8
ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဇိအုန် မည်သော ဒါဝိဒ် မြို့ မှ ဆောင် ခဲ့ လိုသောငှါရှောလမုန် သည် ဣသရေလ အမျိုးအသက်ကြီး သူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုးအသီးအသီး ကို အုပ်သော ခေါင်း မင်း အပေါင်း တို့ကို ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ သို့ခေါ် တော်မူသည်အတိုင်း
ဣသရေလ လူ အပေါင်း တို့သည် ဧသနိမ် အမည် ရှိသောသတ္တမ ၌လုပ်သောပွဲ အတွင်း တွင် ရှောလမုန် မင်းကြီး ထံ သို့စုဝေး ရောက်လာကြ၏။
ဣသရေလ အမျိုးတွင် အသက်ကြီး သူအပေါင်း တို့သည်လာ ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း လျက်
ပရိသတ်စည်းဝေး ရာ တဲ တော်၊ တဲ တော်နှင့် ဆိုင်၍ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
ရှောလမုန် မင်းကြီး မှစ၍ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်။ အတိုင်း သိများစွာ သော သိုး နွား တို့ကို သေတ္တာ တော်ရှေ့ မှာ ယဇ် ပူဇော်ကြ၏။
ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်း ရာဌာနတည်းဟူသောဗျာဒိတ် ဌာနတော် ထဲ မှာ ခေရုဗိမ် အတောင် တို့အောက်သူ့ နေရာ ထား ကြ ၏။
ခေရုဗိမ် တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာ တော်နေရာ အပေါ် မှာဖြန့် သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိကြ၏။
ထမ်းဘိုး တို့ကို ဆွဲထား သဖြင့် ထမ်းဘိုး ဖျား တို့ သည် ပြင် ခန်း၌ မ ထင်သန့်ရှင်း ရာဌာန၊ ဗျာဒိတ် ဌာန တော်၌ သာထင် ယနေ့ တိုင်အောင် ရှိ ကြ၏။
ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် ၍၊ ထာဝရဘုရား သည် သူတို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါမောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထား သော ကျောက်ပြား နှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌ အဘယ် အရာမျှမရှိ။
10  ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာ ဌာနထဲက ထွက် ကြသောအခါထာဝရဘုရား ၏ အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
11  ထိုသို့ ထာဝရဘုရား ၏ အိမ် တော်သည် ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက်လျက် ရပ် ၍ မ နေနိုင် ကြ။
12  ရှောလမုန် ကလည်း၊ ထာဝရဘုရား သည် ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
13  အကယ်စင်စစ်ကိုယ်တော် ကျိန်းဝပ် တော်မူရာ အိမ်အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။
14  တဖန် ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တပ် နေကြ၏။
15  ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ငါ့ နာမ တည်ရာ အိမ် ကိုဆောက် စေခြင်းငှါဣသရေလ ခရိုင် များတို့တွင်မြို့ တစုံတမြို့ ကို ငါမ ရွေး သေးသော်လည်း၊
16  ငါ ၏လူ ဣသရေလ အမျိုးသားတို့ကိုအုပ်စိုး စေခြင်းငှါဒါဝိဒ် ကို ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်းပြုတော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
17  ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ
18  ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် တော်တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ကောင်း သောအမှုကို ပြုပြီ။
19  သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။
20  ထာဝရဘုရား သည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ်အရာကိုခံရ ၍၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
21  ငါ တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှထာဝရဘုရား နှုတ်ဆောင် သောအခါသူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ထားရာအရပ် ကို ထို အိမ်တော်၌ လုပ် လေပြီဟု မြွက်ဆို၏။
22  တဖန် ရှောလမုန် သည် ထာဝရဘုရား ၏ ယဇ် ပလ္လင် ရှေ့ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ အလယ်မှာ နေ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
23  အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအထက် ကောင်းကင် ဘုံနှင့်အောက် အရပ်မြေကြီး ပေါ် မှာ ကိုယ်တော် နှင့် တူသော ဘုရား တဆူမျှမ ရှိပါ။ ရှေ့ တော်၌ စိတ် နှလုံးအကြွင်းမဲ့ ကျင့် သော ကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။
24  အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိတော် ကိုမဖျက်မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။
