7
တဖန် ရှောလမုန် သည် တဆယ် သုံး နှစ် ပတ်လုံးနန်းတော် ကို တည်ဆောက် လက်စသတ် လေ၏။
နန်းတော် ကို လေဗနုန် တော သစ်သားဖြင့် ဆောက် ၍၊ အလျား အတောင် တရာအနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိ၏။ အာရဇ် တိုင် လေး စဉ်၊ အာရဇ် ရက်မ များနှင့် ဆောက်၏။
တိုင်တစဉ်လျှင် ဆယ် ငါး တိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ် မှာ အခြင်တို့ကို တင်လျက်၊ အာရဇ် ပျဉ်ပြား နှင့်မိုး လေ၏။
အလင်း ဝင်စရာပြတင်းပေါက် သုံး တန်း စီ အဆင့်ဆင့် မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
တံခါးပေါက် ရှိသမျှတံခါးတိုင် ရှိသမျှ တို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။
တိုင် များ၊ ထုပ်ကြီး များနှင့်ပြည့်စုံ၍ အလျား အတောင် ငါး ဆယ်၊ အနံ အတောင် သုံး ဆယ်ရှိသောကနားပြင် ကိုလည်း လုပ် လေ၏။
တရား စီရင်ရာ ကနားပြင် တည်းဟူသောတရားပလ္လင် တည်ရာကနားပြင် ကိုလည်း လုပ် ကြမ်း တဘက် မှ တဘက်တိုင်အောင် အာရဇ် ပျဉ်ပြားတို့နှင့်မိုး လေ၏။
နန်း တော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တန်တိုင်း လည်းရှိ၏။ ရှောလမုန် စုံဘက် သော ဖာရော ဘုရင်၏ သမီး စံနန်း ကိုလည်း တရားစီရင်ရာ ကနားပြင် နှင့် တူအောင်ဆောက် လေ၏။
တန်တိုင်း ကြီး ပြင် ဘက်တိုင်အောင် ၎င်း၊ အမြစ် မှစ၍ ထိပ် တိုင်အောင် ၎င်း၊ ကျောက်ဆစ် ပမာဏ နှင့်အညီနှစ်ဘက်စလုံးလွှ နှင့် တိုက် သော ကျောက်၊ ထူးဆန်း သော ကျောက်ကြီး တို့ဖြင့် ပြီးကြ၏။
10  အမြစ်သည်လည်း အလျားရှစ် တောင်ဆယ် တောင် ရှိသောကျောက်ထူးဆန်း သောကျောက် ကြီး တို့ ဖြင့် ပြီး ၏။
11  အမြစ်ပေါ် မှာလည်း ကျောက်ဆစ် ပမာဏ နှင့်အညီ လုပ်သော ကျောက်၊ ထူးဆန်း သော ကျောက် နှင့် အာရဇ် သစ်သားရှိ၏။
12  တန်တိုင်း ကြီး သည် ဆစ် သောကျောက်သုံး တန်းအာရဇ် သစ်ကြီးတတန်း ဖြင့်ပြီး၏။ ဗိမာန် တော်အတွင်း တန်တိုင်းနန်း တော်ကနားပြင် တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
13  ရှောလမုန် သည်လည်းလူကိုစေလွှတ် တုရု မြို့ မှ ဟိရံ ကို ခေါ် လေ၏။
14  ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့်ရှောလမုန် မင်းကြီး ထံသို့ လာ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။
15  ထိုသူသည်အမြင့် တဆယ် ရှစ် တောင်လုံးပတ် တဆယ် နှစ် တောင် ရှိသောကြေးဝါ တိုင်နှစ် တိုင် ကို သွန်း လေ၏။
16  တိုင် အပေါ် မှာ တင် စရာဘို့ အမြင့် ငါး တောင် ရှိသော ကြေးဝါ တိုင် ထိပ်နှစ် ခုကိုလည်း သွန်း လေ၏။
17  ကြေးဝါကွန်ရွက် နှင့်ကြေးဝါကြိုး တို့ကိုလည်း လုပ် ၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ် ခုစီဖြင့် တိုင် ထိပ် အပေါ် မှာ ဖုံးလွှမ်းလေ၏။
