31
ထိုအခါ လာဗန် သား တို့က၊ ငါ တို့သခင် ၏ဥစ္စာရှိသမျှ ကို ယာကုပ် သည် ယူ သွားလေပြီတကား၊ ငါ တို့အဘ ၏ဥစ္စာအားဖြင့်သူ၌ဤ မည်သော စည်းစိမ် ရှိသမျှ သည် ဖြစ် လေပြီဟု၊ ဆို ကြသည်ကို ယာကုပ်ကြား ၍၊ လာဗန် ၏ မျက်နှာ ကို ကြည့် သောအခါရှေ့ က ကဲ့သို့ မဟုတ်ခြားနားသည်ကို သိ မြင်၏။ ထာဝရဘုရား ကလည်းသင် ၏ဘိုး ဘနေသောပြည်သင် ၏အမျိုးသား ချင်းထံ သို့ပြန် သွားလော့။ ငါသည် သင့် ဘက် ၌ရှိ နေမည်ဟု ယာကုပ် အား မိန့် တော်မူ ၏။ ယာကုပ် သည် လူကိုစေလွှတ် ရာခေလ နှင့် လေအာ ကိုသိုး စုရှိရာတော သို့ ခေါ် ပြီးလျှင် သင် တို့အဘ ၏ မျက်နှာ သည် ငါ ရှေ့ ကကဲ့သို့ ဟုတ်၊ ခြားနားသည်ကို ငါ သိ မြင်၏။ သို့သော်လည်းငါ့ အဘ ၏ဘုရားသခင် သည်၊ ငါ့ ဘက် ၌ ရှိ တော်မူ၏။ သင် တို့အဘ ၏အမှုကို၊ ငါ တတ် နိုင်သမျှ အတိုင်း၊ ငါစောင့် သည်ကို သင် တို့သိ ကြ၏။ သင် တို့အဘ သည်လည်း ငါ့ ကိုလှည့်စား ငါ ရထိုက်သော အခ ကိုဆယ် ကြိမ် လဲ ခဲ့ပြီ။ သို့သော်လည်းငါ့ ကိုညှဉ်းဆဲ စေခြင်းငှါဘုရားသခင် အခွင့် ပေးတော်မ မူ။ သူက၊ ပြောက် သောအကောင်တို့သည်၊ သင် ၏ အခ ဖြစ်စေ ဟုဆို လျှင်သိုးဆိတ်ရှိသမျှ တို့သည် ပြောက် သောအကောင်တို့ကို မွေး ကြ၏။ ကျား သော အကောင်တို့ သည်၊ သင် ၏အခ ဖြစ်စေ ဟုဆို လျှင်သိုးဆိတ် ရှိသမျှ တို့ သည် ကျား သောအကောင်တို့ကို မွေး ကြ၏။ ထိုသို့ ဘုရားသခင် သည်၊ သင် တို့အဘ ၏ တိရစ္ဆာန် တို့ကို နှုတ် ငါ့ အား ပေး တော်မူပြီ။ 10  ထိုတိရစ္ဆာန် များတို့သည်၊ ရှက်တင် ကြသောအခါငါ မြော် ကြည့် တိရစ္ဆာန်မတို့နှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက် အကျားမှစ၍အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက် ငါမြင် ရ၏။ 11  ဘုရားသခင် ၏ကောင်းကင် တမန်ကလည်းယာကုပ် ဟု အိပ်မက် ငါ့ ကို ခေါ် လျှင်ကျွန်ုပ် ရှိ ပါ၏ဟု ငါထူး ၏။ 12  သူ ကလည်း မြော် ၍ကြည့် လော့။ တိရစ္ဆာန် မနှင့် ပေါင်းဘော် သော တိရစ္ဆာန်အထီး ရှိသမျှ တို့သည်၊ အပြောက် အကျားမှစ၍အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်း မူကား၊ သင် လာဗန် ပြု သမျှ တို့ကို ငါမြင် ၏။ 13  ငါ ကား၊ သင်သည် မှတ် တိုင်ကိုဆီ လောင်း၍၊ ငါ သစ္စာ ပြုရာ ဗေသလ အရပ်၏ဘုရား ဖြစ်၏။ ယခု ၍ ဤ အရပ်မှ ထွက် သဖြင့်၊ အမျိုးသား ချင်းတို့နေသောပြည် သို့ ပြန် သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊ 14  ရာခေလ နှင့် လေအာ တို့က၊ အကျွန်ုပ် တို့သည် ကိုယ်အဘ ၏အိမ် နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံ ရသေး သနည်း။ 15  သူ သည် ကျွန်ုပ်တို့ကို တကျွန်း တနိုင်ငံသားကဲ့သို့ မှတ် တတ်သည်မ ဟုတ်လော။ ကျွန်ုပ် တို့ကို ရောင်း စား ခဲ့ပြီ တကား။ 16  ကျွန်ုပ် တို့အဘ မှ ဘုရားသခင် ရုပ်သိမ်း တော်မူသော စည်းစိမ် ရှိသမျှ သည် ငါ တို့ဥစ္စာ၊ ငါ တို့ သားသမီး များ ဥစ္စာဖြစ် ၏။ သို့ဖြစ်၍ ဘုရားသခင် မှာ ထားတော်မူသည် အတိုင်း ယခု တွင် ပြု ပါလော့ဟုပြန်ပြော ကြ၏။ 17  ထိုအခါ ယာကုပ် သည်ထ မိမိ သား မယား တို့ကို ကုလားအုပ် ပေါ် မှာ စီး စေ၏။ 18  မိမိ တိရစ္ဆာန် တည်းဟူသော၊ ပါဒနာရံ အရပ်၌ သော တိရစ္ဆာန် ရှိသမျှ တို့နှင့်၊ ရ တတ်သမျှ သောဥစ္စာ တို့ကို ဆောင် ယူ၍အဘ ဣဇာက် နေရာ ခါနာန် ပြည်သို့ ခရီးသွား လေ၏။ 19  လာဗန် သည် သိုးမွေး ကို ညှပ်ခြင်းငှါအခြား တပါးသို့ သွား ခိုက် တွင်၊ ရာခေလ သည်၊ သူ ၏တေရပ် ရုပ်တု တို့ကို ခိုး ယူလေ၏။ 20  ယာကုပ် သည် မိမိ ပြေး မည်အကြောင်း ကို ကြား မပြောဘဲနေ၍ရှုရိ လူဖြစ်သော လာဗန် ကို ပရိယာယ် အားဖြင့် နိုင် လေ၏။ 21  ထိုသို့ မိမိ ဥစ္စာရှိသမျှ ပါ လျက် ပြေး သွား၍မြစ် တစ်ဖက်သို့ အလျင်အမြန်ကူး ပြီးလျှင်ဂိလဒ် တောင် ကို ရှေ့ရှု ပြုလျက် ခရီး သွားလေ၏။ 22  ယာကုပ် ပြေး ကြောင်း ကို၊ သုံး ရက်မြောက် သောနေ့ ၌ လာဗန် ကြား သိလျှင် 23  ညီအစ်ကို တို့ကိုခေါ် ခုနစ် ရက် ခရီး လိုက် သဖြင့်ဂိလဒ် တောင် ပေါ် မှာ မှီ လေ၏။ 24  ဘုရားသခင် သည် ရှုရိ လူလာဗန် ဆီသို့ ညဉ့် အချိန်တွင် အိပ်မက် ကြွ တော်မူ၍သင်သည် ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်၊ သတိ ပြုလော့ဟု မိန့် တော်မူ၏။ 25  ထိုအခါ ယာကုပ် သည် မိမိ တဲ ကို ဂိလဒ် တောင် ပေါ် မှာ ဆောက် နှင့်ပြီ။ လာဗန် သည် လိုက်၍မှီ သောအခါမိမိ ညီအစ်ကို တို့နှင့်တကွထိုတောင် ပေါ် မှာတဲ ကို ဆောက်လေ၏။ 26  လာဗန် ကလည်းသင်သည် အဘယ်သို့ ပြု သနည်း။ စစ်တိုက် ရာ၌ ဘမ်းမိ သောသူတို့ကို သိမ်းသွား သကဲ့သို့ ငါ့ ကိုလှည့်စား၍၊ ငါ့ သမီး တို့ကို သိမ်း သွား လေပြီတကား။ 27  ငါ့ ကို လှည့်စား အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက် ပြေးသနည်း။ ငါသည် ပျော်မွေ့ ခြင်းကိုပြု၍ သီချင်း ဆိုလျက်ပတ်သာ နှင့် စောင်း တီးလျက်၊ သင့် ကို လွှတ် လိုက်စေခြင်းငှါအဘယ်ကြောင့်ငါ့ ကို ကြား မပြောဘဲ နေသနည်း။ 28  ငါ့ သားသမီး တို့ကို ငါ နမ်း စေခြင်းငှါအဘယ်ကြောင့် အခွင့် ပေးသနည်း။ သင်သည် မိုက် စွာ ပြု လေ ပြီတကား။ 29  ယခုသင့် ကို ငါ ညှဉ်းဆဲ နိုင်၏။ သို့သော်လည်း၊ မနေ့ ညမှာ သင် ၏အဘ ကိုးကွယ်သော ဘုရားသခင် သည် ကြွလာ၍၊ ယာကုပ် အား ကောင်း မကောင်း ကို မ ပြော နှင့်။ သတိပြု လော့ဟု ငါ့ အား မိန့် တော်မူ၏။ 30  ယခု မှာ၊ သင် သည် မိဘ အိမ် ကို အလွန် အောက်မေ့ သောကြောင့်သွား ရသည် ဟုတ်စေတော့။ ငါ ၏ ဘုရား တို့ကို အဘယ်ကြောင့် ခိုးယူ ခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။ 31  ယာကုပ် ကလည်းသင် သည်ကိုယ်သမီး တို့ကို အနိုင်သိမ်း ယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။ 32  သင် ၏ဘုရား တို့ကိုမူကား၊ အကြင်သူ တွေ့ လျှင်၊ ထိုသူကို သေ စေလော့။ ကျွန်ုပ် တို့ ညီအစ်ကို များ ရှေ့ တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူ ပါလော့ဟု၊ လာဗန် အား ပြန်ပြော ၏။ ရာခေလ ခိုး ကြောင်း ကို ယာကုပ် သိ 33  လာဗန် သည် ယာကုပ် တဲလေအာ တဲကျွန် မနှစ် ယောက်တို့၏ တဲ သို့ ဝင် ရှာသော်လည်း တွေ့ လျှင်လေအာ တဲ ထဲမှ ထွက် ရာခေလ တဲ သို့ ဝင် လေ၏။ 34  ရာခေလ သည်၊ ထိုရုပ်တု တို့ကိုယူ ကုလားအုပ် ကုန်းနှီး တန်ဆာထဲ သို့ သွင်း ထားပြီးလျှင်ထိုတန်ဆာ ပေါ် မှာ ထိုင် လျက်နေ၏။ လာဗန် သည် တတဲလုံး ကို ရှာဖွေ တွေ့ လျှင် 35  ရာခေလက၊ သခင် ရှေ့ မှာ ကျွန်မမ နိုင် သည် ဖြစ်၍၊ စိတ် ရှိတော်မ မူပါနှင့်။ မိန်းမ တို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ ဖြစ်ပါသည်ဟု အဘ အား ဆို လေ၏။ ထိုသို့ လာဗန်သည် ရှာဖွေ ၍ ရုပ်တု