20
ယေသျှု၏အခွင့်အာဏာကို မိန်းမြန်းခြင်း
(မဿဲ ၂၁.၂၃–၂၇; မာကု ၁၁.၂၇–၃၃)
1 တစ်နိ့၌ ယေသျှုသည် ဗိမာန်တော်တွင် လူတိအား ဆုံးမသြဝါဒပီး၍ သတင်းကောင်းကို ဟောပြောလျက်နိန်စဉ် ယဇ်ပုရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော်ထံသို့ လာကြ၏။
2 သူရို့က “ကိုယ်တော်သည် ဤအမှုအရာများကို ဇာအခွင့်နှင့် ပြုတော်မူသနည်း။ ဤအခွင့်ကို ဇာသူက ပီးတော်မူသနည်း။ အကျွန်ရို့ကို ပြောပြပါ” ဟု မိန်းမြန်းကြ၏။
3 ယေသျှုက “ငါလည်း သင်ရို့အား မိန်းခွန်းတစ်ခုကို မိန်းဦးမည်။
4 ယောဟန်၏ဗတ္တိဇံသည် ဘုရားသခင်ထံမှ လာသလော။ သို့မဟုတ် လူတိပါးမှ လာသလော ငါ့ကိုပြောလော” ဟု မိန်းတော်မူ၏။
5 သူရို့သည် “ ‘ဘုရားသခင်ထံမှ လာသည်’ ဟု ငါရို့ဆိုကေ ‘ယောဟန်အား သင်ရို့ဇာကြောင့် မယုံကြည်ကြသနည်း’ ဟု မိန်းလာလိမ့်မည်။
6 သို့သော်လည်း ‘လူတိပါးမှ လာသည်’ ဟု ဆိုလျှင် လူတိက ယောဟန်အား ပရောဖက်တစ်ပါး ဖြစ်ကြောင်းကို အမှန်ယုံကြည်ကြ၍ ငါရို့ကို ကျောက်ခဲနန့် ပစ်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ကြ၏။
7 ထို့ကြောင့် သူရို့က၊ “ဇာသူ့ပါးက လာသည်ကို အကျွန်ရို့မသိပါ” ဟု ဖြေကြားကြ၏။
8 ထိုအခါ ယေသျှုကလည်း၊ “ငါသည်လည်း ဇာအခွင့်အာဏာနန့် ဤအရာများကို ပြုနိန်သည်ကို သင်ရို့အား ပြောလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
စပျစ်ဥယျာဉ် သီးစားများ ပုံဥပမာ
(မဿဲ ၂၁.၃၃–၄၆; မာကု ၁၂.၁–၁၂)
9 ထို့နောက် ယေသျှုက လူတိအား မိန့်တော်မူခသော ပုံဥပမာကား၊ “လူတစ်ယောက်သည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီး သီးစားချထားကာ အခြားပြည်သို့ လား၍ ကာလအတန်ကြာ နီထိုင်လေ၏။
10 အသီးပေါ်ချိန် ရောက်သောအခါ ကျွန်တစ်ယောက်ကို ခြံသမားထံပါးသို့ စီရွှတ်ပြီးလျှင် သီးစားခကို တောင်းစီ၏။ သို့သော်လည်း ခြံသမားတိက ထိုကျွန်ကို သတ်ပုတ်၍ လက်ခစီး ပြန်ရွှတ်လိုက်ကြ၏။
11 ထို့ကြောင့် ဥယျာဉ်သျှင်သည် အခြားကျွန်တစ်ယောက်ကို စီရွှတ်ပြန်၏။ သို့သော်လည်း ခြံသမားရို့သည် သူ့ကိုလည်း သတ်ပုတ်ပြီးလျှင် အရှက်ခွဲ၍ လက်ခစီး ပြန်ရွှတ်လိုက်ပြန်၏။