18  ကြေးဝါသလဲသီးတို့ကိုလည်း လုပ် တိုင် ထိပ် ကွန်ရွက် အပေါ် မှာ ထိပ် တခုလျှင် သလဲသီး နှစ် တန်း စီ ဖြင့် တန်ဆာ ဆင်လေ၏။
19  ကနားပြင် ထဲမှာ စိုက်ထားသော ထိုတိုင် ထိပ် တို့ သည် ကြာပွင့် နှင့် ပုံတူ၍ အချင်းလေး တောင် ရှိ၏။
20  တိုင် ထိပ်နှစ် ခုတို့သည် ကွန်ရွက် နှင့် နီးစပ် သော ထုပိကာ အပေါ် မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ် ရာစီရှိကြ၏။
21  ထိုတိုင် တို့ကို ဗိမာန် တော်ကနားပြင် ထဲမှာ စိုက် ထား၍ လက်ျာ တိုင် ကိုယာခိန်လက်ဝဲ တိုင် ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။
22  တိုင် ထိပ် အပေါ် မှာ ကြာပွင့် အပြောက် ရှိသည် ဖြစ်၍ တိုင် တို့သည် စေ့စုံ ကြ၏။
23  အချင်း ဆယ် တောင်အဝန်း အတောင် သုံး ဆယ်၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
24  ရေကန်အနားပတ် အောက် ပတ်လည် အတောင်တတောင်လျှင် ဘူးသီးဆယ် လုံးစီစေ့အောင် ဘူးသီးနှစ် ပတ် ကို ရေကန် နှင့်တစပ်တည်းသွန်း လေ၏။
25  ထိုရေကန်သည် နွား တဆယ် နှစ် ခုအပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံး ခုစီ မျက်နှာပြု ကြ၏။
26  ရေကန်သည် ဒု လက် တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
27  တဖန် အလျား လေး တောင်အနံ လေး တောင် အမြင့် သုံး တောင် ပမာဏရှိသော ကြေးဝါ ခုံ တဆယ် ကို လုပ် လေ၏။
28  ထို ခုံ ပုံသဏ္ဌာန် ဟူမူကားခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ် ကြား မှာ၊
29  ခြင်္သေ့နွားခေရုဗိမ် အပြောက်ရှိ၏။ အနားရစ် အပေါ် မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့ နှင့် နွား အောက် လည်း အပြောက်မျိုးရှိ၏။
30  ခုံ တခု၌ကြေးဝါ လှည်းဘီး လေး ခုစီ၊ ကြေးဝါ ဝင်ရိုး နှင့်တကွရှိ၏။ အင်တုံ တင်စရာဘို့ ခုံလေး ထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်းသွန်း လေ၏။
31  အင်တုံဝ ၌ပါသောအကွပ် သည် အကျယ်တတောင် ရှိ၏။ အဝ သည် ဝိုင်း၍ အချင်းတတောင် ထွာ ရှိ၏။ စတုရန်း လေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32  ဘီး လေး ခုတို့သည် ခုံမျက်နှာအောက် မှာနေရာ ကျလျက်၊ ဝင်ရိုး တို့သည် ခုံ နှင့်စပ်လျက်၊ ဘီး အမြင့် တတောင် ထွာ ရှိ၏။
33  ဘီး ပုံကား ရထား ဘီး နှင့် တူ၏။ ဝင်ရိုးဝင်ရိုးအိမ်၊ အကန့်အကွပ် များကို သွန်း လေ၏။
34  ခုံ လေး ထောင့် တစပ်တည်းသွန်းသော ပခုံး လေး ခုရှိသဖြင့်
35  ထိုပခုံး ပေါ် မှာ လုံးပတ် တထွာ ရှိသော ကွင်း ကို တပ်၍ခုံ ပေါ် မှာ အနားရစ် နှင့် ကိုင်စရာ များတို့ကို ခုံနှင့် တစပ်တည်းသွန်းလေ၏။