တို့ကိုမ တွေ့ ရ။ 36  ထိုအခါ ယာကုပ် သည် စိတ်ဆိုး ၍ လာဗန် ကို ဆုံးမ သည်ကား၊ ကျွန်ုပ် သည် အဘယ်သို့ ပြစ်မှား ၍၊ အဘယ် အပြစ် ရှိသောကြောင့်၊ ကျွန်ုပ် ကို ဤမျှလောက်ပြင်းထန်စွာ လိုက် ရသနည်း။ 37  ကျွန်ုပ် ဥစ္စာ ရှိသမျှ ကို ရှာဖွေ သည်ဖြစ်၍၊ သင် ၏ ဥစ္စာ ပရိကံ တစုံ တခုကို တွေ့ မိလျှင်၊ သင် ၏ညီအစ်ကိုကျွန်ုပ် ညီအစ်ကို တို့ ရှေ့ တွင်၊ ဤ အရပ်၌ထား ပါ။ သူတို့ သည်၊ ငါ တို့နှစ် ယောက်စပ်ကြား မှာ စီရင် ပါစေ။ 38  ကျွန်ုပ် သည် သင့် ထံ၌ အနှစ် နှစ်ဆယ် ပတ်လုံးနေရာတွင်၊ သင် ၏သိုးမဆိတ်မ တို့သည် ဝမ်း ပိုးမ ပျက်။ ဆိတ် ထီး၊ သိုး ထီးတို့ကို ကျွန်ုပ်မ စား 39  သားရဲ ကိုက်သတ်သော အကောင်ကိုသင့် ထံ သို့ကျွန်ုပ်မ ဆောင် ခဲ့၊ ကိုယ် အရှုံး ခံရ၏။ နေ့ မှာ ခိုး သည် ဖြစ်စေ မှာခိုး သည်ဖြစ်စေ၊ သင်သည် ကျွန်ုပ် တွင် အစားတောင်း လေ့ရှိ၏။ 40  နေ့ အချိန်၌ လည်း နေပူ ကို၎င်း၊ ညဉ့် အချိန်၌ လည်း နှင်းခဲ ကို၎င်း ခံရပြီ။ အအိပ် ပျက်ခြင်းကိုလည်း ခံရပြီ။ 41  ထိုသို့ကျွန်ုပ် သည် အနှစ် နှစ်ဆယ် ပတ်လုံးသင် ၏အိမ် နေ၍၊ သင် ၏သားသမီး နှစ် ယောက် အတွက် ကြောင့် ဆယ် လေး နှစ်သိုး ဆိတ်တို့အတွက် ကြောင့် ခြောက် နှစ် အစေ ခံရပြီ။ သို့ရာတွင် သင်သည်၊ ကျွန်ုပ် အခ ကို ဆယ် ကြိမ် လဲ ပြီတကား။ 42  ယခုလည်း ကျွန်ုပ် အဘ ၏ ဘုရားသခင်အာဗြဟံ ၏ဘုရားသခင်ဣဇာက် ၏ကြောက်ရွံ့ ရာ ဘုရား သည် ကျွန်ုပ် ဘက် ၌မ ရှိ လျှင်၊ သင်သည် ကျွန်ုပ် ကို ဧကန် အမှန်လက်ချည်း လွှတ် လိုက်လိမ့်မည်တကား။ အကယ်စင်စစ်ကျွန်ုပ် ဆင်းရဲ ခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင် ရခြင်းကို ဘုရားသခင် မြင် မနေ့ ညမှာ သင့်ကို ဆုံးမ တော်မူပြီဟု ဆိုလေ၏။ 43  လာဗန် ကလည်းဤသမီး တို့သည် ငါ့ သမီး ဖြစ်ကြ၏။ ဤသူငယ် တို့သည်၊ ငါ့ သား ဖြစ်ကြ၏။ ဤတိရစ္ဆာန် တို့လည်း၊ ငါ့ တိရစ္ဆာန် ဖြစ်ကြ၏။ မြင် သမျှ သော ဥစ္စာသည် ငါ့ ဥစ္စာဖြစ်၏။ ငါ့ သမီး တို့၌၎င်း၊ သူတို့ ဘွားမြင် သော ငါ့သူငယ် တို့၌၎င်းအဘယ်သို့ ငါပြု နိုင် သနည်း။ 44  သို့ဖြစ်၍ယခုသင် နှင့် ငါ စပ်ကြား ၌ သက်သေ ဖြစ်စေ ငါ တို့နှစ်ယောက်သည် ပဋိညာဉ် ပြု ကြစို့ဟု