12 ထို့နောက် ဥယျာဉ်သျှင်သည် တတိယကျွန်ကို စီရွှတ်လိုက်သော်လည်း ခြံသမားတိက ထိုကျွန်အား ရိုက်ပုတ်လျက် ဒဏ်ရာရစီပြီးလျှင် အပြင်ဖက်သို့ နှင်ထုတ်လိုက်ကြ၏။
13 စပျစ်ဥယျာဉ်ပိုင်သျှင်က ‘ငါ ဇာပိုင် လုပ်ရမည်နည်း၊ ငါ၏ ချစ်သောသားကို ရွှတ်လိုက်လျှင် သူရို့က ရိုသီလေးစားလောက်သည်’ ဟု ဆို၏။
14 သို့သော်လည်း ခြံသမားရို့သည် ဥယျာဉ်သျှင်၏သားကို မြင်သောခါ ‘ဤသူသည် အမွီခံဖြစ်၏။ ငါရို့သည် ထိုသူ့အမွီကိုရအောင် သူ့ကို အသီသတ်ပစ်လိုက်ကြမည်’ ဟု အချင်းချင်း တိုင်ပင်ပြီးလျှင်၊
15 စပျစ်ဥယျာဉ်ပိုင်သျှင်၏သားကို ဥယျာဉ်၏ အပြင်ကိုထုတ်၍ အသီသတ်ပစ်ကြ၏။
“ထို့ကြောင့် ဥယျာဉ်ပိုင်သျှင်သည် ခြံသမားတိအား ဇာပိုင်လုပ်မည်နည်း” ဟု ယေသျှုက မိန်းတော်မူ၏။
16 ထိုအခါ ယေသျှုက “စပျစ်ဥယျာဉ်သျှင်သည် လာပြီးလျှင် သူ့ရို့ကို အသီသတ်ပြီး ဥယျာဉ်ကို အခြားသော သီးစားခြံသမားတိပါးသို့ အပ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုစကားကို ကြားသောအခါ သူရို့က၊ “ထိုသို့ မဖြစ်ပါစီကေ့” ဟု ဆိုကြ၏။
17 ယေသျှုက လူတိအား ကြည့်ရှုတော်မူပြီးလျှင်၊ “သို့ဖြစ်၍ ကျမ်းစာ၌ ဖော်ပြသည်ကား မည်သို့နည်း။
“ ‘တိုက်ကိုဆောက်သောလူတိ ပယ်ထားသောကျောက်သည်၊
အရေးကြီးဆုံးဖြစ်သော တိုက်ထောင့်ကိုချုပ်သော ကျောက်ဖြစ်လာရ၏။’
18 ထိုကျောက်ထက်၌ ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက် ကျခြင်းခံရသည့် သူသည်လည်း အမှုန့်ကြိတ်ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
အခွန်ဆက်သခြင်းအကြောင်း မိန်းမြန်းခြင်း
(မဿဲ ၂၂.၁၅–၂၂; မာကု ၁၂.၁၃–၁၇)
19 ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် မိမိရို့အား ရည်ညွှန်း၍ ဤပုံဥပမာဖြင့် မိန့်တော်မူကြောင်းကို သိကြသဖြင့် ယေသျှုကို ဖမ်းဆီးကြရန် ရှာကြံလေ၏။ သို့သော်လည်း လူတိကို ကြောက်ကြ၏။
20 ထို့ကြောင့် အခွင့်ကောင်းကို စောင့်ကြည့်လျက် ယေသျှုစကားတွင် အမှားကိုရှာပြီးလျှင် ကိုယ်တော်အား ရောမဘုရင်ခံ၏လက်သို့ အပ်နိုင်ရန် လူတချို့ကို အခငွီပီးပြီး သူတော်ကောင်းယောင်ဆောင်စီကာ သူလျှိုအဖြစ် ကိုယ်တော်ထံသို့ စီရွှတ်ကြ၏။
21 သူလျှိုတိက၊ “ဆရာ၊ ဆရာ ဟောပြောသွန်သင်တော်မူသော အရာအားလုံး မှန်ကန်ကြောင်းကို အကျွန်ရို့သိပါ၏။ ဆရာသည် လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို ဖြောင့်မတ်စွာ သွန်သင်တတ်ပါ၏။
