25
ထိုမှတပါး အာသပ်ဟေမန်ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်းတယောခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊ အာသပ် သား ဇက္ကုရယောသပ်နေသနိအာရှရေလ တစု၊ သူတို့သည်ရှင်ဘုရင် စီရင်သည်အတိုင်း၊ အဘအာသပ် တပည့်ဖြစ်၍ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ ယေဒုသုန် သား ဂေဒလိဇေရိရှိမိ၊ ယေရှာယဟာရှဘိမတ္တိသိ ပေါင်းခြောက် ယောက်၊ သူတို့သည် အဘ ယေဒုသုန် ၌ တပည့်ဖြစ်၍ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြချီးမွမ်း ခြင်းငှါစောင်း တီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ ဟေမန် သား ဗုက္ကိမတ္တနိဩဇေလရှေဗွေလယေရိမုတ်ဟာနနိဟာနန်ဧလျာသဂိဒ္ဒါလတိရောမန္တေဇာယောရှဗေကရှမလ္လောသိဟောသိရမဟာဇုတ် တည်းဟူသော၊ ထို သူအပေါင်း တို့သည် တံပိုး မှုတ်လျက် ဘုရားသခင် ၏ တရား တော်ကို ဟောပြောသောရှင်ဘုရင် ၏ ဆရာ တော်ဟေမန် သား ဖြစ်ကြ၏။ ဘုရားသခင် သည် ဟေမန် အား သား တကျိပ် လေး ယောက်နှင့် သမီး သုံး ယောက်တို့ကိုပေး တော်မူ၏။ ထို သားအပေါင်း တို့သည် အာသပ်ယေဒုသုန်ဟေမန် တို့ကို ရှင်ဘုရင် စီရင်သည်အတိုင်း အဘ ဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရ အရှင် ဘုရားသခင် ၏အိမ် တော်၌ ခွက်ကွင်းစောင်းတယော ကိုတီးလျက်၊ သီချင်း ဆို၍ အမှု တော်ကို ဆောင်ရွက်ရကြ၏။ ထိုသူတို့နှင့်တကွ ထာဝရဘုရား ၏သီချင်း ကို သင် ၍ လေ့ကျက် သော ညီအစ်ကို ပေါင်း ကားနှစ် ရာရှစ်ကျိပ် ရှစ် ယောက်တည်း။ ထိုသူတို့သည်အကြီး အငယ် ဆရာ တပည့် ရောနှောလျက် စာရေးတံ ပြု၍ သင်းဖွဲ့ရာမှာ၊ ပဌမ သူကား၊ အာသပ် အပေါင်းအသင်းဝင်သူ ယောသပ် တည်း။ ဒုတိယ သူဂေဒလိသူ နှင့် သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
10  တတိယ သူဇက္ကုရသူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
11  စတုတ္ထ သူဣဇရိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
12  ပဉ္စမ သူနေသနိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
13  ဆဌမ သူဗုက္ကိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
14  သတ္တမ သူယေရှရေလသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
15  အဋ္ဌမ သူယေရှာယသူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
16  နဝမ သူမတ္တနိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
17  ဒသမ သူရှိမိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။ 18  ဧကဒသမ သူအာရေလသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
19  ဒွါဒသမ သူ ဟာရှဘိသူနှင့်သူ ၏သား ညီ ပေါင်း ကား တကျိပ် နှစ် ယောက်တည်း။
20  တကျိပ် သုံး ယောက်မြောက်သောသူ ရှေဗွေလသူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
21  တကျိပ် လေး ယောက်မြောက်သော သူမတ္တိသိ သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
22  တကျိပ် ငါး ယောက်မြောက်သောသူ ယေရမုတ်သူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
23  တကျိပ် ခြောက် ယောက်မြောက်သောသူဟာနနိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
24  တကျိပ် ခုနစ် ယောက်မြောက်သောသူ ယောရှဗေကရှသူနှင့် သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။ 25  တကျိပ် ရှစ် ယောက်မြောက်သောသူ ဟာနန်သူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
26  တကျိပ် ကိုး ယောက်မြောက်သောသူမလ္လောသိသူနှင့်သူ ၏သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
27  နှစ်ကျိပ် မြောက်သောသူဧလျာသာသူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက်တည်း။
28  နှစ်ကျိပ် တယောက် မြောက်သောသူ ဟောသိရ သူနှင့်သူ ၏ သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
29  နှစ်ကျိပ် နှစ် ယောက်မြောက်သော သူဂိဒ္ဒါလတိသူနှင့်သူ ၏သား ညီ ပေါင်းကားတကျိပ် နှစ် ယောက်တည်း။
30  နှစ်ကျိပ် သုံး ယောက်မြောက်သောသူ မဟာဇယုတ်သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။
31  နှစ်ကျိပ် လေး ယောက်မြောက်သောသူ ရောမန္တေဇာ သူနှင့်သူ ၏ သား ညီ ပေါင်းကား တကျိပ် နှစ် ယောက် တည်း။