24
အာရုန် အမျိုးသား အသီးအခြား သင်းဖွဲ့ရာမှာ၊ အာရုန် သား ကား နာဒပ်အဘိဟုဧလာဇာဣသမာ တည်း။ နာဒပ် နှင့် အဘိဟု သည်သား ရှိ။ အဘ လက်ထက်တွင် သေ သောကြောင့်ဧလာဇာ နှင့် ဣသမာ သည် ယဇ် ပုရောဟိတ်အမှုကို ဆောင်ရ၏။ ဒါဝိဒ် သည် ဧလာဇာ အမျိုး ဇာဒုတ် နှင့် ဣသမာ အမျိုး အဟိမလက် ကို အသီးအသီး ဆောင် သင့်သည် အတိုင်းခန့်ထားလေ၏။ ဣသမာ အမျိုး အကြီးအကဲ ထက် ဧလာဇာ အမျိုး အကြီးအကဲသာ၍များ သောကြောင့်၊ ဧလာဇာ အဆွေအမျိုး အလိုက် အကြီးအကဲ တကျိပ် ခြောက် ယောက်၊ ဣသမာ အဆွေအမျိုး အလိုက် အကြီးအကဲရှစ် ယောက် တို့ကို အသီးအသီး ခွဲခန့်လေ၏။ စာရေးတံ ပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်း ရာဌာနအုပ်ဘုရားသခင် ၏အမှု တော်အုပ်တို့ကို ဧလာဇာ အမျိုး နှင့် ဣသမာ အမျိုး ထဲက ရွေးယူရ၏။ လေဝိ အမျိုးနာသနေလ သား စာရေးတော် ရှေမာယ သည် ရှင်ဘုရင်မှူးမတ်ယဇ်ပုရောဟိတ် ဇာဒုတ်အဗျာသာ သား အဟိမလက်ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီး များ ရှေ့ မှာနာမများကို မှတ် ရ၏။ စာရေးတံ ပြု၍ ဧလာဇာ အမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက် ခန့်ထားသော သူဟူမူကား၊ ပဌမ သူယောယာရိပ်ဒုတိယ သူယေဒါယ တတိယ သူဟာရိမ်စတုတ္ထ သူစောရိမ် ပဉ္စမ သူမာလခိယဆဌမ သူမိယမိန် 10  သတ္တမ သူဟက္ကုတ်အဋ္ဌမ သူအဘိယ 11  နဝမ သူယေရွှာဒသမ သူ ရှေကနိ 12  ဧကဒသမ သူဧလျာရှိပ်ဒွါဒသမ သူယာကိမ် 13  တကျိပ် သုံး ယောက်မြောက်သော သူဟုပ္ပ တကျိပ် လေး ယောက်မြောက်သောသူ ယေရှေဗပ် 14  တကျိပ် ငါး ယောက်မြောက်သော သူဗိလဂ တကျိပ် ခြောက် ယောက် မြောက်သောသူဣမ္မေရ 15  တကျိပ် ခုနစ် ယောက်မြောက်သောသူ ဟေဇိရ တကျိပ် ရှစ် ယောက်မြောက်သူအပ်ဇဇ် 16  တကျိပ် ကိုး ယောက်မြောက်သောသူပေသဟိနှစ်ကျိပ် မြောက်သောသူ ယေဇကျေလ 17  နှစ်ကျိပ် တယောက် မြောက်သောသူ ယာခိန်နှစ်ကျိပ် နှစ် ယောက်မြောက်သောသူ ဂါမုလ 18  နှစ်ကျိပ် သုံး ယောက်မြောက်သောသူ ဒေလာယ နှစ်ကျိပ် လေး ယောက်မြောက်သောသူ မာဇိ တည်း။ 19  ထိုသို့သူတို့အဘ အာရုန် အား ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထား တော်မူ၍၊ အဘ အာရုန်စီရင် သည် အတိုင်း သူတို့သည် ထာဝရဘုရား ၏ အိမ် တော်ကို ဝင် မြဲဝင်၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါ ခွဲခန့် ခြင်းရှိသတည်း။ 20  ကြွင်း သော လေဝိ အမျိုးသား ဟူမူကား၊ အာမရံ သား ဖြစ်သော ရှုဗွေလ ၏သား စုတွင် ယေဒေယ 21  ရေဟဘိ သား စုတွင် ဣရှယာ 22  ဣဇဟာ သားဖြစ်သော ရှေလောမိတ် ၏သားစု တွင် ယာဟတ် 23  ဟေဗြုန်သားစုတွင် သားအကြီးယေရိဒုတိယ သားအာမရိတတိယ သားယဟာဇေလစတုတ္ထ သား ယေကမံ 24  ဩဇေလ သား ဖြစ်သော မိက္ခါ ၏သား စုတွင် ရှမိရ 25  မိက္ခါ ညီ ဣရှယာ သား စုတွင် ဇာခရိ တည်း။ 26  မေရာရိ သား ကား မဟာလိ နှင့် မုရှိ ဖြစ်၍၊ 27  မေရာရိ အမျိုးသား ဖြစ်သော ယာဇိ ၏သား ကား ဗေနော၊ ရှောဟံဇက္ကုရဣဗရိ တည်း။ 28  မဟာလိ သားဧလာဇာ ၌သား ရှိ 29  ကိရှ သား ကား ယေရမေလ တည်း။ 30  မုရှိ သား ကားမဟာလိဧဒါယေရိမုတ် တည်း။ ဤရွေ့ကား မိမိ တို့ အဆွေအမျိုး အလိုက် လေဝိ အမျိုးသားတည်း။ 31  ဤသူ တို့သည် ဒါဝိဒ် မင်းကြီးဇာဒုတ်အဟိမလက် အစရှိသော ယဇ်ပုရောဟိတ် လေဝိ သားအဆွေအမျိုး သူကြီးတို့ရှေ့ မှာ မိမိ တို့ညီအစ်ကို အာရုန် အမျိုးသား တို့တဘက်တချက် အလှည့်လှည့်စာရေးတံ ပြုကြ၏။