22 အကျွန်ရို့သည် ကဲသာဘုရင်ကို အခွန်ဆက်သခြင်းသည် ပညတ္တိကျမ်းနှင့် ညီပါသလား၊ မညီသလား” ဟု မိန်းလျှောက်ကြ၏။
23 ယေသျှုသည် သူရို့၏ ပရိယာယ်ကို သိတော်မူသဖြင့်၊ သူရို့အား
24 “ငွီဒင်္ဂါးတစ်ပြားကို ငါ့အားပြလော၊ ဤ ငွီဒင်္ဂါး၌ ဇာသူ့ပုံ၊ ဇာသူ့နာမည် ပါသနည်း” ဟု မိန်းတော်မူ၏။
သူရို့က “ကဲသာဘုရင်၏ ပုံနှင့် သူ၏ နာမည်ဟိပါ၏” ဟု ပြန်လျှောက်ကြ၏။
25 ထို့ကြောင့် ယေသျှုက “ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အား ဆက်သကြလော၊ ဘုရားသခင်ပိုင်သည့်အရာကို ဘုရားသခင်အား ဆက်သကြလော” ဟု မိန့်တော်မူ၏။
26 သူရို့သည် လူတိရှိ့တွင် ကိုယ်တော်၏စကား၌ အပြစ်မတွိ့သဖြင့် ကိုယ်တော်၏ ဖြေကြားတော်မူပုံကို အံ့သြလျက် တိတ်ဆိတ်နိန်ကြ၏။
သီခြင်းမှ ထမြောက်ခြင်းအကြောင်း မိန်းမြန်းခြင်း
(မဿဲ ၂၂.၂၃–၃၃; မာကု ၁၂.၁၈–၂၇)
27 ထို့နောက် လူသည် သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမဟိဟု ယုံကြည်ကြသော ဇဒ္ဒုကဲတချို့သည် ယေသျှုထံသို့ ချဉ်းကပ်၍၊
28 “ဆရာ၊ ‘မယားဟိသောသူ တစ်ယောက်သည် သားသမီးမထွန်းကားဘဲ သီဆုံးလားလျှင် ကျန်ခသည့် မုဆိုးမကို ညီဖြစ်သောသူက လက်ထပ်ယူ၍ အစ်ကိုမျိုးဆက်ကို တိုးပွားစီရမည်’ ဟု အကျွန်ရို့ကို မောသျှေ စီရင်ခပါ၏။
29 တစ်ခါက ညီအစ်ကိုခုနစ်ယောက် ဟိပါ၏။ အစ်ကိုကြီးသည် အိမ်ထောင်ကျသော်လည်း သားသမီးမထွန်းကားဘဲ သီဆုံးလေ၏။
30 ပြီးလျှင် ဒုတိယညီသည် သူ့မရီးအား လက်ထပ်လိုက်သော်လည်း သားသမီးမထွန်းကားဘဲ သီဆုံးလားပြန်၏။
31 တတိယညီကလည်း လက်ထပ်ပြန်၏။ ထိုနည်းတူ ညီအစ်ကိုခုနစ်ယောက်စလုံးသည် သားသမီးမထွန်းကားဘဲ သီဆုံးလားလေ၏။
32 နောက်ဆုံး၌ မိန်းမကြီးလည်း သီဆုံးလားလေ၏။
33 ထို့ကြောင့် ရှင်ပြန်ထမြောက်သောနိ့၌ ထိုမိန်းမသည် ဇာသူမယား ဖြစ်မည်နည်း။ ထိုသူ ခုနစ်ယောက်စလုံးသည် သူမနှင့် လက်ထပ်ထားသူများ ဖြစ်ကြ၏” ဟု မိန်းလျှောက်ကြ၏။
34 ယေသျှုကလည်း “ဤဘဝ၌ လူသည် အိမ်ထောင်ပြုကြ၏။
35 သို့သော်လည်း သီခြင်းမှ ရှင်ပြန်ထမြောက်ပြီး နောင်ဘဝကို ဝင်ရသည့် လူတိမှာကား အိမ်ထောင်ပြုခြင်းမဟိ။