36  ကိုင် စရာမျက်နှာ နှင့် ခုံ မျက်နှာပြင်၌ ခေရုဗိမ်ခြင်္သေ့စွန်ပလွံပင် အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ် လျက်ရှိ၏။
37  ထိုသို့ ပုံသဏ္ဌာန် အလုံး အရပ်တူ အောင်၊ အင်တုံတင်ရာခုံ တဆယ် ကို သွန်း ၍ပြီးလေ၏။
38  အဝန်းလေး တောင် ကျယ်၍၊ ရေဗတ် လေးဆယ် ဝင် နိုင်သော ကြေးဝါ အင်တုံ တဆယ် ကိုလည်း လုပ် ၍၊ ခုံ တခု ပေါ်မှာ အင်တုံ တလုံးစီ တင်ထားလေ၏။
39  အိမ် တော်လက်ျာ ဘက် ခုံ ငါး ခု၊ လက်ဝဲ ဘက် ငါး ခုကိုထား ရေကန် ကိုကား၊ အိမ် တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် နေရာ ချ၏။
40  ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ ကိုလည်း လုပ် သဖြင့်၊ ရှောလမုန် မင်းကြီး အဘို့ ထာဝရဘုရား ၏အိမ် တော်၌ လက်စသတ် သောအရာများဟူမူကား၊
41  တိုင် နှစ် တိုင်၊ တိုင် ထိပ် အထွဋ် နှစ် ခု၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
42  ဖုံးလွှမ်း စရာကွန်ရွက် ရွက်အဘို့ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ
43  ခုံ ဆယ် ခု၊ ခုံ ပေါ်မှာ တင်ထားသော အင်တုံ ဆယ် လုံး၊ ရေကန် ကန်၊
44  ရေကန် ကိုထောက် သော နွား တဆယ် နှစ် ခု၊ အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ တည်း။
45  ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သော ထာဝရဘုရား ၏ အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင် တောက်သော ကြေးဝါ ဖြင့် ပြီးကြ၏။
46  ယော်ဒန် ချိုင့်သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ရှင်ဘုရင် သွန်း လေ၏။
47  ထိုတန်ဆာ တို့သည် အလွန်များ သောကြောင့်ရှောလမုန် သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါ အချိန် ကို အဘယ်သူမျှမ သိ
48  ရှောလမုန် သည်လည်း ထာဝရဘုရား ၏ အိမ် တော်နှင့်ဆိုင် သမျှ သောတန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင်စရာရွှေ စားပွဲ
49  ဗျာဒိတ် ဌာနတော်ရှေ့လက်ျာ ဘက်၌ ရွှေ စင် မီးခုံ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခု၊ ရွှေ ပန်းပွင့်ရွှေမီးခွက်မီး ကိုင်တန်ဆာ၊
50  ရွှေ စင် ဖြင့်ပြီးသောခွက် များ၊ မီးညှပ်လင်ပန်းဇွန်းပြာခံစရာ အိုးများ၊ အလွန်သန့်ရှင်း ရာဌာနတော် အတွင်း ခန်း တံခါး နှင့် ဗိမာန် တော်ပြင်ခန်း တံခါး ဆွဲထား သော ရွှေ ပတ္တာ များတို့ကို လုပ်လေ၏။
51  ထိုသို့ရှောလမုန် မင်းကြီး သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြုလုပ် စီရင်သမျှအလုံးစုံ တို့ကို လက်စသတ် ပြီးမှခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကို ဆောင် ခဲ့၍ထာဝရဘုရား ၏အိမ် တော် ဘဏ္ဍာ စုထဲမှာ သွင်း ထားလေ၏။