25  အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကိုယ်တော်က၊ သင်သည် ငါ့ ရှေ့ မှာကျင့် သကဲ့သို့ သင် ၏သား မြေးတို့သည် ငါ့ ရှေ့ မှာ ကျင့် လိုသောငှါမိမိ တို့ သွားရာလမ်း ကို သတိပြု လျှင်ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိ တော်ကို ယခု စောင့် တော်မူ ပါ။
26  အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
27  သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လောကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
28  သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရားကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူတော်မူပါ။
29  ဤမည်သောအရပ် ၌ ငါ့ နာမ တည် ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့် မပြတ် ကြည့်ရှု၍၊ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
30  ကိုယ်တော် ကျွန် မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
31  လူ သည် မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့်အကျိန် ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ယဇ် ပလ္လင်ရှေ့ မှာ အကျိန် တိုက်လျှင်
32  ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိ အပြစ်နှင့်အလျောက်ရှုံး စေခြင်းငှါ ၎င်းဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ် မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။
33  ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူ ရှေ့ မှာ ရှုံး ရသောအခါကိုယ်တော် ထံသို့ ပြန် လာ၍နာမ တော်ကိုဝန်ခံ လျက် အိမ် တော်ကို မှီခို လျက် ဆုတောင်း ပဌနာပြုလျှင်
34  ကောင်းကင် ဘုံ၌ နားထောင် ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် သို့ တဖန် ပို့ဆောင်တော်မူပါ။
35  ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် မိုဃ်း ရွာ၊ မိုဃ်းခေါင် သဖြင့် ကိုယ်တော်သည် ဆုံးမ တော်မူ သောအခါသူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း နာမ တော်ကိုဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ် လျှင်36ကောင်းကင် ဘုံ၌နားထောင် ကိုယ်တော် ၏ ကျွန်ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူတို့လိုက် ရသော လမ်း ကောင်း ကို ပြညွှန် ကိုယ်တော် ၏လူ တို့အား အမွေ ပေး သော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
36  ပြည် တော်၌ အစာအာဟာရခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍ သေသော်၎င်း၊ အရာဘကျိုင်းခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ကို ဝိုင်းထား သော်၎င်း၊ ဘေးဥပဒ်အနာ ရောဂါတစုံတခု ရောက် သောအခါ
37  ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် တစုံတခု သောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊
38  ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။
39  ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် ၌ သူ တို့သည် အသက် ရှင်သော ကာလ ပတ်လုံးကိုယ်တော် ကို ကြောက်ရွံ ပါမည်အကြောင်းကိုယ်တော် သာလျှင် လူ သတ္တဝါအပေါင်း တို့၏ စိတ် နှလုံးသဘောကို သိ တော်မူ သည်ဖြစ်၍ဆုတောင်းသောသူတို့ ၏ စိတ် နှလုံးသဘောကိုသိ လျက်၊ သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
40  ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့သည် ကြီးမြတ် သော နာမ တော်၏ သိတင်းနှင့် တန်ခိုး ကြီး၍ဆန့် တော်မူသောလက်ရုံး တော် ၏သိတင်းကိုကြား သောကြောင့်
41  နာမ တော်ကိုထောက် သဖြင့် ဝေး သောပြည် မှ ရောက် လာ၍၊ ဤ အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင်
42  ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက်၊ နာမ တော် ကို သိ စေခြင်းငှါ ၎င်း၊ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်း ကို သိ စေခြင်းငှါ ၎င်းထိုတပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
43  ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်းကိုယ်တော် ၏ လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါရွေး တော်မူသော မြို့နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက်၊ ထာဝရဘုရား အား ဆုတောင်း ကြလျှင်
44  သူ တို့ ဆုတောင်း ပဌနာပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် သူ တို့အမှု ကို စောင့် တော်မူ ပါ။
45  ပြစ်မှား တတ်သော လူ တယောက်မျှမ ရှိသည် ဖြစ်၍ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့်အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့်ရန်သူ တို့သည် ဝေး သောပြည်၊ နီး သောပြည်အခြားတပါးသောပြည်သို့ သိမ်း သွားလျှင်၎င်း၊