ယာကုပ် အား ပြန်ပြော ၏။ 45  ယာကုပ် သည်လည်း ကျောက် ကိုယူ မှတ်တိုင် ဘို့ စိုက် ထူပြီးလျှင် 46  ကျောက် များကို စု ထားကြပါဟု ညီအစ်ကို တို့ အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ ကျောက် ပုံ ကို တည် လုပ်ပြီးမှထို ကျောက် ပုံအပေါ် ၌ စားသောက် ခြင်းကို ပြုကြ၏။ 47  ထို ကျောက်ပုံကို လာဗန် သည် ယေဂါသဟာဒုသ ဟူ၍၎င်း၊ ယာကုပ် သည် ဂိလဒ် ဟူ၍၎င်း၊ သမုတ် လေ၏။ 48  လာဗန် ကလည်းယနေ့ ကျောက် ပုံသည် ငါ နှင့် သင် ၏စပ်ကြား ၌ သက်သေ ဖြစ်သည်ဟုဆို ၏။ ထိုကြောင့် ဂိလဒ် ဟူ၍သမုတ် ကြ၏။ 49  မိဇပါ ဟူ၍သမုတ်ကြသေး၏။ အကြောင်း မူကား၊ လာဗန်က၊ ငါတို့သည် တ ယောက်နှင့်တယောက် ခွါ သွားကြသော နောက်၊ ထာဝရဘုရား သည် ငါ နှင့် သင် ၏ စပ်ကြား ၌စောင့် တော်မူစေသတည်း။ 50  သင်သည် ငါ့ သမီး တို့ကို ညှဉ်းဆဲ သည်ဖြစ်စေငါ့ သမီး တို့မှတပါး အခြားသော မိန်းမ နှင့် စုံဘက် သည် ဖြစ်စေငါ တို့၌ လူ သက်သေမရှိ၊ ဘုရားသခင် သည် ငါ နှင့် သင် ၏ စပ်ကြား ၌သက်သေ ရှိ၊ ဘုရားသခင် သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊ 51  တဖန် လည်း၊ ငါ နှင့် သင် ၏စပ်ကြား ၌ သင်သည် တည်လုပ် ခဲ့ပြီးသော ဤ ကျောက် ပုံနှင့် မှတ်တိုင် ကို ကြည့် ပါလော့။ 52  ငါ သည် သင့် ကိုခိုက် ရန်ပြုခြင်းငှါ ကျောက် ပုံ၊ ဤမှတ်တိုင်ကို မ ကျော် ရ၊ သင် သည် ငါ့ ကိုခိုက်ရန်ပြု ခြင်းငှါ၊ ဤ ကျောက် ပုံ၊ ဤ မှတ် တိုင်ကို မ ကျော် ရဟု ဤ ကျောက် ပုံနှင့် မှတ်တိုင် သည် သက်သေဖြစ်စေသတည်း 53  အာဗြဟံ ၏ ဘုရားသခင်နာခေါ် ၏ ဘုရားသခင်သင့်အဘ ၏ဘုရားသခင် သည် ငါ တို့စပ်ကြား ၌ စီရင် တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ် အား ဆို ၏။ ယာကုပ် သည်လည်း၊ မိမိ အဘ ကြောက်ရွံ့ ရာ ဘုရားကို တိုင်တည် ကျိန်ဆိုခြင်းကို ပြုလေ၏။ 54  ထိုအခါ ယာကုပ် သည် တောင် ပေါ် မှာ ယဇ် ပူဇော်၍၊ ညီအစ်ကို များကို အစာ စား စေခြင်းငှါ ခေါ်ဘိတ် သဖြင့်သူတို့သည် စားသောက် တောင် ပေါ် မှာ ညဉ့် ကို လွန်စေကြ၏။ 55  နံနက် စောစောလာဗန် မိမိ သားသမီး များ ကို နမ်း လျက် ကောင်းကြီး ပေးပြီးမှမိမိ နေရာ ပြည်သို့ ပြန် သွားလေ၏။