19
ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ် သည် သေ သား တော်ဟာနုန်သည် ခမည်းတော်အရာ ၌ နန်းထိုင် ၏။ ဒါဝိဒ် ကလည်း၊ ဟာနုန် အဘ နာဟတ် သည် ငါ့ အား ကျေးဇူး ပြု သောကြောင့်သူ၏သား ကျေးဇူး ပြု မည်ဟုဆို လျက်သူ ၏အဘ သေရာတွင် နှစ်သိမ့် စေခြင်းငှါ သံတမန် တို့ကိုစေလွှတ် ဒါဝိဒ် ၏ကျွန် တို့သည် ဟာနုန် မင်းကို နှစ်သိမ့် စေခြင်းငှါ သူရှိရာ အမ္မုန် ပြည် သို့ ရောက် ကြ၏။ အမ္မုန် အမျိုး မှူးမတ် တို့သည် ဟာနုန် မင်းထံသို့ ဝင်၍၊ ဒါဝိဒ် သည် စိတ်တော်ကို နှစ်သိမ့် စေသောသူတို့ကို စေလွှတ် ရာတွင်၊ ခမည်းတော် ကို ရိုသေ စွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည် တော်ကို စစ်ဆေး စူးစမ်း ဖျက်ဆီး ခြင်းငှါ သာ၊ သူ ၏ကျွန် တို့သည် အထံ တော် သို့ ရောက် သည် မ ဟုတ်လော ဟု လျှောက် ကြလျှင် ဟာနုန် သည် ဒါဝိဒ် ၏ ကျွန် တို့ကို ယူ ပြီးလျှင်မုဆိတ်ကိုရိတ် အဝတ် ကိုတင်ပါး တိုင်အောင်ဖြတ် ပြီးမှ လွှတ်လိုက် လေ၏။ ထိုသူ တို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ် သည် သိတင်း ကြားသောအခါသူတို့သည် အလွန် ရှက် သောကြောင့် ဆီးကြို စေခြင်းငှါ စေလွှတ် သင် တို့သည် မုဆိတ် ရှည် မှီတိုင်အောင်ယေရိခေါ မြို့မှာ နေ ကြလော့။ ထိုနောက်မှ ပြန်လာ ကြလော့ဟု မှာထား တော်မူ၏။ ဟာနုန် မင်းနှင့် အမ္မုန် အမျိုးသား တို့က၊ ငါတို့ သည် ဒါဝိဒ် ရှေ့ မှာ စက်ဆုပ် ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိ လျှင်မေသောပေါတာမိ ပြည်၊ ရှုရိမာခါ ပြည်၊ ဇောဘ ပြည်တို့၌ မြင်း ရထားတို့ကိုငှါး ခြင်းငှါ ငွေ အခွက် တသောင်းကို ထုတ်၍၊ မြင်း ရထားသူရဲသုံးသောင်း နှစ်ထောင်ကို၎င်းမာခါ မင်းကြီး နှင့် သူ ၏လူ တို့ကို၎င်းငှါး သဖြင့်၊ ထိုသူတို့ သည် မေဒဘ မြို့ရှေ့ မှာ တပ်ချ ကြ၏။ အမ္မုန် အမျိုးသား တို့သည်လည်း စုဝေး ၍ အမြို့မြို့ တို့မှ စစ် ချီ ကြ၏။ ထိုသိတင်းကို ဒါဝိဒ် သည် ကြား လျှင် ယွာဘ နှင့် ခွန်အား ကြီးသော သူရဲ အလုံးအရင်းအပေါင်း ကို စေလွှတ် ၏။ အမ္မုန် အမျိုးသား တို့သည် ထွက် မြို့ တံခါးဝ မှာ စစ် ခင်းကျင်း ကြ၏။ စစ်ကူသော မင်းကြီး တို့သည် လွင်ပြင် တခြားစီ နေကြ၏။ 10  ယွာဘ သည်လည်း ရှေ့ ၌၎င်းနောက် ၌၎င်း၊ စစ် မျက်နှာ နှစ်ဘက်ရှိ သည်ကို မြင် လျှင်၊ ဣသရေလ လူတို့ တွင် သန်မြန်သောသူရှိသမျှ တို့ကို ရွေးကောက် ၍ ရှုရိ လူ တို့တဘက်၌ စစ်ခင်းကျင်း ၏။ 11  ကြွင်း သောသူ တို့ကို အမ္မုန် အမျိုးသား တို့ တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါညီ အဘိရှဲ လက် သို့ အပ် လျက်၊ 12  ရှုရိ လူတို့သည် ငါ့ ကိုနိုင် လျှင် ငါ့ အား ကူ ရမည်။ အမ္မုန် အမျိုးသား တို့သည် သင့် ကိုနိုင် လျှင် သင့် အား ငါကူ မည်။ 13  ရဲရင့် သောစိတ် ရှိ၍ ငါ တို့လူမျိုး နှင့် ငါ တို့ ဘုရားသခင့် မြို့ ရွာတို့အဘို့ အားထုတ် ၍ တိုက်ကြကုန်အံ့။ ထာဝရဘုရား သည် အလို တော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆို ပြီးမှ 14  သူ ပါသော လူ များနှင့်တကွ၊ ရှုရိ လူတို့ကို စစ်တိုက် ခြင်းငှါ ချဉ်းသွား သောအခါရှုရိလူတို့သည် ပြေး ကြ၏။ 15  ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင်သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။ 16  ရှုရိ လူတို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်သံတမန် တို့ကို စေလွှတ် မြစ် တဘက် ၌နေသော ရှုရိ လူတို့ကို ခေါ်သဖြင့်ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ် မင်းရှောဗက် သည်လည်း အုပ်ရ၏။ 17  ထိုသိတင်းကိုကြား လျှင် ဒါဝိဒ် သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ ယော်ဒန် မြစ်ကို ကူး သဖြင့်ရန်သူတပ်သို့ ရောက် စစ်ခင်းကျင်း လေ၏။ ထိုသို့ဒါဝိဒ် သည် စစ်ခင်းကျင်း ၍ ရှုရိ လူတို့သည် တိုက် သောအခါ 18  ဣသရေလ အမျိုးသားရှေ့ မှာ ပြေး ကြ၏။ ဒါဝိဒ် သည်လည်း ရှုရိ မြင်း ရထားစီးသူရဲခုနစ် ထောင်ခြေသည် သူရဲလေးသောင်း တို့ကိုသတ် ဗိုလ်ချုပ် မင်းရှောဗက် ကိုလည်း လုပ်ကြံ လေ၏။ 19  ဟာဒဒေဇာ မင်း၏ ကျွန် တို့သည် ဣသရေလ အမျိုးသားရှေ့ မှာ မိမိတို့ရှုံး သည်ကို သိမြင် လျှင်ဒါဝိဒ် နှင့် မိဿဟာယ ဖွဲ့၍ ကျွန်ခံ ကြ၏။ နောက် တဖန် ရှုရိ လူတို့ သည် အမ္မုန် အမျိုးသား တို့ကို စစ်မ ကူ ကြ။