36 ထိုသူရို့သည် သီဆုံးခြင်းမဟိဘဲ ကောင်းကင်တမန်ပိုင် ဖြစ်ကြလိမ့်မည်။ သူရို့သည် သီဆုံးခြင်းမှ ရှင်ပြန်ထမြောက်သောသူများဖြစ်၍ ဘုရားသခင်၏သား ဖြစ်ကြ၏။
37 မီးလောင်နိန်သော ခြုံပုတ်အကြောင်း ဖော်ပြရာ၌ မောသျှေက သခင်ဘုရားသည် ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားဖြစ်သည်’ ဟုဆိုရာ၌ သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြောင်းကို ယှင်းလင်းစွာ ဖော်ပြခြင်းပင်ဖြစ်၏။
38 ထိုသူရို့သည် ဘုရားသခင်၏ရှိ့၌ အသက်ရှင်သော သူတိဖြစ်သည့်အတွက် ဘုရားသခင်သည် သီသောလူတိ ဘုရား မဟုတ်။ အသက်ရှင်သော သူရို့၏ ဘုရားဖြစ်တော်မူ၏” ဟု မိန့်တော်မူ၏။
39 ကျမ်းတတ်ဆရာတချို့က၊ “ဆရာ၊ ဆရာ၏စကားသည် အလွန်လျှောက်ပတ်ပါ၏” ဟု လျှောက်ကြ၏။
40 သူရို့က နောက်ထပ် မိန်းခွန်းများကို ကိုယ်တော့်အား မမိန်းလျှောက်ဝံ့ကြ။
မေသျှိယအကြောင်း မိန်းမြန်းခြင်း
(မဿဲ ၂၂.၄၁–၄၆; မာကု ၁၂.၃၅–၃၇)
41 ယေသျှုက ထိုသူရို့အား၊ “မေသျှိယသည် ဒါဝိဒ်၏သားမြီးဖြစ်သည်ဟု ဇာကြောင့်ပြောကြသနည်း။
42 ဒါဝိဒ်ကိုယ်တိုင် ဆာလံကျမ်း၌
“ ‘ထာဝရဘုရားက ငါသည် သင်ရို့၏
43 ရန်သူတိကို သင်သည် ခြီတင်ရန် သင်၏ခြီ အောက်၌ ငါ မချထားခင်တိုင်အောင်၊
ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့၊ ဟု ငါ့အသျှင်အား မိန့်တော်မူသည်’ ဟု ဆို၏။
44 ဒါဝိဒ်သည် မေသျှိယအား၊ ‘အသျှင်’ ဟုခေါ်လျှင် ဇာကြောင့် မေသျှိယသည် ဒါဝိဒ်၏သား ဖြစ်နိုင်မည်နည်း” ဟု မိန်းတော်မူ၏။
ယေသျှုက ကျမ်းတတ်ဆရာတိကို ယှောင်ကြရန် သတိပီးခြင်း
(မဿဲ ၂၃.၁–၃၆; မာကု ၁၂.၃၈–၄၀)
45 လူအပေါင်းရို့သည် နားထောင်လျက် နိန်ကြစဉ် ကိုယ်တော်သည် တပည့်တော်ရို့အား၊
46 “ကျမ်းတတ်ဆရာတိကို သတိနန့်ယှောင်ကြလော့။ သူရို့သည် ဝတ်ရုံရှည်ကို ဝတ်၍ လမ်းလျှောက်ခြင်းကို နှစ်သက်ကြ၏။ စျီးနီရာတိ၌ ရိုသီစွာ နှုတ်ဆက်ခြင်းနှင့် တရားဇရပ်၊ ပွဲသဘင်များတွင် မြင့်မြတ်သောနီရာ၌ ထိုင်ခြင်းငှာ နှစ်သက်ကြ၏။
47 မုဆိုးမအိမ်တိကို လိမ်လည်လှည့်ဖြားကာ သိမ်းယူပြီးလျှင် လူအထင်ကြီးအောင် အကြာကြီး ဆုတောင်းတတ်ကြ၏။ သူရို့သည် မှားယွင်းမှုကြောင့် ပို၍ ကြီးမားသောအပြစ်ကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။