20
အခါလည် ၍၊ ရှင် ဘုရင်တို့သည် စစ်တိုက် ချိန် ရောက်သောအခါယွာဘ သည်ဗိုလ်ခြေ အလုံးအရင်းနှင့် ချီသွား သဖြင့်အမ္မုန် ပြည် ကို တိုက်ဖျက် ရဗ္ဗာ မြို့ကို ဝိုင်းထား ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့ ၌ နေ လေ၏။ ယွာဘ သည် ရဗ္ဗာ မြို့ကို တိုက်ဖျက် ပြီးမှဒါဝိဒ် သည် မင်းကြီး ၏ သရဖူ ကိုချွတ်ယူ ခေါင်း တော်ပေါ် မှာ တင်ကြ၏။ သရဖူအချိန် ကား၊ ကျောက် မြတ် ကိုမဆိုဘဲ ရွှေ အခွက် တဆယ်ရှိ သတည်း။ မြို့ ၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။ မြို့သား တို့ကိုလည်း ထုတ် ၍လွှတိုက်မှုသံ ထွန်သံပုဆိန် နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ် သည် အမ္မုန် မြို့သူ ရွာသားအပေါင်း တို့၌ ပြု ပြီးမှလူ အပေါင်း တို့နှင့်အတူ ယေရုရှလင် မြို့သို့ ပြန် လေ၏။ နောက် တဖန် ဂေဇာ မြို့မှ ဖိလိတ္တိ လူတို့နှင့် စစ်တိုက် ကြစဉ်ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကို သတ် ဖိလိတ္တိလူတို့ကို အောင်မြင် လေ၏။ နောက် တဖန် ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ယာဣယ သား ဧလဟာနန် သည် ရက်ကန်း လက်လိပ် နှင့်အမျှ ကြီးသော လှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျတ် ၏ ညီ လာခမိ ကို သတ် လေ၏။ နောက် တဖန်ဂါသ မြို့မှာ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက် ချောင်းစီ၊ ပေါင်းနှစ်ဆယ် လေး ချောင်းရှိသောရေဖိမ် အမျိုးသားတယောက်သည်၊ ဣသရေလ အမျိုးကို ကြိမ်းပ သောအခါဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ ၏။ သူတို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး သား ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့လက် ဖြင့် သေ ကြ၏။