46  ထိုပြည် အချုပ် ခံစဉ်၊ သူတို့သည် သတိရ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ တောင်းပန် သဖြင့်
47  သိမ်း သွားသော ရန်သူ တို့၏ ပြည် နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ဘိုးဘေး တို့အား ပေး တော်မူသော ပြည်ရွေး တော်မူသော မြို့နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
48  သူ တို့ဆုတောင်း ပဌနာ ပြုသော စကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌နားထောင် သူ တို့ အမှု ကို စောင့် တော်မူပါ။
49  ကိုယ်တော် ၏လူ တို့သည် ကိုယ်တော် ကို ပြစ်မှား သော်လည်းကိုယ်တော် ကို ပြစ်မှား လွန်ကျူးခြင်းအပြစ် အလုံးစုံ တို့ကို ဖြေရှင်း တော်မူပါ။ သိမ်း သွားသောသူတို့ သည် ကိုယ်တော်၏လူတို့ကို သနား စေခြင်းငှါကရုဏာ စိတ်သဘောကို ပေး တော်မူပါ။
50  အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည်၏ သံ မီးဖို ထဲက နှုတ်ယူ တော်မူသော ကိုယ်တော် ၏လူအမွေ ခံရတော်မူသောအမျိုးဖြစ်ပါ၏။
51  ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။
52  အကြောင်း မူကား၊ အကျွန်ုပ် တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောအခါကိုယ်တော် ၏ ကျွန် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်းဣသရေလအမျိုးကို ကိုယ်တော် အမွေ ခံရာဖြစ်စေခြင်းငှါမြေကြီး သားအမျိုးမျိုး ထဲက ရွေးနှုတ် ခွဲထားတော်မူပြီအရှင် ထာဝရဘုရား ဟု ပဌနာပြုလေ၏။
53  ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်း ပဌနာပြု၍ ပြီး သောအခါထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ဒူး ထောက် လျက်၊ လက်ဝါး တို့ကို ကောင်းကင် သို့ဖြန့် လျက်နေရာမှထ ၍၊
54  မတ်တတ် နေပြီးလျှင်ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသော စကားဟူမူကား
55  ဂတိ တော်ရှိသမျှ အတိုင်း မိမိ လူ ဣသရေလ အမျိုးကို ငြိမ်ဝပ် စေခြင်းငှါစီရင် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ ကျွန် မောရှေ အားဖြင့် ထားတော်မူသော ဂတိ တော်ကောင်း တခွန်း မျှမ ပျက်
56  ငါ တို့ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့်အတူ ရှိ တော်မူသည်နည်းတူ ငါ တို့နှင့်အတူ ရှိ တော်မူပါစေသော။ ငါ တို့ကို အလျှင်းစွန့်ပစ် တော် မ မူပါစေနှင့်။
57  လမ်း တော်တို့သို့ လိုက် စေခြင်းငှါ ၎င်း၊ ဘိုးဘေး တို့အား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို စောင့်ရှောက် စေခြင်းငှါ ၎င်း၊ ငါ တို့စိတ် နှလုံးကို အထံ တော်သို့ သွေးဆောင် တော်မူပါစေသော။
58  ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြား တပါးသော ဘုရားသခင်မ ရှိ ကြောင်းကို၎င်း၊ မြေကြီး သားအပေါင်း တို့သည် သိ ကြမည်အကြောင်း
59  ငါ တို့ဘုရားသခင် ထာဝရဘုရား သည် မိမိ ကျွန် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၏အမှု ကို စောင့် စရာအကြောင်း ရှိသည်အတိုင်း၊
60  အစဉ်စောင့်တော်မူ စေခြင်းငှါထာဝရဘုရား ရှေ့ တော်၌ ငါဆုတောင်း သော ပဌနာစကား သည် နေ့ ညဉ့်မပြတ်အနီး တော်၌ ရှိ ပါစေသော။
61  သင်တို့သည် ယနေ့ ကျင့်သကဲ့သို့ငါ တို့ဘုရားသခင် ထာဝရဘုရား စီရင် တော်မူသောလမ်းသို့ လိုက် ၍ ပညတ် တရားတော်ကို စောင့်ရှောက် ခြင်းငှါအထံတော်၌ စိတ်နှလုံးစုံလင် ပါစေသောဟု မြွက်ဆိုလေ၏။
62  ထိုအခါ ရှောလမုန်မင်းကြီး နှင့်တကွ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
63  နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် သဖြင့်ထာဝရဘုရား ၏အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
64  ထို နေ့ လည်း၊ ရှင် ဘုရင်သည် ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ထို အရပ်၌ မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပူဇော် ၏။ အကြောင်း မူကား၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ် ပလ္လင်သည် မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
65  ထိုအခါ ရှောလမုန် သည် အလွန် များစွာသော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ခုနစ်ရက် နှစ်လီ၊ တဆယ် လေး ရက် ပတ်လုံးပွဲ ခံ တော်မူ၏။
66  ရှစ် ရက်မြောက်သောနေ့ လူ များတို့ကို လွှတ်လိုက် တော်မူ၏။ သူတို့သည် ရှင် ဘုရင်ကို ကောင်းကြီး ပေးလျက်ထာဝရဘုရား သည် မိမိ ကျွန် ဒါဝိဒ် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့်ဝမ်းမြောက် ရွှင်လန်း လျက် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။