4
သင် သည် အဆင်း လှပေ၏။ ငါ ချစ် သောနှမ၊ အလွန်လှ ပေ၏။ ဗျာပါဆံ ကြား မှာ ချိုး မျက်စိ နှင့် ပြည့်စုံ၏။ ဆံပင် သည်လည်း ဂိလဒ် တောင် ပေါ်မှ ဆင်း လာသော ဆိတ် စု ကဲ့သို့ ဖြစ်၏။ သင် ၏သွား တို့သည်လည်း အမွေး ညှပ်၍ရေချိုး ရာမှ တက် လာသောသိုးစု ကဲ့သို့ ဖြစ်ကြ၏။ တ ကောင်မျှမ လျော့။ အမွှာ သာ ဘွားတတ်ကြ၏။ နှုတ်ခမ်း သည်လည်း နီ တွေးသောကြိုး နှင့်တူ ၏။ စကား သံလည်း သာယာ ပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲ သီးရှက်နှင့်တူ ကြ၏။ လည်ပင်း သည်လည်း၊ သူရဲ တို့သာသုံးဆောင်တတ်သော ဒိုင်း လွှားတထောင် ဆွဲ ထားသော လက်နက်စုံ ဘဏ္ဍာ တိုက်တည်းဟူသော ဒါဝိဒ် မင်း၏ ရဲတိုက် နှင့် တူ၏။ ရင်သား နှစ် ဘက်တို့သည် နှင်း တော၌ ကျက်စား သော ဒရယ် သငယ် အမွှာ နှင့် တူ ကြ၏။ မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် ပြေး မှီ၊ ငါသည်မုရန် တောင် နှင့် လောဗန် ကုန်း သို့ သွား မည်။ ငါ ချစ် သောနှမ၊ သင် သည်အပြစ် တစုံတခုမျှမ ရှိ။ တကိုယ်လုံး လှ ပေ၏။ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါအပယ်။ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါ။ အာမန တောင်ထိပ် ရှနိရ တောင်၊ ဟေရမုန် တောင်ထိပ်ခြင်္သေ့ တွင်း များ၊ ကျားသစ် နေရာ တောင် များအပေါ် က ကြည့်ရှုပါ။ ငါ့ နှမငါ့ခင်ပွန်း၊ သင်သည် ငါ့ နှလုံးကိုလု ယူပြီ။ သင် ၏ မျက်စိ တကြည့်လည်ပင်း တလည့် ဖြင့် ငါ နှလုံးကို လု ယူပြီ။ 10  ငါ့ နှမငါ့ခင်ပွန်းသင် ၏မေတ္တာ သည် အလွန် ချိုပေ၏။ သင် ၏မေတ္တာ သည် စပျစ်ရည် ထက် အထူးသဖြင့် ကောင်း ပေ၏။ သင်းထုံ သောနံ့သာ ဆီသည် နံ့သာမျိုး တကာ တို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။ 11  ငါ့ခင်ပွန်းသင် ၏နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယို တတ်၏။ လျှာ အောက် မှာ နို့ နှင့် ပျားရည် ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန် အမွှေး အကြိုင်ကဲ့သို့ မွှေးကြိုင် လျက်ရှိ၏။ 12  ငါ့ နှမငါ့ခင်ပွန်း သည် ဝင်း ကာသောဥယျာဉ်ပိတ် ထားသော ရေကန်တံဆိပ် ခတ်သော ရေတွင်း ဖြစ်ပေ၏။ 13  သင် ၏ပျိုးပင် တို့ကား၊ ချို သောအသီး ကို သီးတတ် သော သလဲ တောနာဒု ပင်နှင့် ရောသောဟင်္နာ တော၊ 14  နာဒု ပင်၊ ကုရကုမ ပင်၊ ကြံ ပင်၊ သစ်ကြံပိုး ပင်၊ လောဗန် ပင် မျိုး၊ မုရန် ပင်၊ အကျော် ပင်၊ အမြတ် ဆုံးသော နံ့သာ ပင်မျိုးပါကြ၏။ 15  ဥယျာဉ် များကို ရေ လောင်းစရာရေကန်စမ်းရေ တွင်း၊ လေဗနုန် တောင်က စီး ထွက်သော မြစ်ရေလည်း ပါသတည်း။ 16  မြောက် လေ၊ နိုး ပါ။ တောင် လေ၊ လာ ပါ။ ငါ့ ဥယျာဉ် အပေါ်သို့ လာ ကြပါ။ မွှေးကြိုင်သောအနံ့ သည် ပျံ့လှိုင် ပါစေ။ ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်သို့ ဝင် ချို သောအသီး ကို စား တော်မူပါစေ။