36
ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။ ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး စိုးစံ လေ၏။ ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။ အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်းယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင်ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။ ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ ထိုကြောင့်ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါသံကြိုး ဖြင့် ချည်နှောင် လေ၏။ ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ဗာဗုလုန် မြို့ ဗိမာန် ထား လေ၏။ ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။ ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။ 10  နှစ် လည် သောအခါနေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။ 11  ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ 12  ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ 13  ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်းမိမိ လည်ပင်း ကို၎င်းမိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။ 14  ထိုမှတပါးယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်းအလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။ 15  ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့်စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊ 16  ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊ 17  ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနားရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။ 18  ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်းဗိမာန် တော်ဘဏ္ဍာနန်းတော် ဘဏ္ဍာမှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်းဗာဗုလုန် မြို့သို့ ယူ သွား၏။ 19  ဗိမာန် တော်ကိုလည်း မီးရှို့ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။ 20  ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍သူတို့သည် ပေရသိ နိုင်ငံ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။ 21  ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။ 22  ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင်ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍ 23  ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကားကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။