလ မြို့မှာ နေ သောအာရပ် လူ၊ မဟုနိမ် လူတို့တစ်ဘက် ၌ သူ့ ကို မစ တော်မူ၏။ အမ္မုန် အမျိုးသားတို့သည်လည်းဩဇိ မင်းအား လက်ဆောင် ပဏ္ဏာတို့ကို ဆက် ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့ စေသဖြင့်သိတင်း တော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စော လေ၏။ ဩဇိ မင်းသည် ယေရုရှလင် မြို့ ထောင့် တံခါးချိုင့် တံခါးမြို့ရိုးကွေ့ တံခါး၌ ရဲတိုက် တို့ကို တည် ခိုင်ခံ့ စေ၏။ 10  တော လည်း ရဲတိုက် တို့ကို တည် ၏။ ရေတွင်း များ ကိုလည်း တူး ၏။ ချိုင့်ဝှမ်း ရာအရပ် နှင့် မြေညီ ရာ အရပ်၌ များစွာ သော သိုး နွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေ ကောင်းသောအရပ်၌ လယ် လုပ်သောသူနှင့် စပျစ် ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာ ရှိ ၏။ 11  ဩဇိ မင်း၌ တပ်စာရေး ယေယေလ နှင့် တပ် အုပ် မာသေယ တို့သည် စာရင်း ယူ သည်အတိုင်းရှင်ဘုရင် ၏ ဗိုလ်မင်း ဟာနနိ သည် စီရင် အသီးအသီး တပ် ဖွဲ့ သော စစ်သူရဲ ဗိုလ်ခြေများရှိ ကြ၏။ 12  ထိုသို့ခွန်အား ကြီးသော သူရဲ အဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သော သူပေါင်းကား၊ နှစ်ထောင် ခြောက် ရာ တည်း။ 13  ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူ တဘက် ၌ ရှင်ဘုရင် ကို ထောက်မ ခြင်းငှါကြီး သောခွန်အားနှင့် စစ်တိုက် သောသူရဲပေါင်းကား၊ သုံး သိန်းခုနစ် ထောင် ငါးရာ တည်း။ 14  ဩဇိ မင်းသည်လည်းဗိုလ်ခြေ အပေါင်း တို့အဘို့ ဒိုင်း လွှား၊ လှံသံ ခမောက်လုံး၊ သံချပ်လေးကျောက် နှင့် ပစ်စရာ လောက်လွှဲ တို့ကို ပြင်ဆင် လေ၏။ 15  လိမ္မာ သောသူတို့သည် ဉာဏ် ရှာ၍လုပ် သော ယန္တရား စက်တို့ကိုလည်းယေရှုရှလင် မြို့ရဲတိုက်မြို့ပြအိုး အပေါ်က မြှား နှင့် ကျောက် ကြီး ကို ပစ် စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုး ကြီးအောင် အထူးသဖြင့်မစ ခြင်းကိုခံရသည်ဖြစ်၍၊ သိတင်း တော်သည် အနှံ့အပြား ကျော်စော၏။ 16  ဩဇိ မင်းသည် တန်ခိုး ကြီးသောအခါကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ် ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား နံ့သာပေါင်း ကို မီးရှို့ရာ ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါထာဝရဘုရား ၏ ဗိမာန် တော်ထဲသို့ ဝင် လေ၏။ 17  ယဇ်ပုရောဟိတ် အာဇရိ သည် ရဲရင့်ခြင်းသတ္တိ ရှိသောထာဝရဘုရား အမှုတော် ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ် တို့နှင့်တကွရှင်ဘုရင်ဩဇိနောက် တော်သို့ လိုက် 18  ဆီးတား သဖြင့်အိုဩဇိ မင်းကိုယ်တော်သည် ထာဝရဘုရား အား နံ့သာပေါင်း ကို မီးရှို့ခြင်းအမှုနှင့် ဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါခန့်ထား သောအာရုန် သား ယဇ် ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်း ရာဌာနထဲက ထွက် သွားလော့။ ကိုယ်တော်သည် ပြစ်မှား ပြီ။ ထာဝရ အရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော် အသရေ ပျက် လိမ့်မည်ဟု ဆိုကြ လျှင်၊ 19  ဩဇိ မင်းသည် ဒေါသ စိတ်ရှိ၍နံ့သာပေါင်းကို မီးရှို့ ခြင်းငှါလင်ပန်း ကိုကိုင် လျက်ယဇ် ပုရောဟိတ်တို့ကို အမျက်ထွက် လျှင်ဗိမာန် တော်တွင် နံ့သာပေါင်း ကို မီးရှို့ရာယဇ် ပလ္လင်၏ အနားယဇ်ပုရောဟိတ် တို့ ရှေ့ မှာ၊ နူနာ သည် ရှင် ဘုရင်နဖူး ပေါ် လေ၏။ 20  ယဇ်ပုရောဟိတ် မင်း နှင့် ယဇ်ပုရောဟိတ် အပေါင်း တို့သည် ကြည့်ရှု ၍၊ နဖူး တော်၌ နူနာ စွဲသည် ကိုမြင် လျှင်ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့်အလျင်အမြန် ထွက် လေ၏။ 21  ထိုသို့ ဩဇိ မင်းကြီးသည် သေ သည်တိုင်အောင် နူနာ စွဲ၍ခြားနား သောနန်း ၌နေ ရ၏။ ဗိမာန် တော်သို့ ဝင်သော အခွင့်ကို မရ။ သား တော်ယောသံ သည် နန်းတော် ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ၏။ 22  ဩဇိ ပြုမူသောအမှု အရာ ကြွင်း လေသမျှ အစ အဆုံး တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် ရေး ထားလေ၏။ 23  ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သူ တို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံရသော်လည်းလူနူ ဖြစ်သောကြောင့်ရှင်ဘုရင် တို့ သင်္ချိုင်း နှင့်ဆိုင် သောမြေ အကွက်၌ သာ သင်္ဂြိုလ်ကြ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။