32
ယာကုပ် သည် ခရီး သွားပြန် ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊ ယာကုပ် မြင် လျှင် ဘုရားသခင် ၏ တပ် တော်ဖြစ် သည်ဟု ဆို ထို အရပ် ကို မဟာနိမ် အမည် ဖြင့် မှည့် လေ ၏။ ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊ ကိုယ်တော် ၏ကျွန် ယာကုပ် က၊ ကျွန်တော်သည် လာဗန် ထံ မှာတည်းခို ယခု တိုင်အောင် နေ ပါပြီ။ ကျွန်တော် နွားမြည်းသိုးဆိတ်၊ ကျွန် ယောက်ျား မိန်းမ များ ရှိ ကြပါ၏။ ကျွန်တော် သည် သခင် ၏ စိတ် တော်နှင့် တွေ့ စေခြင်းငှါလျှောက်ကြားလိုက်ပါသည် ဟု၊ ငါ့ သခင် ဧသော ကို လျှောက် ကြဟု မှာ လိုက် လေ၏။ တမန် တို့လည်း ယာကုပ် ထံ သို့ပြန်လာ ကျွန်တော်တို့သည်၊ ကိုယ်တော် ၏အစ်ကို ဧသော ထံ သို့ ရောက် ခဲ့ပါပြီ။ သူ သည်ကိုယ်တော် ကို တွေ့ ခြင်းငှါလူ လေး ရာ နှင့် ချီ လာပါသည်ဟု လျှောက် ကြ၏။ ထိုအခါ ယာကုပ် သည်၊ အလွန် ကြောက် စိတ် ပူပန်လျှင်၊ မိမိ တွင်ပါ သော လူ စု၊ သိုး ဆိတ်စု၊ နွား စု၊ ကုလားအုပ် များတို့ကို နှစ် စု ခွဲ ၍ ထားလေ၏။ အကြောင်း မူကား၊ တ စု ကို ဧသော တွေ့၍ လုပ်ကြံ လျှင်ကြွင်း သော တစု လွတ် လိမ့်မည်ဟု ဆို ၏။ တဖန် ယာကုပ် က၊ အကျွန်ုပ် အဘ အာဗြဟံ ၏ ဘုရားသခင်အကျွန်ုပ် အဘ ဣဇာက် ၏ဘုရားသခင်ထာဝရဘုရား ကိုယ်တော်က၊ သင် ၏ပြည် သင် ၏ အမျိုးသား ချင်းတို့ ထံ သို့ပြန် လော့။ ငါသည် သင် ကျေးဇူး ပြုမည် ဟု မိန့် တော်မူပါပြီ။ 10  ကိုယ်တော် ကျွန် ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကားအပေါင်းအသင်း နှစ် စုဖြစ် ပါ၏။ 11  သို့ဖြစ်၍အကျွန်ုပ် ကို အစ်ကို ဧသော လက် မှ ကယ်လွှတ် တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ ၍ အကျွန်ုပ် ကို၎င်းသား မယား တို့ကို၎င်းသတ် မည်ဟု အလွန်စိုးရိမ် ပါ၏။ 12  ကိုယ်တော်က၊ ငါသည်သင် အမှတ်ကျေးဇူး ပြု၍ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။ 13  ထို အရပ်၌ တညဉ့် ပတ်လုံး နေ ပြီးမှမိမိ လက် ရှိ ဥစ္စာ စုထဲက အစ်ကို ဧသော အား လက်ဆောင် ဆက်စရာ ဘို့၊ 14  ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊ 15  နို့စို့သား ငယ်နှင့်တကွနို့ညှစ်ကုလားအုပ် သုံး ဆယ်၊ နွား မလေး ဆယ်၊ နွား ထီးတ ဆယ်၊ မြည်း မ နှစ် ဆယ်နှင့် မြည်း ကလေးတ ဆယ်တို့ကို ယူ၍၊ 16  အသီးအသီးတစု တခြားစီ ခွဲသန့်လျက်၊ ကျွန် တို့ လက် သို့ အပ် ပြီးလျှင်သင်တို့သည် ငါ့ ရှေ့ မှာကူး သွား၍တစု နှင့် တစု ကို ခရီးကွာ စေလော့ဟု၊ ကျွန် တို့အား မှာ ထားလေ၏။ 17  ရှေ့ဦးစွာ သွားသောသူကိုလည်း၊ ငါ့ အစ်ကို ဧသော သည် သင့် ကိုတွေ့ သင် ကား၊ အဘယ်သူ ၏ လူဖြစ်သနည်း၊ အဘယ် အရပ်သို့ သွား သနည်း။ သင့် ရှေ့ မှာရှိသော တရိစ္ဆာန် များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟုမေး လျှင် 18  ကိုယ်တော် ကျွန် ယာကုပ် ၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသော အား ဆက်သ လိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူ သည်လည်း နောက် မှာ ရှိပါ၏ဟု၊ လျှောက် ရမည်ဟု မှာ ထားလေ၏။ 19  ထိုနည်းတူဒုတိယ သူ၊ တတိယ သူမှစ၍အစုစု တို့နှင့် လိုက် သောသူအပေါင်း ကိုလည်းသင် တို့သည် ဧသော နှင့် တွေ့ လျှင် သို့လျှောက် ရမည်ဟူ၍၎င်း၊ 20  ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့်သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။ 21  ထိုသို့ ယာကုပ် ရှေ့မှာ လက်ဆောင် သည် အရင် ကူး သွား၍သူ ကိုယ်တိုင်ထို ညဉ့် ၌ လူ အစုအဝေးနှင့်အတူ အိပ် ၍ နေ၏။ 22  ညဉ့် မကုန်မှီထ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။ 23  ထိုသို့ သူ တို့ကိုယူ မိမိ ဥစ္စာရှိသမျှနှင့်တကွချောင်း တစ် ဖက်သို့ ကူး စေပြီးမှ 24  ယာကုပ် သည် တယောက် တည်းနေရစ် လူ တဦးသည် မိုဃ်းလင်း သည်တိုင်အောင် သူ နှင့် လုံး ထွေး လေ၏။ 25  ထိုသူသည် မိမိ နိုင် မှန်းကို သိ လျှင်ယာကုပ် ပေါင် ချန် ကို ထိုး လုံးထွေး စဉ် တွင်ပေါင် ဆစ် ပြုတ် လေ ၏။ 26  ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင်ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး ပေးလျှင် သွား ရဟုဆို ၏။ 27  ထိုသူ က လည်းသင် ၏အမည် ကား အဘယ်သို့ နည်းဟုမေး လျှင်ယာကုပ် ဖြစ်ပါသည်ဟု ပြန်ဆို ၏။ 28  နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်းလူ နှင့် ၎င်းမင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။ 29  ယာကုပ် ကလည်းနာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင်ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။ 30  ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။ 31  ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါနေ ထွက် ချိန်ရှိ၍သူ သည် ထော့နဲ့ သွားလေ၏။ 32  ထိုသို့ ယာကုပ် ၏ပေါင်ချန် အကြောကြီးကို ထိုး တော်မူသောကြောင့်ဣသရေလ အမျိုးသား တို့သည်၊ ပေါင်ချန် ရှိသောအကြော ကြီးကို ယနေ့ တိုင်အောင် စား ရှောင်လေ့ရှိကြ၏။