35
တဖန် ယောရှိ မင်းသည် ယေရုရှလင် မြို့၌ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ တော်မူ၍ ပဌမ တဆယ် လေး ရက်နေ့တွင်ပသခါ သိုးသငယ်ကိုသတ် ကြ၏။ ယဇ် ပုရောဟိတ်တို့ကို မိမိ တို့အရာ ခန့်ထား ဗိမာန် တော်အမှု ကို စောင့်စေခြင်းငှါနှိုးဆော် တော်မူ၏။ ဣသရေလ အမျိုးရှိသမျှ ကို သွန်သင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလေဝိ သားတို့ကိုခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် တည်ဆောက် သော အိမ် သန့်ရှင်း သော သေတ္တာ တော်ကို သွင်း ထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မ ထမ်း ဘဲ၊ သင် တို့၏ ဘုရားသခင် ထာဝရ ဘုရား၏အမှု၊ ဘုရားသခင် ၏လူ ဣသရေလ အမျိုး၏ အမှု ကို ထမ်းကြလော့။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် မှတ်စာသား တော် ရှောလမုန် မှတ်စာ နှင့်အညီ သင်းဖွဲ့ သည်အတိုင်းအဆွေအမျိုး အလိုက် ကိုယ်ကိုပြင်ဆင် ပြည်သူ ပြည်သားဖြစ်သော သင် တို့ညီအစ်ကို အဘ တို့ အဆွေအမျိုး နှင့် လေဝိ သား အဆွေအမျိုး အသီးအသီးနေရာ ရှိသည်အတိုင်းသန့်ရှင်း ရာဌာနတော်၌ ရပ် နေကြလော့။ ထိုသို့ ပသခါ သိုးသငယ်ကိုသတ် ကိုယ်ကိုသန့်ရှင်း စေကြလော့။ သင် တို့ညီအစ်ကို တို့သည် မောရှေ အားဖြင့် ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ပြု စေခြင်းငှါသူတို့ကိုလည်း ပြင်ဆင် ကြလော့ဟု မိန့်တော်မူ၏။
စည်းဝေးသောသူအပေါင်း တို့သည် ပသခါ ပွဲခံ စရာဘို့၊ ယောရှိ မင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံး သောင်းနှင့် နွား သုံး ထောင် ကိုပေး တော်မူ၏။ မှူးမတ် တို့သည်လည်းစေတနာ စိတ်ရှိ၍ လူ များ၊ ယဇ်ပုရောဟိတ်လေဝိ သားတို့အား ပေး ကြ၏။ ဗိမာန် တော်မှူး ဟိလခိဇာခရိယေဟေလ သည်လည်းပသခါ ပွဲခံစရာဘို့ သိုးဆိတ်နှစ်ထောင် ခြောက်ရာနှင့် နွား သုံး ရာကို ယဇ်ပုရောဟိတ် တို့အား ပေး ကြ၏။ လေဝိ သားအကြီးအကဲကောနနိရှေမာယဟာရှဘိယေယေလယောဇဗဒ်နာသနေလ နှင့် သူ ၏ညီ များတို့သည်လည်းပသခါ ပွဲခံစရာဘို့ သိုးဆိတ် ငါး ထောင်နှင့် နွား ငါး ရာကိုလေဝိ သားတို့အား ပေး ကြ၏။ 10  ထိုသို့ ရှင်ဘုရင် အမိန့် တော်အတိုင်းဝတ်ပြုစရာ ပြင်ဆင်၍ ယဇ် ပုရောဟိတ်တို့သည် မိမိ တို့နေရာ ရပ် လေဝိ သားတို့သည် မိမိ တို့ အမှု ကို ဆောင်ရွက် ကြ၏။ 11  ပသခါ သိုးသငယ်ကိုသတ် ယဇ် ပုရောဟိတ်တို့ သည် အသွေးကို လက် နှင့် ဖြန်း လျက်လေဝိ သားတို့သည် အရေ ကိုခွာလျက် ပြုကြ၏။ 12  မောရှေ ကျမ်းစာ ရေး ထားသည်အတိုင်းထာဝရဘုရား အား ပူဇော် စရာဘို့ လူ များအဆွေအမျိုး အလိုက် အသီးအသီး တို့အား ပေး ဝေခြင်းငှါမီးရှို့ ရာယဇ်များ နှင့် နွား များကို ခွဲ ထားကြ၏။ 13  ထုံးဖွဲ့ တော်မူသည်အတိုင်းပသခါ သိုးသငယ်ကို မီး နှင့် ကင် ကြ၏။ သန့်ရှင်း သော ပူဇော်သက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရား ပြုတ် လူ အပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။ 14  ထိုနောက်မှ ကိုယ် အဘို့ နှင့် ယဇ်ပုရောဟိတ် အဘို့ ကို ပြင်ဆင် ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့ သည် ညဦး တိုင်အောင် မီးရှို့ ရာယဇ်နှင့် ဆီဥ ကိုပူဇော် လျက် နေရသောကြောင့်လေဝိ သားတို့သည် ကိုယ် အဘို့ ကို၎င်းအာရုန် သား ယဇ်ပုရောဟိတ် အဘို့ ကို၎င်း ပြင်ဆင် ကြ၏။ 15  ဒါဝိဒ် နှင့် ရှင်ဘုရင် ၏ ပရောဖက် အာသပ်ဟေမန်ယေဒုသုန် တို့စီရင် သည်အတိုင်းအာသပ် အမျိုးသား သီချင်းသည် တို့သည် မိမိ တို့နေရာ ရှိကြ၏။ တံခါး စောင့် တို့သည် မိမိ တို့အမှု ကို ရှောင်တံခါး ရှိသမျှတို့ ကိုစောင့်ကြ၏။ သူ တို့ညီအစ်ကို လေဝိ သားတို့သည် သူ တို့အဘို့ ပြင်ဆင် ကြ၏။ 16  ထိုသို့ ယောရှိ မင်းကြီး မိန့် တော်မူသည်အတိုင်း ပသခါ ပွဲကိုခံ ထာဝရဘုရား ၏ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော် ခြင်းငှါ၊ ထာဝရ ဘုရားအား ပြု ရ သော ဝတ်အလုံးစုံ ကို၊ ထို နေ့ ခြင်းတွင် ပြင်ဆင် ကြ၏။ 17  စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ထိုအခါ ပသခါ ပွဲကို၎င်း၊ အဇုမ ပွဲ ကို၎င်း ခုနစ် ရက် ပတ်လုံးခံ ကြ၏။ 18  ယောရှိ မင်းနှင့် ယဇ်ပုရောဟိတ်လေဝိ သား၊ စည်းဝေးသောယုဒ ပြည်၊ ဣသရေလ ပြည်သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ခံ သော ထို ပသခါ ပွဲကဲ့သို့ သော ပွဲကို ပရောဖက် ရှမွေလ လက်ထက် မှစ၍ ဣသရေလ နိုင်ငံ၌ ခံ။ထိုသို့သော ပသခါ ပွဲကို ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံ 19  ယောရှိ မင်းနန်းစံ ဆယ် ရှစ် နှစ် တွင်ထို ပသခါ ပွဲကိုခံ ကြ၏။ 20  ထိုနောက်မှယောရှိ သည် ဗိမာန် တော်ကို ပြင်ဆင် ပြီးမှအဲဂုတ္တု ရှင်ဘုရင် နေခေါ သည် ဥဖရတ် မြစ်နားခါခေမိတ် မြို့သို့ စစ်ချီ သည်တွင်ယောရှိ မင်းသည် ဆီးတား ခြင်းငှါ ထွက် လေ၏။ 21  အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒ ရှင်ဘုရင်သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့် ကို ယနေ့ ငါ စစ်ချီ သည်မ ဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါ အလျင် အမြန်ပြ မည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ ဘက်၌ ရှိသောဘုရားသခင် ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့် ကိုဖျက်ဆီး တော်မူမည်ဟု သံတမန် ကို စေလွှတ် မှာ လိုက်လေ၏။ 22  သို့ရာတွင် ယောရှိ သည် မ လွှဲ မရှောင်၊ နေခေါ ဆင့်ဆို သော ဘုရားသခင် ၏ အမိန့် တော်ကို နား ထောင်၊ စစ်တိုက် ခြင်းငှါ ခြားနားသော အယောင် ကို ဆောင်လျက်မေဂိဒ္ဒေါ ချိုင့် စစ် ပွဲထဲသို့ ဝင် လေ၏။ 23  လေးသူရဲတို့သည် ယောရှိ မင်းကြီး ကိုပစ်၍ မှန် သဖြင့်၊ မင်းကြီး က ငါ့ ကိုဆောင် သွားလော့။ ပြင်းစွာ အထိအခိုက် ခံရသည်ဟု ကျွန် တို့အား ဆို လျှင် 24  ကျွန် တို့သည် ရထား တော်ပေါ်က ချ ၍၊ ဒုတိယ ရထား တော်ပေါ် ၌ တင် ပြီးလျှင်ယေရုရှလင် မြို့သို့ ဆောင်သွား သောအခါအနိစ္စ ရောက်၍ ဘိုးဘေး တို့ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ယောရှိ မင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။ 25  ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက်ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။ 26  ယောရှိ ပြုမူသော အမှုအရာ ကြွင်း လေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေး ထားသည် အတိုင်း ကျေးဇူး ပြုခြင်း၊ 27  အကျင့်ကျင့်ခြင်းအရာအစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ရေး ထားလျက် ရှိ၏။